Friday, August 23, 2019

ပဲခူးတိုင်းရှိ လျှပ်စစ်ဖြန့်ဖြူးရေးကုမ္ပဏီတစ်ခု ဒေါ်လာ ၁၅ သန်းကျော်ကြွေးကျန်ဟု လွှတ်တော်ကော်မတီပြော

ပဲခူးတိုင်းအတွင်း လျှပ် စစ်ဖြန့်ဖြူးရေးလုပ်ငန်း လုပ်ကိုင် နေသည့် ရွှေစွမ်းအင်ကုမ္ပဏီက  အကြွေးကျန် ကန်ဒေါ်လာ ၁၅ သန်းကျော် ပေးသွင်းရန်ကျန်ရှိနေ ကြောင်း ပြည်ထောင်စုလွှတ် တော် ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီအဖွဲ့ဝင်များက ပြောသည်။

ကျန်ရှိသည့် ဒေါ်လာ ၁၅ ဒသမ ၅ သန်းကို ၂၀၁၉ ဒီဇင် ဘာလကုန်အထိ အရစ်ကျ  အကျေပေးဆပ်ရန် ရွှေစွမ်း အင်ကုမ္ပဏီနှင့် ဗဟိုဘဏ်အပါ အ၀င် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနတို့ သဘောတူညီချက်ရထား ပြီးဖြစ်သည်ဟု ပြည်ထောင်စု စာရင်းစစ်ချုပ်၏ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အစီရင်ခံစာပါ ပြည် သူ့ငွေစာရင်းပူးပေါင်း ကော်မတီ လေ့လာတွေ့ရှိချက် အစီရင်ခံစာ တွင် ဖော်ပြထားသည်။
‘‘၀န်ကြီးဌာနမှာရှိတဲ့လူတွေ က ကုမ္ပဏီတွေနဲ့စာချုပ်ကို ဟိုက အခက်အခဲရှိလို့ ပြင်ချင်တယ် ပြောလိုက်၊ ပြန်ပြင်ချုပ်ပေးလိုက်၊ ထပ်ကာထပ်ကာ ပြင်ချုပ်၊ ပြင် ချုပ်ရင်းနဲ့ အကြွေးတွေဟာ တ ဖြည်းဖြည်းတဖြည်းဖြည်း တင် လာတာ’’ဟု ပြည်ထောင်စုလွှတ် တော်ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီအဖွဲ့ဝင် ရေးမြို့နယ်  အမျိုးသားလွှတ်တော်အမတ်  ဦးမျိုးဝင်းက ရှင်းပြသည်။
လက်ရှိတွင် ကုမ္ပဏီကပေး သွင်းရမည့် အကြွေးကျန်များအ တွက် ကျသင့်သည့် အတိုးရော အရင်းပါ နိုင်ငံတော်ကကိုယ်စား  ပေးချေနေရခြင်းကြောင့် နစ်နာ ဆုံးရှုံးမှုများဖြစ်ပေါ်နေကြောင်း  သံတောင်ကြီးမြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် နော် ခရစ္စထွန်းက 7Day Dailyသတင်း စာအား ပြောသည်။
ယင်းကုမ္ပဏီက ၂၀၀၈ တွင် သံတောင်ကြီးနှင့် တောင်ငူမြို့ နယ်စပ်ရှိ  သောက်ရေခပ်(၂) ရေ အား လျှပ်စစ်စီမံကိန်းအကောင် အထည်ဖော်ရန် ချေးယူခဲ့သည့်  ချေးငွေကန်ဒေါ်လာ ၁၈ ဒသမ ၅သန်းအနက် ဒေါ်လာ ၃ ဒသမ ၀ သန်းကို  ယခုနှစ်ဧပြီနှင့်မေလအ တွင်းမှသာ နိုင်ငံတော်သို့ပေး သွင်းခဲ့ကြောင်း ၎င်းက ဆိုသည်။
ထို့အပြင် ယင်းစီမံကိန်းနှင့် ပတ်သက်၍ နိုင်ငံတော်က ဆုံးရှုံး မှုများစွာ ဖြစ်ပေါ်နေခြင်းကြောင့် ကုမ္ပဏီနှင့် လျှပ်စစ်နှင့်စွမ်းအင်  ၀န်ကြီးဌာနအကြား ချုပ်ဆိုခဲ့ သည့် BOT စာချုပ်ကိုလည်း ပြန် လည်ပြင်ဆင်ချုပ်ဆိုရန် လိုအပ် ပြီး အဆိုပါစီမံကိန်းဆောင်ရွက် စဉ်က ပျက်စီးဆုံးရှုံးခဲ့သည့် ဥယျာဉ်ခြံမြေများနှင့်လမ်းတံတား  များအတွက် လျော်ကြေးငွေရရှိရေး  ပွင့်လင်းမြင်သာစွာဆောင်ရွက်ပေးရန် လိုအပ်ကြောင်း နော်ခရစ္စထွန်းက မှတ်ချက်ပြုသည်။
လက်ရှိတွင် ရွှေစွမ်းအင် ကုမ္ပဏီသည် ပဲခူးတိုင်း ခြောက်မြို့နယ်၌ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ခွင့်ရရှိထားသည်။
7Day

0 comments:

Post a Comment