Tuesday, June 2, 2020

ဇွန်လ (၂) ရက်နေ့ မနက် (၇) နာရီအချိန်တွင် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား (၂၁၈) ဦး ဆက်လက်ဝင်ရောက်

မြဝတီမြို့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ် (၂)ဂိတ်မှ ယနေ့ဇွန်လ (၂)ရက်နေ့ နံနက်(၇)နာရီအချိန်တွင် ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းအလုပ်သမား (၂၁၈) ဦးဆက်လက်ဝင်ရောက်ကြောင်းသိရပါသည်။
ယခုပြန်လည်ဝင်ရောက်လာသူများအား နိုင်ငံတော်အစိုး၏ စီစဥ်ဆောင်ရွက်မှုဖြင့် ဘန်ကောက်မြို့ မော်ချစ်ကားဂိတ်မှ ကားတစ်စီးလျင် လူ (၂၁)ဦးစီဖြင့် ကားအစီးရေ (၁၀) စီးဖြင့် မနက် (၅) နာရီအချိန်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ နယ်စပ်ဂိတ်သို့ ရောက်ရှိလာကြပြီး မြဝတီခရိုင် တာဝန်ရှိသူများက မှန်လုံယာဉ်ကြီးများဖြင့် သွားရောက်ကြိုဆိုပေးခဲ့ကြကာ နံနက်(၇)နာရီအချိန်တွင် မြဝတီနယ်စပ်ဂိတ်(BCF)ဇုန်သို့ ပြန်လည်ဝင်ရောက်လာကြောင်း သိရပါသည်။

0 comments:

Post a Comment