Tuesday, June 30, 2020
ရွှေပြည်သာမြို့နယ်တွင် ကလေးငယ်တစ်ဦး ဘောလုံးကစားနေစဉ် လဲကျသေဆုံး
ယနေ့ ညနေပိုင်း၌ ရွှေပြည်သာမြို့နယ် ဏ/၁၄ ရပ်ကွက်တွင် ရပ်ကွက်ဘောလုံးကွင်း၌ ဘောလုံးကစားနေသော လူငယ် မောင်ထူးထူးအောင် (၁၅) နှစ်သည် ရုတ်တရက် အမောဖောက် လဲကျသွားခဲ့ပါသည်။
အခြေခံပညာကျောင်းများပြန်ဖွင့်ခြင်းသည် ကျောင်းသားကျောင်းသူများ သင်ယူမှု အခွင့်အလမ်း မဆုံးရှုံးအောင် ဆောင်ရွက်ခြင်းဖြစ်
အခြေခံပညာအထက်တန်း ကျောင်းများကို ဇူလိုင် ၂၁ ရက်တွင် ပြန်လည်ဖွင့်လှစ်ရန်ပြင်ဆင်လျက်ရှိရာ အခြေခံပညာကျောင်းများပြန်ဖွင့်ခြင်းသည် ကျောင်းသားကျောင်းသူများ သင်ယူမှုအခွင့်အလမ်း မဆုံးရှုံးအောင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။
AA အကြမ်းဖက်သောင်းကျန်းသူများက သပြုချိုင်ကျွန်း၊ လောင်းချောင်းကျေးရွာ၌ ပုဇွန်ကန်စောင့်အလုပ်လုပ်ကိုင်နေသည့် စစ်မှုထမ်းဟောင်း ၁ ဦးအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ သပြုချိုင်ကျွန်း၊ လောင်းချောင်းကျေးရွာ၌ ပုဇွန်ကန်စောင့် အလုပ်လုပ် ကိုင်နေသည့် စစ်မှုထမ်းဟောင်းတစ်ဦးအား ဇွန် ၂၄ ရက်တွင် AA အကြမ်းဖက်သောင်းကျန်းသူများက ဝိုင်းဝန်းရိုက်နှက်၍ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
ချောမောလှပသည့် ရုရှားစစ်သမီးလေးများ
ရုရှတပ်နီတော် (Red Army) မှာ တာဝန်ထမ်းဆောင်နေကြတဲ့ စစ်သမီးတွေဖြစ်ပါတယ်။ စစ်သမီးတွေဟာ သာမန်လက်နက်ကိုင်တပ် (conventional armed force) တွေမှာတာဝန်ထမ်းဆောင်တဲ့သူရှိသလို အထူးတပ်ဖွဲ့ (Spetsnaz) မှာလည်းတာဝန်ထမ်းဆောင်တဲ့သူတွေရှိပါတယ်။
ထိုင်းတွင် COVID-19 အရေးပေါ်အမိန့်ဒီကရီ တစ်လထပ်မံတိုးမြှင့်
ထိုင်းနိုင်ငံတွင် ပြည်တွင်း COVID-19 ကူးစက်မှုအသစ် မတွေ့ရှိသည်မှာ တစ်လကျော်ပြီဖြစ်သော်လည်း COVID-19 နှင့်ပတ်သက်၍ အရေးပေါ်အခြေအနေ အမိန့်ဒီကရီကို ဇူလိုင်လ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်လိုက်သည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ သွားရောက်ခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သော အဖွဲ့ဝင်များနှင့် ပြန်လည်လိုက်ပါလာသူများတွင် COVID-19 ရောဂါပိုးတွေ့ရှိမှု မရှိ(မရှိ)
ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် Victory Day of Great Patriotic War (၇၅)နှစ်မြောက် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင် ၁၅ ဦးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိရန် အခက်အခဲရှိသည့် ပညာတော်သင် သင်တန်း သား၊ သင်တန်းသူ ၂၂ ဦးသည် ဇွန် ၂၅ ရက် ညပိုင်းတွင် နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး သတ်မှတ်ထားသည့်နေရာများ၌ Home Quarantine / Facilities Quarantine စနစ်တကျနေထိုင်ခဲ့သည်။
လေးစားဖွယ်ရာ သန့်ရှင်းရေးဝန်ထမ်း ၂ ဦးကို တာဝန်မပျက်ကွက်ပဲ လုပ်ဆောင်ခဲ့မှုတွေအတွက် ဒေသခံများမှ ဂုဏ်ပြု
သန့်ရှင်းရေးဝန်ထမ်းတွေဆိုတာ မြို့ပြလူနေမှုစနစ်အတွက် မရှိမဖြစ်အရေးပါသူတွေပါ။ တစ်ခါတလေမှာတော့ သူတို့ရဲ့စွမ်းဆောင်မှုတွေက အမေ့လျော့ခံရလေ့ရှိပါတယ်။ ဒါပေမဲ့ အမေရိကန်နိုင်ငံ မိုင်ယာမီကမ်းခြေရဲ့ နော့ခ်ဘေးလမ်းမှာ နေထိုင်သူတွေကတော့ သန့်ရှင်းရေးဝန်ထမ်းတွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ သူတို့အတွက် ဂုဏ်ပြုပွဲကျင်းပပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့မနက်က သန့်ရှင်းရေးဝန်ထမ်း ၂ ယောက် ရောက်လာမယ့်အချိန်မှာ လက်ဆောင်ပစ္စည်းတွေ၊ ဂုဏ်ပြုစာတမ်းတွေနဲ့ ကြိုဆိုခဲ့ကြပါတယ်။
လစာငွေများသွားရောက်ထုတ်ယူသည့် တပ်မတော်ယာဉ်တန်းကို AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်၊ AA အကြမ်းဖက်သောင်း ကျန်းသူအလောင်းတစ်လောင်း သိမ်းဆည်းရမိ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊စစ်တောကျေးရွာအနီးရှိ နယ်မြေခံတပ်မှ အရာရှိ၊စစ်သည်များ၏ လစာငွေများထုတ်ယူရန်အတွက် ကျောက်ဖြူမြို့သို့ထွက်ခွာလာသောတပ်မတော်ယာဉ်တန်းတစ်ခုကို ယနေ့နံနက်ပိုင်းတွင် AA အကြမ်းဖက်သောင်းကျန်းသူများက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။
ဟောင်ကောင်အရေးကိစ္စကို ဝင်ရောက်စွက်ဖက်ခြင်းမပြုကြရန် အီဂျစ်၊ အီသီယိုးပီးယားနှင့် တရုတ်နိုင်ငံတို့မှ အလေးနက်ပြောကြား
တရုတ်နိုင်ငံကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးဝမ်ရီ၊ အီသီယိုးပီးယား နိုင်ငံခြားရေးဝန်ကြီး Gedu Andargachew နှင့် အီဂျစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီး Sameh Shoukry တို့နှင့် ဇွန်လ ၂၉ ရက်နေ့တွင် တယ်လီဖုန်းမှတဆင့် COVID-19 ကူးစက်ရောဂါကိုပူးပေါင်း၍တိုက်ဖျက်ရေးအပါအဝင် ဟောင်ကောင်အရေးနှင့်ပတ်သက်၍ ဝင်ရောက်စွက်ဖက်နေခြင်းတို့ကို ဆန့်ကျင်ရေးတို့နှင့်ပတ်သက်၍ အလေးအနက်ထားပြောကြားခဲ့ကြပါသည်။
ပထမအသုတ် ဓာတ်ခွဲနမူနာ စုစုပေါင်း (၁,၃၃၀)ခုအား စစ်ဆေးရာ COVID-19 ထပ်တိုးလူနာမရှိကြောင်း သတင်းထုတ်ပြန်
၁။ (၃၀-၆-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၅၃၂)ခု၊
- ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၃၁၈) ခု၊
အိန္ဒိယထုတ် COVID-19 ကာကွယ်ဆေးကို လူတွေမှာ ဇူလိုင်လအတွင်း စမ်းသပ်မည်
အိန္ဒိယနိုင်ငံထုတ် COVID-19 ကာကွယ်ဆေးသစ်တစ်မျိုးကို ဇူလိုင်လအတွင်း လူတွေမှာ စမ်းသပ်သွားမယ်လို့ ဆိုပါတယ်။ ဟိုက်ဒရာဘတ်မြို့ အခြေစိုက် ဇီဝနည်းပညာကုမ္ပဏီ Bharat Biotech က အရေအတွက် မဖော်ပြထားတဲ့ ပါဝင်စမ်းသပ်ခံသူတွေကို ကာကွယ်ဆေးစမ်းသပ်သွားမယ်လို့ သိရပါတယ်။ ထိုကာကွယ်ဆေးကို တိရိစ္ဆာန်တွေမှာ စမ်းသပ်ခဲ့မှုအရ ဘေးကင်းစိတ်ချရပြီး ထိရောက်တဲ့ ကိုယ်ခံအားစနစ်တုံ့ပြန်မှု ဖြစ်စေကြောင်း တွေ့ရှိထားပါတယ်။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ အကြား ဆွေးနွေးပွဲအ သစ်နှင့်ပတ်သက်၍ မြောက်ကိုရီးယားဆိုင်ရာ အမေရိကန် သံတမန်မှ သံသယဖြစ်လျက်ရှိ
မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန်သံတမန်မှ နျူကလီးယားဆွေးနွေး ညှိနှိုင်းမှုများနှင့်ပတ်သက်၍တိုးတက်မှုများရရှိရန် မျှော်လင့်နေသော်လည်း အမေရိကန်နိုင်ငံတွင် ရွေးကောက်ပွဲများမပြုလုပ်မီ သမ္မတဒေါ်နယ်ထရန့်နှင့် ခေါင်းဆောင်ကင်ဂျုံအန် တို့အကြား ထပ်မံဆွေးနွေးမည့်အပေါ် သံသယရှိနေကြောင်း ဇွန်လ ၂၉ ရက်နေ့က ပြောကြားခဲ့ပါသည်။
ဒလတံတားစီမံကိန်းလုပ်ငန်းခွင်မှပြုတ်ကျသည့်တရုတ်နိုင်ငံသားအလောင်းပြန်တွေ့
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) မြစ်ကူးတံတားစီမံကိန်းရဲ့ ဘိုးပိုင်တူးဖော်တဲ့ လုပ်ငန်း ဆောင်ရွက်နေစဉ် ရေထဲပြုတ်ကျ ပျောက်ဆုံးခဲ့တဲ့ တရုတ်နိုင်ငံသား အလောင်းကို နှစ်ရက်အကြာ ဒီကနေ့ ဇွန် (၃၀) ရက်၊ မွန်းလွဲပိုင်းက ရှာဖွေတွေ့ရှိပြီ ဖြစ်တယ်လို့ အမှတ် (၃) ရေကြောင်းရဲ ကွပ်ကဲမှု အဖွဲ့ခွဲက ရဲအုပ် ကျော်မိုးဟိန်းက ပြောပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပိတ်ထားတဲ့ ပုပ္ပါးတောင်ကလပ်ကို ဇူလိုင် ၁ ရက်နေ့ ပြန်လည်ဖွင့်လှစ်မည်
ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်ကလပ်ကို ဇူလိုင် ၁ ရက် စတင်ပြီး ကိုဗစ်ကာလ စည်းကမ်းချက်တွေနဲ့အညီ ပြန်လည်ဖွင့်လှစ်တော့မှာဖြစ်တယ်လို့ ပုပ္ပါးတောင်ကလပ် ဂေါပက အဖွဲ့ထံက သိရပါတယ်။
ကချင်မျိုးနွယ်စုနာမည်တွေကို မှားယွင်းဖော်ပြထားလို့ဆိုပြီး သမ္မတရုံးနဲ့ ပညာရေးဝန်ကြီးဌာနကိုစာပို့မည်
အခြေခံပညာသင်ရိုးသစ် သတ္တမတန်း ပထဝီဝင်ဖတ်စာအုပ်မှာ ကချင်မျိုးနွယ်စုနာမည်တွေကို မှားယွင်းဖော်ပြထားတာကြောင့် ပြင်ဆင်ပေးဖို့ သမ္မတရုံးနဲ့ ပညာရေးဝန်ကြီးဌာနကို စာပေးပို့ဖို့ စီစဉ်နေတယ်လို့ ကချင်စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့(တက္ကသိုလ်များ)က သိရပါတယ်။
ဒလတံတားတည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်စဉ် ရန်ကုန်မြစ်အတွင်း ခြေချော်ကျသွားသည့် တရုတ်နိုင်ငံသားကို ယခုတိုင် ရှာမတွေ့သေး
ရန်ကုန်-ဒလတံတားတည်ဆောက်ရေးလုပ်ငန်းခွင်မှ တရုတ်နိုင်ငံသားတဦးမှာ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ရန်ကုန်မြစ်အတွင်းသို့ ခြေချော်ကျခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ သတင်းရရှိသည်။
တရုတ်နိုင်ငံမှ အမျိုးသားလုံခြုံရေးဥပဒေ ပြဋ္ဌာန်းခဲ့ပြီးနောက် ဟောင်ကောင်သို့ သွားရောက်မည့် ထိုင်ဝမ်နိုင်ငံသားများအတွက် အန္တရာယ်ရှိကြောင်း ထိုင်ဝမ်မှ သတိပေး ပြောကြား
တရုတ်ပါလီမန်မှ ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပေါ် အမျိုးသားလုံခြုံရေးဥပဒေ ပြဋ္ဌာန်းခဲ့ပြီးနောက် ဟောင်ကောင်သို့ သွားရောက်မည့် ထိုင်ဝမ်နိုင်ငံသားများအတွက် အန္တရာယ်ရှိကြောင်း ထိုင်ဝမ်မှ ဇွန်လ ၃၀ ရက်နေ့က သတိပေးပြောကြားခဲ့ပါသည်။
Covid - 19 ကြောင့် ပိတ်မိနေသော မြန်မာနိုင်ငံသား စုစုပေါင်း (၁၂၉ ) ဦးအား ရန်ကုန်မြို့သို့ ပြန်လည်ပို့ဆောင်
ကမ္ဘာတစ်ဝန်း၌ COVID-19 ရောဂါ ကူးစက်ပြန့်ပွားနေခြင်းကြောင့် နိုင်ငံတကာလေကြောင်း လိုင်းများ ပျံသန်းမှုယာယီရပ်ဆိုင်းထားသည့်ကာလအတွင်း ကိုရီးယားသမ္မတနိုင်ငံနှင့် အခြား နိုင်ငံအချို့တို့တွင် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲဖြစ်နေပြီး၊ မဖြစ်မနေအပြီးပြန်လည်ထွက်ခွာရန် လိုအပ်နေသော မြန်မာနိုင်ငံသားများအား (၁၁)ကြိမ်မြောက် ကယ်ဆယ်ရေး လေယာဉ် (Relief Flight)အဖြစ် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI)ဖြင့် (၃၀-၆-၂၀၂၀) ရက်နေ့၊ (၁၇:၁၀) နာရီအချိန်တွင် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ ပြန်လည် ပို့ဆောင်ပေးခဲ့ပါသည်။
တရုတ်စစ်တပ်က စမ်းသပ်အဆင့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ကမ္ဘာ့ပထမဆုံးအဖြစ် အသုံးပြုမည်
စမ်းသပ်အဆင့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတစ်မျိုးကို စစ်တပ်၏ အသုံးပြုမှုအတွက် တရုတ် အာဏာပိုင်တို့က အတည်ပြုပေးလိုက်ကြောင်း သိရသည်။
Facebook ကို ကုမ္ပဏီအများအပြား သပိတ်မှောက်ခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူများ စိုးရိမ်လာ
လူမှုကွန်ရက် Facebook မှာ ကြော်ငြာနေတာတွေကိုရပ်ဆိုင်းဖို့ ကုမ္ပဏီအများအပြားကဆုံးဖြတ်ခဲ့ပြီးသပိတ်မှောက်နေကြတာကြောင့် ရင်းနှီးမြှုပ်နှံသူတွေအဖို့ စိုးရိမ်မှုတွေရှိလာကြပါတယ်။
ထိုင်နိုင်ငံမှာ ညပိုင်းလူစည်ကားတဲ့ nightlife နေရာမျိုးတွေကို ပြန်လည် ဖွင့်ခွင့်ပေးမည်
ထိုင်နိုင်ငံမှာ ညပိုင်းလူစည်ကားတဲ့ nightlife နေရာမျိုးတွေကို ဗုဒ္ဓဟူးနေ့(ဇူလိုင်၁)မှာ ပြန်လည် ဖွင့်ခွင့်ပေးမယ်လို့ တနင်္လာနေ့က ကြေညာလိုက်ပါတယ်။ စီးပွားရေးနဲ့ ဆေးကုသမှုခံယူဖို့ လာရောက်မယ့် နိုင်ငံခြားသားခရီးသွားတွေလည်း ပြန်လည်လက်ခံဖို့ ပြင်ဆင်နေကြောင်းလည်း ကြေညာချက်မှာ ပါရှိပါတယ်။
လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်အောင် တပ်မတော် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြောကြား
လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ရေးဟာ တပ်မတော်ရဲ့နံပါတ်တစ် ဦးစားပေးလုပ်ငန်းဖြစ်ပြီး ဒါကိုအောင်မြင်အောင်လုပ်ပေးမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားလိုက်ပါတယ်။
ဂျပန်နိုင်ငံတွင် ထေရဝါဒ ဓမ္မစာရီ မြန်မာကျောင်းတိုက်၌တည်ဆောက်မည့် သိမ်တော်ကြီး နှင့် ရွှေတိဂုံစေတီတော်ပုံတော်တူတို့အတွက် သဒ္ဒါတတ်အားသ၍ ပါဝင်လှူဒါန်းနိုင်ပါရန် အသိပေးနှိုး ဆော်ခြင်း
ဂျပန်နိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာ ထွန်းကားစေရေးအတွက် ဂျပန်-မြန်မာ သာသနာပြု ဆရာတော် အရှင်ဉာဏုတ္တရ သီတင်းသုံး သာသနာပြုလျက်ရှိသည့် အိဘရခိခရိုင်၊ ဟိုခိုတမြို့၊ ထေရဝါဒဓမ္မစာရီ မြန်မာကျောင်းတိုက်နှင့် ဝိပသနာတရားရိပ်သာအတွင်း သာသနာ့ မြေပေါ်တွင် သာသနာ့ သိရိဓရသီမာသိမ်တော်ကြီးနှင့်၊ သိမ်တော်ကြီး၏အထက်တွင် ရွှေတိဂုံ စေတီတော်ပုံတော်တူကို တည်ထားကိုးကွယ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
ကမ္ဘာ့ကပ်ရောဂါဖြစ်နိုင်သည့် ဝက်တုပ်ကွေးရောဂါတစ်မျိုးကို တရုတ်နိုင်ငံတွင် တွေ့ရှိ
ကမ္ဘာ့ကပ်ရောဂါဖြစ်လာနိုင်သည့်ဗိုင်းရပ်စ်ပိုးတစ်မျိုးကို တရုတ်နိုင်ငံတွင် သိပ္ပံပညာရှင်များ တွေ့ရှိဖော်ထုတ်ခဲ့သည်။
ထရမ့်က ၎င်းကိုမဲပေးလိုခြင်းမရှိတဲ့ ရီပတ်ဗလင်ကင်ထောက်ခံသူတွေကို "မိုက်မဲသူတွေ" လို့ ကင်ပွန်းတပ်
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က မနေ့က တနင်္လာနေ့မှာ ၎င်းကိုမဲပေးလိုခြင်းမရှိတဲ့ ရီပတ်ဗလင်ကင် ထောက်ခံသူတွေကို "မိုက်မဲသူတွေ"လို့ ကင်ပွန်းတပ်လိုက်ပြီး မဲရုံစစ်တမ်းတွေမှာ ၎င်းကိုထောက်ခံမှု ဘယ်လိုပဲကျဆင်းနေပါစေ သူ့အနေနဲ့ ဒုတိယသက်တမ်းရွေးကောက်ပွဲကို အောင်မြင်လိမ့်မယ်လို့ ပြောကြားလိုက်ပါတယ်။
စစ်တွေမြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီးတစ်ဦးကို အမည်မသိ အမျိုးသား၂ ဦးက ဓားဖြင့် ထိုးသတ်မှုဖြစ်ပွား
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ရဲတပ်ကြပ်ကြီး မောင်မောင်သန်း (ဘ)ဦးမောင်ကြာအောင်သည် ဇွန် ၂၉ ရက် ည ၈ နာရီ ၅ မိနစ်ခန့်တွင် စစ်တွေမြို့၊ မကျည်းမြိုင်ရပ်ကွက်၊ အကွက်(၃)၊ မဏိပူရလမ်းရှိ ၎င်း၏ နေအိမ်သို့ လာရောက်စဉ် နေအိမ်အဝင်ဝ၌ အသင့်စောင့်ဆိုင်းနေသည့် အမည်မသိ အမျိုးသား ၂ ဦးက အသင့်ပါလာသော သံတုတ်၊ ဓားမြှောင်တို့ဖြင့် ဝိုင်းဝန်းတိုက်ခိုက်ခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ် မူလဇစ်မြစ်ကို စုံစမ်းစစ်ဆေးရန် WHO က တရုတ်သို့ အဖွဲ့တစ်ဖွဲ့ စေလွှတ်မည်
ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန် ကပ်ရောဂါအဖြစ် သတ်မှတ်ထားတဲ့ COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မူလဇစ်မြစ်ကို စုံစမ်းစစ်ဆေးရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က တရုတ်နိုင်ငံသို့ အဖွဲ့တစ်ဖွဲ့ စေလွှတ်သွားမယ်လို့ သိရပါတယ်။
လာမည့် ရုံးချိန်းတွင် တရားဟောဆရာ ဒေးဗစ်လားအမှုစွဲချက်တင် / မတင် အမိန့်ချတော့မည်ဖြစ်
တရားစွဲဆိုခံနေရတဲ့ တရားဟောဆရာ ဒေးဗစ်လားနဲ့ ဦးဝေထွန်း တို့ နှစ်ဦးကို လာမယ့် ဇူလိုင်(၂) ရက်ရုံးချိန်းမှာ စွဲချက် တင်၊ မတင် အမိန့်ချမှာ ဖြစ်တယ်လို့ မရမ်းကုန်းမြို့နယ် တရားရုံး၊ သတင်းပြန်ကြားရေးအရာရှိ မြို့နယ်တရားသူကြီး ဦးမိုးဆွေက ပြောပါတယ်။
ပညာရေးဝန်ထမ်း လိုအပ်ချက်ကြောင့် စေတနာ့ဝန်ထမ်း ဖိတ်ခေါ်ခြင်း
ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဆဘောင်းပီကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း တွင် လက်ရှိအထက်တန်းပြ ဆရာတစ်ဦးတည်းသာရှိနေပါသဖြင့် အထက်တန်းဆင့် Grade-10 နှင့် Grade-11 ဖွင့်လှစ်နိုင်ရန် အခက်အခဲရှိနေပါသည်။
တောင်ကုတ်မြို့တွင် AA အကြမ်းဖက်သောင်းကျန်းသူ(၄)ဦး မိုင်းထောင်နေစဉ် မိုင်းကွဲသေဆုံး
ရခိုင်ပြည်နယ် ၊ တောင်ကုတ်မြို့တွင် ဇွန်လ၊ ၂၉ ရက်နေ့ နံနက် (၁)နာရီ အချိန်ခန့်က AA အကြမ်းဖက်သောင်းကျန်းသူ (၄) ဦး မိုင်းထောင်နေစဉ် မိုင်းကွဲသေဆုံးသွားကြောင်း နယ်မြေခံလုံခြုံရေး တပ်ဖွဲများထံမှ သိရှိရသည်။
မြန်မာ-ထိုင်း မောတောင် နယ်စပ်ဂိတ် COVID-19 ကြောင့် တစ်လထပ်မံ ပိတ်ထားမည်
ကမ္ဘာတစ်ဝှမ်းတွင် လက်ရှိ ဖြစ်ပွားနေသော COVID-19 ကူးစက်ရောဂါကြောင့် ထိုင်းနိုင်ငံ အစိုးရအဖွဲ့၏ ကက်ဘိနက် အစည်း အဝေးတွင် ဆုံးဖြတ်ချက်အရ အရေးပေါ် ကြေငြာထုတ်ပြန်ချက်မှာ မြန်မာ- ထိုင်း မောတောင် နယ်စပ်ဂိတ်အား ဇူလိုင်လ ၃၁ ရက်နေ့ အထိ ထပ်မံ သက်တမ်းတိုး ပိတ်ထားရန် ဆုံးဖြတ်ခဲ့သည်။
အမေရိကန်သမ္မတ ထရမ့်ကို အီရန်က ဖမ်းဝရမ်းထုတ်
ပြီးခဲတဲ့ ဇန်နဝါရီလအတွင်းက အီရန်ထိတ်တန်းဗိုလ်ချုပ်ကြီး Qasem Soleimani ကို အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့လေဆိပ်မှာ အမေရိကန်စစ်ဘက်က ဒရုန်းနဲ့တိုက်ခိုက်သုတ်သင်ခဲ့တာနဲ့ပတ်သက်ပြီး အီရန်အစိုးရက အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို ဖမ်းဝရမ်းထုတ်လိုက်တယ်လို့ အခုလ(၂၉)ရက် CNN သတင်းမှာ ဖော်ပြထားပါတယ်။
အိန္ဒိယနိုင်ငံတွင် TikTok အပါအဝင် တခြားတရုတ်နိုင်ငံမှ ဖြန့်ချီလာသော Mobile Apps ၅၉ ခုကို အသုံးမပြုရန်ပိတ်ပင်တားမြစ်
တရုတ်နဲ့ အိန္ဒိယနှစ်နိုင်ကြား နယ်စပ်အရေးတင်းမာနေချိန်မှာ TikTok အပါဝင် တရုတ်နိုင်ငံထုတ် မိုဘိုင်းဖုန်း Apps ၅၉ ခု အသုံးပြုခွင့်ကို အိန္ဒိယနိုင်ငံက ပိတ်ပင်လိုက်ပါတယ်။
ကချင်ပြည်နယ် ၊ ဝိုင်းမော်မြို့နယ်မှ တစ်သျှူးဌက်ပျောခြံတွင် တရုတ်အမျိုးသားတစ်ဦး ရုတ်တရက်သေဆုံး
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ နယ်၊စန်းကားကျေးရွာ၊ ထိန်းမင်းကုမ္ပဏီတွင် ဌက်ပျောခြံလုပ်ကိုင်နေသည့် အမျိုးသားတစ်ဦးသည် ဇွန်လ ၂၉ရက်နေ့ ညနေ ၆ အချိန်၌ ဝိုင်းမော်ဆေးရုံ အလာတွင် ရုတ်တရက်သေဆုံးခဲ့ကြောင်း ဝိုင်းမော် ဆေးရုံအုပ်ကြီး ဒေါက်တာ သိမ်းမြို့ထံက သိရသည်။
၂၀၁၅ရွေးကော်ပွဲတွင် ဗိုလ်ချုပ်သမီးကို ချစ်သည့်စိတ်ဖြင့် မဲပေးခဲ့သည့် ပြည်သူများ အညာခံလိုက်ရဟု ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်ပြောကြား
ဗိုလ်ချုပ်နှင့် ဗိုလ်ချုပ် သမီးကို ချစ်သည့်စိတ်ဖြင့် မဲပေးခဲ့သည့် ပြည်သူများ အညာခံလိုက်ရကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။
ရန်ကုန်မှ ကုန်ကားတစ်စီးကို ဓားထောက်ခေါ်ဆောင် ငွေတောင်းသူများအဖွဲ့ကို မဲဇလီနယ်မြေရဲစခန်းနှင့် ပြည်သူများ ဝိုင်းဝန်းဖမ်းဆီး
ယမန်နေ့ညက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ကမ်းနားလမ်းကနေ ကုန်ကားတစ်စီးနှင့် ယာဉ်ပေါ်ပါသူများကို ဓားထောက်ကာ ကားနဲ့လူကိုခေါ်ဆောင်သွားပြီး ဖုန်းဆက်ငွေတောင်းတဲ့အဖွဲ့ ဧရာဝတီတိုင်းဒေသကြီး ၊ ရန်ကုန်-ပုသိမ်ကားလမ်းအတိုင်းလာစဉ် ညောင်တုန်းမြို့နယ် ၊ မဲဇလီနယ်မြေရဲစခန်းအပိုင်သို့အရောက်မှာ မဲဇလီနယ်မြေရဲစခန်းမှ နယ်မြေစခန်းမှူးနှင့်အဖွဲ့များ ဝိုင်းဝန်းဖမ်းဆီးရာ တရားခံ ၁ယောက်နဲ့ကားစပါယ်ယာတော့ရရှိပြီး (စပါယ်ယာပေါင်မှာ ဓားဒဏ်ရာတော့ ရရှိထား)ကျန်တဲ့ကောင်တွေ ချောင်းကူးဖြတ်ပြေးလို့ နယ်ထိန်းခေါင်းဆောင်နဲ့အဖွဲ့ ရွာသားတွေနဲ့အတူ ရွာထဲပတ်ရှာနေကြကြောင်းသိရသည်။
ကမ္ဘာကြီးရင်ဆိုင်နေရသည့် ကပ်ရောဂါသည် "ပြီးဆုံးရန် နီးကပ်ခြင်းပင်မရှိသေး" ဟု WHO အကြီးအကဲပြော
ကမ္ဘာကြီးရင်ဆိုင်နေရသည့် COVID-19 ကပ်ရောဂါသည် "ပြီးဆုံးရန် နီးကပ်ခြင်းပင်မရှိသေး" ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO) အကြီးအကဲ Tedros Adhanom Ghebreyesus က တနင်္လာနေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။
ဘင်္ဂလားဒေ့ရှ်တွင် COVID-19 လူနာသစ်တွေ့ရှိမှု နေ့စဉ် စံချိန်သစ်ထပ်တွေ့
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်းက COVID-19 လူနာသစ် ၄၀၁၄ ဦးကို တွေ့ရှိခဲ့ပြီး၊ ကူးစက်ခံရသူစုစုပေါင်းမှာ ၁၄၁၈၀၁ ဦးခန့်ရှိသွားပြီဖြစ်ကြောင်းသိရသည်။
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်များ သတ်မှတ်ကြေညာခြင်း
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကြေညာချက်အမှတ် ( ၁၁၃ / ၂၀၂၀ )
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်များ သတ်မှတ်ကြေညာခြင်း
ဂူတာပြင်ဖြစ်စဉ်အပေါ် စစ်ဆေးဆောင်ရွက်သည့် စစ်တရားရုံး၏ ဆုံးဖြတ်ချက်နှင့် ပြစ်ဒဏ်ချမှတ်ချက်များ အတည်ပြု
ဂူတာပြင်ဖြစ်စဉ်နှင့်စပ်လျဉ်းသည့် စစ်တရားရုံး(Court-Martial)သည် သက်သေစုံလင်စွာဖြင့် စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ၂၀၂၀ပြည့်နှစ်၊ အေပြီလ ၃၀ ရက်နေ့တွင် စစ်ဆေးမှုများပြီးစီးခဲ့ကြောင်း၊ စစ်တရားရုံး (Court-Martial)၏ စစ်ဆေးစီရင်မှုများအား သက်ဆိုင်ရာအတည်ပြုအာဏာပိုင်၏ ပြစ်ဒဏ်အတည်ပြုချက်ရရှိပါက ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း၊ မောင်နုကျေးရွာနှင့် ချွတ်ပြင်ကျေးရွာဖြစ်စဉ်များကို စုံစမ်းစစ်ဆေးရေးခုံရုံး (Court of Inquiry)ဖြင့် စစ်ဆေးဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ၂၀၂၀ပြည့်နှစ်၊ မေလ ၈ ရက်နေ့တွင် သတင်းထုတ်ပြန်ပြီး ဖြစ်ပါသည်။
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်များ သတ်မှတ်ကြေညာခြင်း
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကြေညာချက်အမှတ် ( ၁၁၄ / ၂၀၂၀ )
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်များ သတ်မှတ်ကြေညာခြင်း
ဒလတံတားတည်ဆောက်ရေးလုပ်ငန်းခွင်ရေလယ်တိုင် ပိုင်ရိုက်စဉ် တရုတ်နိုင်ငံသားတစ်ဦးမြစ်အတွင်း ခြေချော်ပြုတ်ကျ လိုက်လံရှာဖွေလျှက်ရှိ
ကိုရီးယား-မြန်မာချစ်ကြည်ရေးဒလတံတားတည်ဆောက်ရေးလုပ်ငန်းခွင် ရေလယ်တိုင် တည်ဆောက်ရေး ကုမ္ပဏီမှ ညဆိုင်းတံတားတည်ဆောက်ရေးအဖွဲ့တွင် ရေလယ်တိုင်ပိုင်ရိုက်ရန်ဆောင်ရွက်နေစဉ် တရုတ်နိုင်ငံသားတစ်ဦးချေချော်ကာ ရန်ကုန်မြစ်အတွင်း ရေထဲသို့ယမန်နေ့ ဇွန် ၂၈ ရက်၊ ည(၉)နာရီခန့်အချိန်ကပြုတ်ကျခဲ့ကြောင်း၊ လိုက်လံရှာဖွေလျှက်ရှိကြောင်းသိရသည်။
ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိသော COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ နံနက် (၈:၀၀)နာရီအချိန် သတင်းထုတ်ပြန်ခြင်း
၁။ (၂၉-၆-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ဒုတိယအသုတ်) ဓာတ်ခွဲ နမူနာ (၅၁၂)ခုအား စစ်ဆေးပြီးစီးခဲ့ရာ -
အတိုင်ပင်ခံညွှန်ကြားချက်ဟုဆိုကာ တောင်ဥက္ကလာပ ၄ ရပ်ကွက်ရှိ ကွက်လပ်မြေ ၄ ဧက ကျော်ကို ဧဒင်မြန်မာပရဟိတအဖွဲ့ထံသို့ ငွေကျပ်သိန်း ၅၈၀၀ ဖြင့် နှစ် ၆၀ ဂရန်ချပေးမှု ရပ်ကွက်နေပြည်သူများက သဘောမတူဘဲ ပြန်လည်စိစစ်ရန်တင်ပြထားကြောင်းသိရ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်ဟုဆိုကာ တောင်ဥက္ကလာပ ၄ ရပ်ကွက်ရှိ ကွက်လပ်မြေ ၄ ဒသမ ၉၆၂ ဧကကို နိုင်ငံတကာအစိုးရမဟုတ်သော INGO အဖွဲ့တစ်ခုဖြစ်သည့် ဧဒင်မြန်မာပရဟိတအဖွဲ့ထံသို့ ငွေကျပ် သိန်း ၅၈၀၀ ဖြင့် နှစ် ၆၀ ဂရန်ချထားပေးမှုကို ရပ်ကွက်နေပြည်သူများက သဘောမတူဘဲ ပြန်လည်စိစစ်ရန် တင်ပြထားကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် Covid-19 အတည်ပြုလူနာ (၂၉၉ ) ဦးရှိနေပြီး တစ်ကမ္ဘာလုံးတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅ သိန်းကျော်နှင့် ရောဂါကူးစက်ခံရသူ ၁၀ သန်းကျော်အထိ မြင့်တက်လာ
တစ်ကမ္ဘာလုံးတွင် ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်မှာ ဇွန်လ ၃၀ ရက်နေ့ နံနက် ၇:၃၀ အချိန်အထိ သေဆုံးသူ စုစုပေါင်း (၅၀၇,၄၉၉) ဦးရှိလာပြီဖြစ်ကြောင်း တရုတ်ဆေးဘက်ဆိုင်ရာ အရာရှိများ၏ သတင်းထုတ်ပြန်ချက်များအရသိရှိရပြီး ရောဂါကူးစက်ခံရသူ အရေအတွက်မှာလည်း စုစုပေါင်း (၁၀,၄၀၁,၁၆၂) ဦး ကူးစက်ခံထားရကြောင်း သိရသည်။
Subscribe to:
Posts (Atom)