
လာမည့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကို ဟန်ပြရွေးကောက်ပွဲ မဟုတ်ဘဲ စံပြရွေးကောက်ပွဲဖြစ်အောင် ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဖြစ်သူ ဦးလှသိန်း ကပြောသည်။
“ဒီမိုကရေစီရှိရင် ရွေးကောက်ပွဲရှိကိုရှိရမယ်။ဒီရွေးကောက်ပွဲဟာ ကျွန်တော်တို့ ပြောတဲ့ အများယုံကြည်လေးစားလက်ခံတဲ့ ရွေးကောက်ပွဲကြိးမဟုတ်ရင်တော့ ရွေးကောက်ပွဲကြီးက သမာသမတ်မရှိဘူးဆိုရင်တော့ အလကားဟန်ပြရွေးကောက်ပွဲကြီးဖြစ်ပြီေးတာ့ နေမှာပါ။ကျွန်တော်တို့က ဟန်ပြရွေးကောက်ပွဲမဟုတ်ဘူး။စံပြရွေးကောက်ပွဲဖြစ်အောင်ဆောင်ရွက်မှာပါ”ဟု ဦးလှသိန်းကပြောသည်။
ယနေ့ နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရုံးတွင် ပြုလုပ်သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မရှင်နှင့် နိုင်ငံရေးပါတီများ ညှိနှိုင်း အစည်းအဝေး အဖွင့် မိန့်ခွန်းတွင် ဦးလှသိန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုသို့ ကျင်းပနိုင်ရေးအတွက်လည်း ပြည်တွင်းပြည်ပ ရှိ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များကိုလည်း ဖိတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ ဆွေးနွေးပွဲတွင် နိုင်ငံရေးပါတီ ၈၄ ပါတီမှ တက်ရောက်လာခဲ့ရာ ၎င်း တို့အား ဆွေးနွေးပွဲခေါင်းစဉ်၏ ဘောင်ကိုကျော်၍ ဆွေးနွေးခြင်း မပြုရန် ဦးလှသိန်းက မေတ္တာရပ်ခံခဲ့သည်။
“ဘာကြောင့် ဒီလိုပြောရလဲဆိုရင် အခု အချိန်က လုလုပ်နေရတဲ့ အတွက် အရေးမကြီးတာတွေကို ဆွေးနွေးသွားရင် ကျွန်တော်တို့ ဆွေးနွေးမှာက ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကော်ကပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ပြည်ထောင်စုရွေးကော်ကပွဲကော်မရှင် နဲ့ နိုင်ငံရေးပါတီဆွေးနွေးပွဲ ဒါကြောင့်မို့ ဒါကြောင့် ခေါင်းစဉ်ကို က ၂၀၂၀ ရွေးကောက်ပွဲအောင်မြင်အောင်လုပ်မယ်”ဟု ၎င်း ကပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ပြောကြားမှုအပေါ် ပြည်ခိုင်ဖြိုးပါတီ၏ အလုပ်အမှုဆောင် ဦးလှသိန်းမှ လည်း ဟန်ပြရွေးကောက်ပွဲ မဟုတ်ဘဲ စံပြရွေးကောက်ပွဲဖြစ်အောင် လုပ်ဆောင်မည်ဆိုပါက အလွန်ကောင်းမွန်ကြောင်း ပြောကြားခဲ့သည်။
“ရွေးကောက်ပွဲဥပဒေမှာ ထုတ်ထားတဲ့ ဥပဒေ တွေက အလွန်ကောင်းပါတယ်။ အလွန်ပြည့်စုံပါတယ်။ တချို့ဟာလေးတွေက အနည်းငယ်လိုတာလေးတွေရှိတာပေါ့။အဲ့ဒါလေးတွေ အကုန်လုံးပြုပြင်ပြီဆိုရင် ပယောဂကင်းကင်းပေါ့။လက်ရှိ အစိုးရရဲ့ ပယောဂ ကင်းကင်းနဲ့ တရားဥပဒေကပို တရားဥပဒေ အတိုင်း လုပ်သွားမယ်ဆိုရင်တော့ ပြည်သူနဲ့ တစ်ထပ်တည်းကျတဲ့ ရွေးကောက်ပွဲကြီး ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု ဦးလှသိန်း ကပြောသည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီးတွင် နိုင်ငံတကာရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့ တစ်ထောင်ကျော်နှင့် ပြည်တွင်းမှ တစ်သောင်းကျော် လာရောက်လေ့လာခဲ့ကြောင်း သိရသည်။






0 comments:
Post a Comment