Friday, August 2, 2019

လျှပ်စစ်ဝန်ကြီး ၂ ဦး၏ ဘဏ်စာရင်း အဂတိတိုက်ဖျက်ရေးကော်မရှင်ထံ ဗဟိုဘဏ် ပေးပို့ထား

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ဒုဝန်ကြီး တို့ရဲ့ ဘဏ်စာရင်းအချက်အလက်တွေကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ ပေးပို့ထားတယ်လို့ ဗဟိုဘဏ် ဒုဥက္ကဋ္ဌက ပြောပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကနေ စုံစမ်းနေတဲ့အမှုနဲ့ပတ်သက်ပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ဒုတိယဝန်ကြီးအပါအဝင် ဇနီးဖြစ်သူတွေရဲ့ အမည်နဲ့ ဘဏ်တွေမှာ မြန်မာကျပ်ငွေ၊ နိုင်ငံခြားသုံးငွေတွေနဲ့ ငွေစာရင်းဖွင့်ထားတာ ရှိ၊ မရှိ စိစစ်အကြောင်းပြန်ပေးဖို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို အကြောင်း ကြားထားတာပါ။
ဒါနဲ့ပတ်သက်ပြီး သြဂုတ် ၂ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းဝေးအပြီးမှာ မီဒီယာတွေရဲ့ မေးမြန်းချက်တွေကို ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးစိုးသိန်းက အခုလိုပြန်လည်ဖြေဆိုခဲ့တာပါ။
“ငွေကြေးခဝါချမှု၊ အဂတိတိုက်ဖျက်ရေး၊ လူကုန်ကူးတို့ သူတို့ကနေ စာရင်းတွေတောင်းရင် ဘဏ်တွေကို ဖြန့်ပြီးတောင်းပေးတာ။ ရတဲ့ဟာတွေကို အဲဒီအဖွဲ့အစည်းတွေကို ပြန်ပေးတာပဲ။ ကျနော်တို့ရဲ့ လုပ်ငန်းတာဝန်က ဒါပဲ။ ကျနော်တို့က ကျန်တာ မသိဘူး၊ ဒေတာ တောင်းရင် ကျနော်တို့က ဒေတာ ပေးလိုက်တာပဲ။ ပြန်ပေးပြီးပါပြီ၊” 
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးဝင်းခိုင်ဟာ  နှလုံးကျန်းမာရေး အခြေအနေအရ ပြီးခဲ့တဲ့ ဇွန်လဆန်းကတည်းက ဆေးခွင့်တင်ပြီး ရုံးပြန်မတက်နိုင်သေးဘဲ  အနားယူနေတာ ဖြစ်ပါတယ်။
DVB

0 comments:

Post a Comment