
၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၄ ရက်နေ့ ၁၆း၄၅ အချိန် ကလေးမြို့နယ်၊ လက်ပံချောင်းကျေးရွာနေ မင်းထန်ဇားဝါ (၄၁) နှစ်၏ နေအိမ်သို့ ကလေးခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ဦးစီးပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါးတစ်စုံတစ်ရာ ရှာဖွေတွေ့ရှိခြင်းမရှိဘဲ အိပ်ခန်း အတွင်းရှိ အိမ်သာမျက်နှာကျက်ပေါ်မှ ပွိုင့် ၂၂ သေနတ်အရှည် ၁ လက် (စနိုက်ပါတပ်လျက်)၊ ၎င်းကျည်အိမ် ၁ ခု၊ ကျည် ၁၁ တောင့်၊ နှစ်လုံးပြူးပြောင်းရှည် ၁ လက်၊ ၎င်းကျည် ၃၉ တောင့်၊ လေသေနတ် ၂ လက်(အတို ၁၊ အရှည် ၁)၊ လေသေနတ်ကျည် ၂၀၀၀ တောင့်၊ ဂက်(စ်) ပစ္စတို ၂ လက်၊ ဂက်(စ်)ဗူး ၈၅ ဗူး၊ ဘောစေ့ ၈၀၀ လုံးစီပါ ၃ ဗူး၊ စနိုက်ပါမှန်ပြောင်း ၄ ခု(အတို ၁၊ အရှည် ၃)၊ မှန်ပြောင်း ၂ ခု၊ တရုတ်နိုင်ငံထုတ် လမ်းလျှောက် စကားပြောစက် ၆ လုံး၊ အားသွင်းခုံ ၄ ခုနှင့် သေနတ်အိတ် ၄ ခုတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မင်းထန်ဇားဝါ(ဖမ်းမိ)အား ကလေးမြို့မရဲစခန်း (ပ)၁၆၂၆/၂၀၁၉၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ) ဖြင့် လည်းကောင်း၊(ပ)၁၆၂၇/၂၀၁၉၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ ဖြင့်လည်းကောင်း အမှုဖွင့်စုံစမ်းလျက်ရှိ ကြောင်း သတင်းရရှိပါသည်။
- ပြည်ထဲရေး
( အကုန်သိ သတင်းဌာန )






0 comments:
Post a Comment