Saturday, June 27, 2020

မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်ရန် ဂျပန်ပညာရှင်/ကျွမ်းကျင်သူများလာရောက်

ဂျပန်နိုင်ငံအစိုးရ၏ ODA/JICA အကူအညီဖြင့် မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ တာဝန်ထမ်းဆောင်ကြရန်ဂျပန်ပညာရှင်/ကျွမ်းကျင်သူ ၂၀ ဦးသည် ဇွန်လ ၂၆ ရက်က လာရောက်နေပြီဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။
ဂျပန်ပညာရှင်/ကျွမ်းကျင်သူ ၂၀ ဦးသည်ဂျပန်နိုင်ငံအစိုးရ၏ ODA/JICA အကူအညီဖြင့် မြန်မာ နိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် သီလဝါအထူးစက်မှုဇုံစီမံကိန်း၊ ရန်ကုန်-မန္တလေး အမြန်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း၊ ရန်ကုန် မြို့ပတ်ရထား အဆင့်မြှင့်တင်ရေး စီမံကိန်း၊ ပဲခူးမြစ် တံတားစီမံကိန်း၊ လျှပ်စစ်စွမ်းအားစီမံကိန်း၊ အရှေ့-အနောက် စီးပွားရေးစင်္ကြန်စီမံကိန်း၊ ရန်ကုန်အထူးကု ဆေးရုံသစ်ကြီးစီမံကိန်းတို့တွင် တာဝန် ထမ်းဆောင်ကြရမည်ဖြစ်ကြောင်းသိရသည်။
အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါ (COVID-19) ကူးစက်မှု တားဆီးကာကွယ်ရေး အစီအမံများကြောင့် ဂျပန်နိုင်ငံတွင် အခက်အခဲများ ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံသားများနှင့် မိသားစုများ လိုက်ပါသည့် All Nippon Airways (ANA) ၏ ဒုတိယအကြိမ် ကယ်ဆယ်ရေးလေယာဉ်ဖြင့် ဂျပန်နိုင်ငံ ဆိပ်ကမ်းများတွင် စောင့်ဆိုင်း နေသည့် မြန်မာသင်္ဘောသားများနှင့်အတူ အဆိုပါ ဂျပန်ပညာရှင်/ကျွမ်းကျင်သူ (၂၀) ဦး လည်း လိုက်ပါလာကြောင်းသိရသည်။
Ref ; The Fifth Wave News

0 comments:

Post a Comment