ကမ္ဘာ့ရွှေဈေးစံချိန်တင် မြင့်တက်ချိန်တွင် ပြည်တွင်းငွေ ကြေးဈေးကွက် တည်ငြိမ်ရန်ဆိုကာ သြဂုတ်ပထမပတ်အတွင်း ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များထံမှ ဒေါ်လာငါးသန်းဖိုး ၀ယ်ယူခဲ့သည်။
တစ်ဒေါ်လာလျှင် ၁,၅၁၀ ကျပ်ခန့်ဖြင့် ၀ယ်ယူခြင်း ဖြစ် သည်။ လက်ရှိ ပြည်တွင်းငွေကြေး ဈေးကွက်အတွင်း ဒေါ်လာတန်ဖိုး က တစ်ဒေါ်လာလျှင် ၁,၅၁၀ ကျပ်မှ ၁,၅၁၅ ကျပ်အကြား တည်ငြိမ်နေသည်။
ကမ္ဘာ့ရွှေဈေး ဆက်တိုက် မြင့်တက်ပြီး နိုင်ငံတကာငွေကြေး ဈေးကွက်တွင် ဒေါ်လာတန်ဖိုး လျော့ကျလာခြင်း၊ ယွမ်ငွေတန် ဖိုးကို တရုတ်အစိုးရက လျှော့ချ ခြင်းတို့၏ အကျိုးဆက်အဖြစ် ပြည်တွင်းငွေကြေးဈေးကွက်တွင် လည်း ငွေလဲနှုန်း မတည်ငြိမ်မှုများ ဖြစ်လာနိုင်ပြီး ယင်းအခြေအနေ ကို ကာကွယ်ရန် ဗဟိုဘဏ်က ဒေါ်လာဝယ်ယူခြင်း ဖြစ်နိုင် ကြောင်း စီးပွားရေးလုပ်ငန်းရှင် အချို့က သုံးသပ်သည်။
ဗဟိုဘဏ်က ပြည်တွင်းငွေ ကြေးဈေးကွက်တွင် ငွေလဲနှုန်း တည်ငြိမ်ရေးကို ဦးတည်ပြီး ဒေါ်လာကို အရောင်းအ၀ယ်ပြုလုပ် ပေးခြင်းဖြစ်သည်ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက ပြော သည်။
ပြည်တွင်းငွေလဲနှုန်းတည် ငြိမ်ရေး ပို့ကုန်၊ သွင်းကုန်လုပ် ငန်းများအပါအ၀င် စီးပွားရေး လုပ်ငန်းရှင်များအတွက် လိုအပ် ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအ သင်းချုပ် ဗဟိုအလုပ်အမှုဆောင် ဦးမျိုးသူရအေးက ပြောသည်။ ငွေလဲနှုန်း တည်ငြိမ်မှုမရှိလျှင် ကုန်သွယ်ရေးအပါအ၀င် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရခက်သည် ဟု ၎င်းက ဆိုသည်။
ဇူလိုင်လဆန်းက ပုဂ္ဂလိက ဘဏ်များထံမှ ဒေါ်လာ ၁၀ သန်း ကို ဈေးကွက်ပေါက်ဈေးဖြင့် ၀ယ်ယူပြီးနောက် သြဂုတ်တွင် ပထမ အကြိမ် ဗဟိုဘဏ်က ဒေါ်လာပြန်လည်ဝယ်ယူခြင်းဖြစ်သည်။
7Day






0 comments:
Post a Comment