Monday, August 5, 2019

ဘီးလင်းမြစ်ရေတက်မှုကြောင့် ကယ်ဆယ်ရေစခန်း ၁၉ခု ဖွင့်ထားရ

Image may contain: sky, outdoor, water and nature
မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် ဘီးလင်းမြစ်ရေ တက်မှုကြောင့် ကယ်ဆယ်ရေးစခန်း ၁၉ ခု ဖွင့်လှစ်ထားကာ ရေဘေး ဒုက္ခသည် နှစ်ထောင်နီးပါးအထိ ရှိလာကြောင်း သတင်းရရှိသည်။

ဘီးလင်းမြစ်၏ စိုးရိမ်ရေမှတ် ၁၀၂၂ စင်တီမီတာ သို့ရောက်ရှိရန် ကိုးစင်တီမီတာခန့်သာ လိုတော့ကြေင်း ယနေ့ နံနံ ၇ နာရီက တိုင်းတာချက်အရ သိရသည်။
ကယ်ဆယ်ရေးစခန်းများသို့ အိမ်ထောင်စု ၃၈၀ မှ လူဦး ရေ ၁၈၀၀ ကျော် ရောက်ရှိနေကြောင်း ဘီးလင်းမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦးက ဆိုသည်။
ဘီးလင်းမြစ်ရေကြီးမှုကို နှစ်စဉ် ကြုံတွေ့ရသော်လည်း ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က အဝေးပြေးလမ်းမများ ခေတ္တပိတ်လိုက်ရပြီး လူသုံးဦး သေဆုံးခဲ့ကာ ရေဘေးကယ်ဆယ်ရေးစခန်း ၄၃ ခုထိ ဖွင့်လှစ်ခဲ့ရသည်။ 
Image may contain: sky, mountain, tree, outdoor, nature and water
သတင်း-သက်သန္တာလှိုင်
ဓာတ်ပုံ-စောအောင်မင်းဦး

0 comments:

Post a Comment