စုဆောင်းထား သော ငွေကြေးပစ္စည်းများအပေါ် အရင်းတည်၍ ပါတီထူထောင် ခြင်းဖြစ်ကြောင်း ပြောထားသည့် သူရဦးရွှေမန်း၏ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီသည် တရားဝင် တည်ထောင်ခွင့်ရပြီး နောက် လေးလအတွင်း မြို့နယ် ပါတီရုံးခွဲ ၂၀၀ ခန့်ဖွင့်လှစ်နိုင်ပြီ ဖြစ်သည်။
‘‘ပါတီအနေဖြင့် ငွေကြေးတင်မဟုတ်ပါဘူး။ လူပုဂ္ဂိုလ်ပါ ရင်းနှီးမြှုပ်နှံထားပါတယ်။ မိမိရရှိထားတဲ့ အတွေ့အကြုံ၊ မိမိဘ၀။ အဲဒီအတိုင်းပဲ မိမိစုဆောင်းထားရှိတဲ့ ငွေကြေးပစ္စည်းများကို အရင်းတည်ပြီးတော့ ပါတီကိုထူ ထောင်ပါတယ်’’ ဟု သူရဦးရွှေ မန်းကပြောသည်။
ပါတီတည်ထောင်ခွင့်ရ သည့် လေးလပြည့်ချိန် သြဂုတ်လ ၄ ရက်က နေပြည်တော်ရှိ ဇမ္ဗူ သီရိမြို့နယ် တော်ဝင်ရတနာလမ်း အိမ်နံပါတ် (A-3) တွင် မီဒီယာ များနှင့်တွေ့ဆုံကာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ် ပါတီ၏ ဘဏ္ဍာရေးနှင့် နိုင်ငံအနှံ့ထူ ထောင်ထားနိုင်မှု အခြေအနေများ ကို သူရဦးရွှေမန်းက ထိုသို့ထည့် သွင်းပြောကြားသည်။
‘‘ပြီးတဲ့အခါမှာ ဒီပါတီဟာ ပြည်ထောင်စုအတွက်၊ နိုင်ငံသား များအတွက် တည်ထောင်တဲ့ပါတီ ဖြစ်တဲ့အတွက် ဒီပါတီကိုယုံကြည် တဲ့သူတွေ ဒီပါတီနဲ့ဆောင်ရွက်လို သူများရဲ့ ငွေကြေးအပါအ၀င် တ ခြားအကူအညီများ ရယူပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်မိုလို့ ကိန်းဂဏန်းဆို တာထက် ပါတီရဲ့ငွေကြေးအပေါ် မှာ၊ လူပုဂ္ဂိုလ်အပေါ်မှာ ရင်းနှီး ဆောင်ရွက်မှုတွေက ဒီလိုရှိတယ် လို့ ဖြေချင်ပါတယ်’’ဟုဦးရွှေမန်းကပြောသည်။
ထို့အပြင် လက်ရှိပါတီဝင် လူအင်အား နှစ်သိန်းခန့်ရှိကာ မြို့နယ်ပါတီရုံးခွဲ ၂၀၀ ခန့် ဖွင့် လှစ်ထားပြီးဖြစ်သည့်အပြင် ရပ် ကျေးရုံးများကိုလည်း ထပ်မံဖွင့် လှစ်ရန် ပြင်ဆင်ဆောင်ရွက်နေ သည်ဟု ၎င်းကဆိုသည်။
ပါတီအတွင်း လူငယ်များ၏ပါဝင်မှု အလွန်နည်းနေသေး သဖြင့် လူငယ်များပိုမိုပါဝင်လာ နိုင်ရန် ဦးဆောင်အဖွဲ့ကို ဦးစီး ဆောင်ရွက်ရန် မှာကြားထား သည်ဟု ဦးရွှေမန်းကဆိုသည်။
‘‘ဒါကြောင့်မို့ လူငယ်တွေကို တာဝန်ပေးဖို့၊ နေရာပေးဖို့၊ လေ့ ကျင့်ပေးဖို့လိုတယ်။ အဲဒီလိုဆိုရင် လူငယ်တွေပါတီထဲကို ၀င်ပါ။ ၀င်အောင်လည်း ဦးဆောင်အဖွဲ့ ကနေပြီး ဦးစီးဆောင်ရွက်ပါလို့မှာထားပါတယ်’’ ဟု ၎င်းကဖြည့် စွက် ပြောကြားသည်။
တပ်မတော် အစိုးရလက် ထက်တွင် နံပါတ်(၃) ခေါင်း ဆောင်ဟု လူသိများသူ၊ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌ တာဝန်ယူဖူးသူ သူရ ဦးရွှေမန်းအနေဖြင့် ၎င်း၏ပါတီ သစ် တည်ထောင်ခွင့်ကျပြီး နောက် ယခုကဲ့သို့ ပါတီရုံးခွဲများ အချိန်တိုအတွင်း ဖွင့်လှစ်နိုင် သည်မှာ မထူးဆန်းကြောင်း နိုင်ငံ ရေး လေ့လာသုံးသပ်သူ ဦးမောင် မောင်စိုးက ပြောသည်။
ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌအဖြစ်မှ ၂၀၁၅ အတွင်း ထုတ်ပယ်ခံရစဉ် ကတည်းက ကြိုတင်ပြင်ဆင်ခြင်း ဖြစ်နိုင်ကြောင်း ၎င်းကသုံးသပ် သည်။
‘‘သူဘာဆက်လုပ်မယ်ဆို တာ သူကြိုပြင်ထားတယ်နဲ့တူပါ တယ်။ အဲဒီကာလကတည်းကကြို ပြင်ထားတာကို အခုထုတ်ပြတာ ပဲလို့ ထင်ပါတယ်’’ ဟု ဦးမောင် မောင်စိုးက မှတ်ချက်ပြုသည်။
လွှတ်တော်နှင့် နိုင်ငံရေးဆိုင် ရာအချက်အလက်များ လေ့လာ စောင့်ကြည့် မှတ်တမ်းတင်သည့် အာနန္ဒာအဖွဲ့ ဒါရိုက်တာ ကိုထင် ကျော်အေးကမူ ၂၀၁၀ ကစတင် သည့် ဒီမိုကရေစီ အသွင်ကူး ပြောင်းကာလများအတွင်း မြန်မာ နိုင်ငံ၌ အထွေထွေရွေးကောက်ပွဲ နှစ်ကြိမ် ဖြတ်သန်းပြီးချိန်အထိ နိုင်ငံရေးပါတီများ၏ ဘဏ္ဍာရေး ကဏ္ဍ ပိုမိုပွင့်လင်းမြင်သာမှုရှိ စေရန် သက်ဆိုင်ရာ ဥပဒေများ ဖြင့် လုံလောက်မှုမရှိသည်ကိုထင် ရှားစွာတွေ့ရကြောင်း သုံးသပ် ထားသည်။
‘‘နိုင်ငံရေးပါတီတွေရဲ့ ၀င် ငွေနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ အ သုံးစရိတ်နဲ့ပတ်သက်လို့ပဲဖြစ်ဖြစ် ကောင်းကောင်း မစိစစ်နိုင်တာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ တွေ့ခဲ့ရပြီးသား’’ ဟု ၎င်းကပြော သည်။ ထို့ကြောင့် ပါတီများ၏ ဘဏ္ဍာရေးကဏ္ဍ ပိုမိုပွင့်လင်းမြင်သာမှုရှိလာရေး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင် ဆင်ပြဋ္ဌာန်းသင့်ကြောင်း ၎င်းက အကြံပြုသည်။
ရွေးကောက်ပွဲဆိုင်ရာ ပြည် သူ့လှုပ်ရှားမှုအဖွဲ့ အမှုဆောင်ဒါ ရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်က နိုင်ငံရေးပါတီများ၏ ဘဏ္ဍာရေး ဆိုင်ရာ ပွင့်လင်းမြင်သာမှုအား နည်းခြင်းကြောင့် နိုင်ငံ ရေးနှင့် ငွေကြေးရှုပ်ထွေးမှုများရှိ လာနိုင် ကြောင်း သုံးသပ်သည်။
‘‘သူဌေးကြီးတွေ၊ ပိုက်ဆံရှိ တဲ့လူတွေက အာဏာရှိတဲ့လူ တန်းစားကိုဝယ်ပြီးတော့ သူတို့လို ချင်တဲ့မူဝါဒကို လုပ်ခိုင်းတာမျိုး ပေါ့’’ ဟု ၎င်းက ပြောသည်။ ထို သို့ ရှုပ်ထွေးမှုများကို အိမ်နီး ချင်း အိန္ဒိယ၊ မလေးရှားစသည့် နိုင်ငံ များတွင် တွေ့မြင်နိုင်သည်ဟု ဆို သည်။
တည်ဆဲနိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပ ဒေများအရ ပါတီတစ်ရပ်၏ ငွေ ကြေးနှင့် ပိုင်ဆိုင်မှုဆိုင်ရာစာရင်း များကို စစ်ဆေးရန် လိုအပ်လျှင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စစ်ဆေးနိုင်သည်ဟု သာ ပြဋ္ဌာန်းထားသည်။ ‘‘တိုင် ကြားလို့ဖြစ်ဖြစ်၊ တစ်နည်းနည်းနဲ့ ဖြစ်ဖြစ်ပေါ့။ လိုအပ်လာရင်တော့ စစ်ပါလို့ပြောတာ၊ လိုအပ်လာပြီလို့ တွေ့ရှိလာရင်စစ်ဖို့ အခွင့်အာဏာပေးထားတာ’’ ဟု ကော်မရှင်အဖွဲ့ဝင်ဦးမြင့်နိုင်က ပြီးခဲ့သည့် လအတွင်း 7 Day Daily သတင်း စာအား ရှင်းပြထားသည်။
ထို့အတူ တည်ဆဲဥပဒေ သတ်မှတ်ချက်များ ပြင်ဆင်ရန် လိုအပ်ပါ က နိုင်ငံရေးပါတီများ၏ သဘောထား ရယူဆောင်ရွက်မည်ဟု ပြောထားသည်။ လက်ရှိအချိန်ထိ မြန်မာနိုင်ငံ၌ တည်ဆဲနိုင်ငံ ရေးပါတီ ၉၂ ခုရှိသည်ဟု ပြည် ထောင်စုရွေးကောက်ပွဲ ကော်မ ရှင်စာရင်းများက ဆိုသည်။
7Day






0 comments:
Post a Comment