ဂရိနိုင်ငံမှာ မနေ့က ကျင်းပခဲ့တဲ့ HELLAS OPEN 2019 ပြိုင်ပွဲ ဗိုလ်လုပွဲမှာ ကြက်တောင်အားကစားမယ် သက်ထားသူဇာဟာ မလေးရှားကစားသမား ကီဆိုနာကို ၂ ပွဲပြတ် ရှုံးနိမ့်ပြီး ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရပါတယ်။
ဗိုလ်လုပွဲမှာ သက်ထားသူဇာဟာ ကီဆိုနာကို ၁၄-၂၁၊ ၉-၂၁ နဲ့ ရှုံးနိမ့်ခဲ့တာပါ။
သက်ထားသူဇာက ဆီမီးဖိုင်နယ်မှာ ပြင်သစ်ကစားသမား လီအိုနိုက်ကို အနိုင်ယူပြီး ဗိုလ်လုပွဲ တက်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။
HELLAS OPEN 2019 ပြိုင်ပွဲကို ဩ ၈ ရက်ကနေ ၁၁ ရက်အထိ ကျင်းပခဲ့တာဖြစ်ပြီး ၁၆ ယောက်အဆင့်မှာ သက်ထားသူဇာဟာ ပိုလန်ကစားသမား ဒါဘာချန်စတာကို နှစ်ပွဲပြတ် အနိုင်ယူပြီး ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့တာပါ။
ကွာတားဖိုင်နယ်မှာတော့ ယူကရိန်းကစားသမား နာတယ်ရာကို နှစ်ပွဲပြတ် အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
မြန်မာ့လက်ရွေးစင် ကြက်တောင်အားကစားမယ် သက်ထားသူဇာဟာ ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ လက်ရှိ အဆင့် ၈၃ မှာ ရပ်တည်နေပါတယ်။
သက်ထားသူဇာဟာ အခုပြိုင်ပွဲပြီးရင် ဘူဂေးရီးယားနိုင်ငံမှာ ဩဂုတ် ၁၂ ရက်နေ့ ကျင်းပမယ့် Bulgarian Open Championship 2019 ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။






0 comments:
Post a Comment