နျူကလီးယားလက်နက်နဲ့ ပဲ့ထိန်းပစ်ဒုံးကျည် စီမံကိန်းတွေကို အပြီးသတ် စွန့်လွှတ်ပြီးတဲ့အထိ မြောက်ကိုရီးယားအပေါ် ဆက်ပြီးပိတ်ဆို့ဒဏ်ခတ်ထားဖို့ လိုတယ်လို့ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီ နိုင်ငံတို့က သြဂုတ်လ ၁ ရက်မှာ ပြောလိုက်ပါတယ်။
ဒါ့အပြင် မြောက်ကိုရီးယားအနေနဲ့ အမေရိကန်နဲ့ ဆွေးနွေးပွဲတွေ ပြန်စဖို့ကိုလည်း တိုက်တွန်းတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ် ကယ်ရင်ပီယာက ကုလသမဂ္ဂဆိုင်ရာ ပြင်သစ် သံအမတ်၊ ကုလသမဂ္ဂဆိုင်ရာ ဂျာမနီ သံအမတ်တို့နဲ့အတူ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ လက်ရှိ ဒုံးကျည်စမ်းသပ်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ တံခါးပိတ် အစည်းအဝေး ကျင်းပခဲ့ပြီးနောက် ကယ်ရင်ပီယာက အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
DVB






0 comments:
Post a Comment