Friday, August 2, 2019

ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ မြန်မာကို အာဆီယံဆက်လက်ကူညီမည်

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ခေါင်းဆောင်ကာ ဘင်္ဂလားဒေ့ရှ် သို့သွားရောက်သော ခရီးစဉ်ကို  အာဆီယံကကြိုဆိုပြီး ရခိုင်ပြည် နယ်အရေးနှင့်ပတ်သက်၍ ဆက် လက်ကူညီမည်ဟု အာဆီယံနိုင်ငံ ခြားရေးဝန်ကြီးများ အစည်း အဝေးအပြီး ပူးတွဲကြေညာချက် ၌ ဖော်ပြသည်။
ဘန်ကောက်မြို့၌ကျင်းပခဲ့ သည့်(၅၂)ကြိမ်မြောက်အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးအပြီးတွင် အပိုဒ်ပေါင်း ၇၈ ခုပါ ပူးတွဲကြေညာချက်ကို ထုတ် ပြန်ခဲ့ရာ မြန်မာနိုင်ငံနှင့်ပတ်သက် ၍ နှစ်ပုဒ်ပါဝင်ခဲ့ပြီးအများစုသည်(၃၄) ကြိမ်မြောက် အာဆီယံထိပ် သီးအစည်းအဝေးအပြီး ထုတ်ပြန် ချက်နှင့်အတူတူပင်ဖြစ်သည်။

‘‘မြန်မာနဲ့ ပတ်သက်တဲ့အ ချက်တွေက ပြီးခဲ့တဲ့ ထိပ်သီးအ စည်းအဝေးကအတူတူပါပဲ။ အာ  ဆီယံက မြန်မာကို ဆက်ကူညီ သွားမယ်လို့ဖော်ပြတယ်။ အချက် နှစ်ခုပဲတိုးတယ်။ ဦးမြင့်သူခေါင်း ဆောင်တဲ့မြန်မာကိုယ်စားလှယ် အဖွဲ့ဘင်္ဂလားဒေ့ရှ်ကို သွားပြီးပြန် လည်လက်ခံရေးလုပ်ငန်းစဉ်တွေ အကြောင်းရှင်းပြတာရယ်၊ မြန် မာအစိုးရ၊ UNHCR၊ UNDP တို့ အကြားနားလည်မှု  စာချွန်လွှာ သက် တမ်းတိုးတာရယ်’’ ဟု နိုင်ငံ ခြားရေးဝန်ကြီးဌာန အာဆီယံ ရေးရာညွှန်ကြားရေးမှူးချုပ် ဦး ဟောက်ခန့်ဆုမ်းက ပြောသည်။ 
ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ သိသာထင်ရှားပြီး  ပိုမိုကောင်းမွန်စေမည့် အခန်း ကဏ္ဍမှ အာဆီယံက မြန်မာနိုင်ငံ ကို ဆက်လက်ကူညီထောက်ပံ့ မည်ဟု ထပ်လောင်းအတည်ပြုပြီး ရေရှည်တည်တံ့သည့်ဖွံ့ဖြိုးမှုများ ကိုမြှင့်တင်ရန်၊  ပြန်လည်လက်ခံ ရေးလုပ်ငန်းစဉ် လွယ်ကူချော မောစေရန်နှင့် လူသားချင်းစာနာ မှုဆိုင်ရာအကူအညီတို့ကို တိုးမြှင့် ပေးမည်ဟု ထုတ်ပြန်ချက်၌ ဖော် ပြသည်။
‘‘ရခိုင်ပြည်နယ်မှာ သာတူ ညီမျှဖွံ့ဖြိုးမှုနဲ့ ရေရှည်တည်တံ့ ရေးအပါအ၀င် အသိုင်းအ၀ိုင်း ပေါင်းစုံအကြား ပြန်လည်သင့် မြတ်ရေး၊ ညီညွတ်ရေးတို့ကိုမြှင့် တင်ဖို့နဲ့ တရားဥပဒေစိုးမိုးရေး၊  တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးတို့ကို ဖြစ်ပေါ်စေဖို့ မြန်မာအစိုးရရဲ့ကြိုး ပမ်းမှုတွေကို အာဆီယံကကူညီ  ပေးဖို့ ကျွနု်ပ်တို့ ထပ်လောင်းအ တည်ပြုခဲ့ပါတယ်’’ ဟုဥက္ကဋ္ဌကြေ ညာချက်၌ ဖော်ပြသည်။
ထို့အပြင် အာဆီယံ၏ ထောက်ခံမှုအပေါ် အခြေခံထား သည့် ကနဦးလိုအပ်ချက်ဆန်းစစ် လေ့လာခြင်း (Preliminary Needs Assessment)ကို ဆောင် ရွက်နေသော အာဆီယံအတွင်း ရေးမှူးချုပ်ရုံး၊ AHA Centre နှင့် မြန်မာအစိုးရအရာရှိများကို  အာ ဆီယံနိုင်ငံများက ကြိုဆိုကြောင်း ထုတ်ပြန်ချက်၌ဖော်ပြသည်။
အာဆီယံသည် ရခိုင်ပြည် နယ်မှ နေရပ်စွန့်ခွာသူများ လုံခြုံ စွာ၊ စိတ်ချစွာ၊ ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ရေး ဖြစ်နိုင်သမျှ ချော မောစေရေးနှင့် ထိရောက်မှုရှိစေ ရေး မြန်မာအစိုးရ၏ ကတိက၀တ် ပြုမှုကို အလေးအနက်ထား ကြောင်း ထုတ်ပြန်သည်။
သို့သော် နေရပ်စွန့်ခွာသူ များပြန်လာရေးအတွက် မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ်အကြား ထိ ရောက်သည့် ဆွေးနွေးပြောဆို ခြင်းနှင့် မြန်မာအစိုးရ၊ UNDP၊ UNHCR တို့အကြားချုပ်ဆိုထား သော သဘောတူညီချက်အတိုင်း  အပြည့်အ၀အကောင်အထည် ဖော်မှုကို ဆက်လက်စောင့်ကြည့်  မည်ဟု အာဆီယံဥက္ကဋ္ဌက ကြေ ညာသည်။
ထို့အပြင်လူသားချင်းစာနာ မှုအကူအညီများ ပေးအပ်ရန်၊  ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေး  ကော်မရှင်၏အပြီးသတ်အစီရင်ခံ စာ အကြံပြုချက်များကို ဆက် လက် အကောင်အထည်ဖော်ရန် အာဆီယံက တိုက်တွန်းမည်ဖြစ် ကြောင်းဖော်ပြထားသည်။

7Day

0 comments:

Post a Comment