မကွေးတိုင်း၊ မြိုင်မြို့နယ်မှာရှိတဲ့ ဘုန်းကြီးကျောင်း(၂၅)ကျောင်းကနေ နှစ်(၁၀၀)ကျော်သက်တမ်းရှိ ရှေး ဟောင်းဆင်းတုတော်တွေနဲ့ သံဃအသုံးအဆောင်ပစ္စည်းတွေ ခိုးယူခံရတာကို မြို့မရဲစခန်းမှာ အမှုဖွင့်တိုင် တန်းပေမယ့်လည်း အမှုကို လက်ခံစစ်ဆေးခြင်းမရှိဘူးလို့ ကျောင်းထိုင်ဆရာတော်တွေက မိန့်ပါတယ်။
အခုလိုဖြစ်ပွားတာနဲ့ပတ်သက်ပြီး မြိုင်မြို့မရဲစခန်းမှူး ဒုရဲမှူးတင်ကိုကိုအားဆက်သွယ်မေးမြန်းရာ” မြိုင်မြို့မရဲစခန်းတွင် ရှေးဟောင်းဘုရားရုပ်ပွားတော်များပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး မြို့မရဲစခန်းမှာ လာရောက်အမှုဖွင့်တိုင်တန်းတာ မရှိဘူး”လို့ ပြောပါတယ်။
ပျောက်ဆုံးမှုများနှင့်ပတ်သက်၍ရဲစခန်းကိုကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ကျောင်းထိုင်ဆရာတော်မျာကသွားရောက်သတင်းပေးတိုင်ကြားပေမယ့်လည်း ရဲတပ်ဖွဲ့များက အခင်းဖြစ်ကျောင်းတိုက်များကို လာရောက်ကာ သက်သေခံပစ္စည်းများသိမ်းယူပြီး အမှုလက်ခံစစ်ဆေးဆောင်ရွက်ခြင်းမရှိဘဲ တရားခံကို အမြန်ဆုံးဖမ်း ဆီးပေးမယ်လို့ ပြောကြားခဲ့သော်လည်း ဇွန်လ(၂၆)ရက်နေ့အထိ တရားခံဖော်ထုတ်ဖမ်းပေးနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။
ယင်းကျောင်းတိုက်ပျောက်ဆုံးမှုစာရင်များမှာ(၁)လေးတန်းကျောင်း၊(၂)စဘေကျောင်း၊(၃)ပိုက်သင်ကျောင်း၊ (၄)ရွာကုန်းကျောင်းထန်ကြီးကျောင်း၊ (၅)အလယ်ကန်မြောက်ကျောင်း၊ (၆)ကျောက်တိုင်(ဆည်ပေါ်)၊ (၇)ပြင်သာ၊ချောင်းလည်၊ (၈)သရက်ကွ၊ (၉)ရွာတန်းရှည်ဘုရားကြီးအနောက်ကျောင်း၊ (၁၀)ညောင်ရွာ(ရတနာမာန်အောင်)၊ (၁၁)ပေပင်တိုက်(ကန်စွယ်ကျောင်း)၊ (၁၂)ဒေါင်းအိုကြီး(အောင်မြေရတနာကျောင်း)၊ (၁၃) လက်ဆည် ကန်(နံသာမြိုင်ကျောင်း)၊ (၁၄)ဝက်ခေါင်းရွာ(ဂွေးပင်ယာကျောင်း)၊ (၁၅)ကုန်းဗလူရွာ၊ (၁၆)ကန်နက်ရွာကျောင်း၊ (၁၇)ပေါက်ပြင်းကျောင်း၊ (၁၈)ထနောင်သုံးပင်ကျောင်း၊ (၁၉)ထန်းရင်းကုန်ကျောင်း၊ (၂၀)မန်းကျည်းစု(ရွာဦးကျောင်း)၊ (၂၁)တောင်ယာစည်း(တိုက်ကျောင်း)၊ (၂၂)နှောကန်ကျောင်း၊ (၂၃)မြို့တင်ကျောင်း၊ (၂၄)ကုန်းဗတူးကျောင်း၊ (၂၅)ကန်နက်ရွာကျောင်း၊ (၂၆)ဖျသီးကျောင်း၊ (၂၇)နှောကန်ရွာကျောင်း တိုက်များမှာ ခိုးယူခံရမှုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
ဘုန်းတော်ကြီးကျောင်းတိုက်များမှာ နှစ်(၁၀၀)ကျော်သက်တမ်းရှိ ရှေးဟောင်းရုပ်ပွားတော်(၂၇)ဆူနဲ့ သံဃာအသုံးဆောင်ပစ္စည်းများ ၊ ဆန် ၊ဆီ ၊သင်္ကန်း၊ ဝတ္ထုငွေ ၊ဆိုင်ကယ် ၊အသံချဲ့စက်များ၊ တီဗီ၊ ဖုန်း(ဟန်းဆက်) ခိုးယူခံခဲ့ရပြီး အချို့ကျောင်းတိုက်များမှာ နှစ်ကြိမ်ဆက်တိုက် ခိုးယူခံရတာဖြစ်တယ်လို့ သိရပါတယ်။
Ref ; Voice of Myanmar
0 comments:
Post a Comment