
မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ရှိ တောင်ပြိုလက်ဝဲ ပြန်လည် လက်ခံရေးစခန်းမှ အသင့်ပြင်ဆင် စောင့်ဆိုင်းခဲ့ကြသော်လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ နေရပ်စွန့်ခွာသူများ ပြန်လည်ဝင်ရောက်လာခြင်း မရှိကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ နှစ်နိုင်ငံ သဘောတူညီချက်အရ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကိစ္စရပ်များကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၃ ရက်မှ စတင်ကာ အဆင်သင့်အနေထားဖြင့် လိုအပ်သည်များကို ကြိုတင် ဆောင်ရွက်ထားရှိပြီးဖြစ်သည်။
၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၅ ရက် ကလည်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်အောင်သူနှင့် ဦးစိုးအောင်၊ ရခိုင်ပြည်နယ် လုံခြုံရေး နှင့်နယ်စပ်ရေးရာ ဝန်ကြီးနှင့် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ် ရေး ဝန်ကြီးတို့ ဦးဆောင်သော အဖွဲ့သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာသူများ ပြန်လည် ပို့ဆောင်မည်ဟု အကြောင်း ကြားချက်အရ တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံ ရေးစခန်း၊ ငါးခူရ ပြန်လည်လက်ခံရေး စခန်းနှင့် လှဖိုးခေါင် ကြားစခန်းများသို့ သွားရောက် ကာ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည် နေရာချ ထားရေးကိစ္စရပ်များကို သွားရောက်ဆောင်ရွက်ခဲ့သော်လည်း ပြန်လည် ဝင်ရောက်လာခြင်းမရှိခဲ့ခြင်းဖြစ်သည်။

Credit : MOI






0 comments:
Post a Comment