Saturday, June 27, 2020

ရွေးကောက်ပွဲကော်မရှင်၏ (COC)ကျင့်ဝတ်လက်မှတ်ရေးထိုးပွဲ၌ ကြံခိုင်ရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၃ဝခန့်က လက်မှတ်မထိုးကြောင်းသိရ

နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ်လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီက ရန်ကုန်မြို့Melia Yangon Hotel တွင် ကျင်းပခဲ့သည်။ အဆိုပါလက်မှတ်ရေးထိုးပွဲအခမ်းအနားကို နိုင်ငံရေးပါတီ ၉ဝခန့် တက်ရောက်ခဲ့ပြီး နိုင်ငံရေးပါတီ ၃ဝခန့်က လက်မှတ်ရေးထိုးခြင်းမပြုခဲ့ကြောင်း သိရသည်။
ယင်းလက်မှတ်ရေးထိုးခြင်း မပြုခဲ့သည့် ပါတီများမှ တာဝန်ရှိသူများ၏ စကားသံများကို ဖော်ပြပေးလိုက်ပါသည်။
ဦးလှသိန်း
(ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ရဲ့ Code of Conduct လက်မှတ်ထိုးပွဲ အစည်းအဝေးကို လာတက်ခြင်းဖြစ်တဲ့ အတွက်ကြောင့် ကျွန်တော်တိုပါတီရဲ့ အနေ အထားကိုသိတဲ့အတွက်ကြောင့်မလို့ ဆွစ် ဇာလန်ကနေ ဒီကိစ္စကို ကမကထပြုလုပ် ပြီးတော့ ဦးစီးဦးဆောင် ဆောင်ရွက်ပေး တာဖြစ်တဲ့အတွက်ကြောင့် ဆွစ်ဇာလန် သံအမတ်ကြီးကနေ အန်ကယ်နဲ့ တွေ့ချင် တယ်လို့ ပြောတဲ့အတွက်ကြောင့် မနက် ၁ဝနာရီခွဲကို၊ အစည်းအဝေးအစမှာတော့ ၁နာရီမှစမှာ သို့သော်လည်း ၁ဝနာရီခွဲကို အရောက်လာပေးပါဆိုတော့ အရောက်လာ ပေးတယ်။ အရောက်လာပေးတော့ မစ္စတာ သောမတ်နဲ့ တွေ့တယ်။ မစ္စတာသောမတ် က ကျေးဇူးပြုပြီးတော့ ဒီဥစ္စာလေးကို လက်မှတ်ထိုးပေးပါလို့ အန်ကယ့်ကိုပြော တယ်။ အန်ကယ်တို့က လက်မှတ်ထိုးပေး လို့မရဘူး။ ငါတို့ တစ်ပါတီရဲ့ သဘော ထားမဟုတ်ဘူး။ ငါတို့ပါတီက ဒီမိုကရေစီ စနစ်ကျကျ မိတ်ဖက်ပါတီတွေနဲ့ ဆွေးနွေး တယ်လေ။ ဆွေးနွေးတဲ့အခါမှ မိတ်ဖက် ပါတီတွေကနေပြီးတော့ ဒါနဲ့ပတ်သက်ပြီး နောက်ဆုံး အစည်းအဝေးမှာ အသက်သေ ဆုံးပြီးသော အမျိုးသားခေါင်းဆောင်များ အသက်ရှင်နေသော အမျိုးသားခေါင်း ဆောင်များရဲ့ပုံများကို ပုံများနဲ့ သင်္ကေတာ အလားတူ ဆက်စပ်တဲ့ပုံတွေ့ကို မသုံးရဘူး လို့၊ ဥပဒေနဲ့ဆန့်ကျင်ပြီးတော့ မသုံးရဘူး လို့၊ Working ကော်မတီမှာ ဆုံးဖြတ်ထား တယ်။ ဆုံးဖြတ်ချက်ကို တင်တဲ့အခါမှာ UEC က အဲဒါကို ပယ်ချခဲ့တယ်။ အဲဒါကို Code of Conduct မှာ ပြန်မထည့်ပေး ဘူးဆိုရင် လက်မှတ်မထိုးနိုင်ဘူးလို့ ညှိကြ တယ်။ အဲဒါကြောင့်မလို့ ငါတို့ပါတီက လည်း အားလုံးရဲ့ သဘောတူညီချက်နဲ့ အတူ တို့ဒါကို လက်မှတ်မထိုးဘဲနေကြ တယ်။ ဒါကြောင့်မလို့ ကိုယ်တစ်ယောက် တည်းရဲ့ဆန္ဒနဲ့ သူတို့ကော်မတီရဲ့ ဆန္ဒကို မလုပ်ပေးနိုင်ဘူး။ ဒါကြောင့်မလို့ လက် မှတ်မထိုးပေးနိုင်တာဖြစ်တယ်လို့ ရှင်းပြ တယ်။ ရှင်းပြတဲ့အခါမှာ သူက ထပ်ပြီး တော့ ဒါဆိုရင်လည်း လက်မှတ် မထိုးနိုင် ရင်လည်း နေပါ၊ တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ လုပ်တာဖြစ်တဲ့အတွက်ကြောင့် USDP ပါတီကြီးက အရင်တုန်းက ဦးသိန်းစိန်အစိုးရလက်ထက်တုန်းကလည်း အစိုးရလုပ်ခဲ့တယ်။ အခုလည်း အတိုက်အခံ ကောင်းလုပ်တဲ့အတွက်ကြောင့် ပါတီကို လေးစားသောအားဖြင့် ပါတီကြီးအနေနဲ့ Respect လုပ်တဲ့အနေနဲ့ လက်မှတ်ထိုးပြီး တော့မှ ပြီးတော့မှ သတင်းစာရှင်းလင်းပွဲ လေး လုပ်တာပြီးတော့မှ ဒီဟာတွေကို ချွင်းချက်အနေနဲ့ ကျွန်တော်တို့က လက်မှတ် ထိုးခဲ့ပါတယ်ဆိုတာမျိုးလေးဖြေရင် ကျွန် တော်တို့က အဲဒီဟာလေးကို လက်ခံထားပြီး တော့ ဒါကို Code of Conduct မှာလည်း တွဲပေးမှာ ဖြစ်သလို ကျွန်တော်တို့ဆီမှာ လည်း အစည်းအဝေး မှတ်တမ်းအဖြစ် ကျွန်တော်တို့ သိမ်းထားပေးမယ်လို့ ပြော တယ်။ အဲလိုပြောတဲ့အခါမှာ အန်ကယ်က ဒီဥစ္စာတော့ ဒီလိုလုပ်လို့မရဘူး တို့က consensus နဲ့ တကယ့်ဒီမိုကရေစီ နည်းလမ်းကျကျ လုပ်လာတဲ့အတွက် ကြောင့် ပါတီခေါင်းဆောင်တွေအားလုံးနဲ့ ပြန်လည်ညှိရလိမ့်မယ်။ အဲဒီအပြင် တို့ရဲ့ ဥက္ကဋ္ဌကိုလည်း တင်ပြရလိမ့်မယ်။ ဥက္ကဋ္ဌနဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ကနေပြီးတော့ ဆုံးဖြတ်ပြီးတော့မှ ငါလည်းဖြေကြားလို့ရ မယ်လို့ သူ့ကိုဖြေကြားခဲ့တယ်။ ဒါပေမဲ့ ဥက္ကဋ္ဌကို ဖုန်းဆက်ကြည့်တော့ ဥက္ကဋ္ဌ ဒီသဘောပဲ။ အဲဒါနဲ့ လက်မှတ်မထိုးခဲ့ဘူး။ နောက် တစ်ခါ ၁၁နာရီခွဲနဲ့ ၁၂နာရီလောက် မှာ သံအမတ်ကြီးရောက်လာပြီး တွေ့ချင် တယ်ဆိုလို့ တွေ့တယ်။ သံအမတ်ကြီးက လည်း ဒီဥစ္စာကို လေးလေးစားစားနဲ့ USDP ပါတီကိုလည်း လေးစားတယ်။ အရင်အစိုးရလုပ်ခဲ့တဲ့ လေးစားတဲ့အတွက် ကြောင့် ဒီဟာလေးကို ကျေးဇူးပြုပြီး လက်မှတ်ထိုးပေးဖို့ နောက်ဆက်တွဲအနေနဲ့ ပြန်လည်ညှိပေးဖို့ပြောပေမယ့် ဒါမှမဟုတ် ရင် ဒီအစည်းအဝေးကိုရပ်ပေးမယ်။ အဲဒီမှာ နိုင်ငံရေးပါတီ အချင်းချင်းညှိပါ။ ညှိပြီး လို့ အိုကေတယ်ဆိုလို့ရှိရင် ကျွန်တော်တို့ ဒါလေးကို လက်မှတ်ထိုးနိုင်ဖို့ လုပ်ပေးပါ လို့ပြောတယ်။ ပြောတဲ့အခါမှာ အန်ကယ် က ပြောလိုက်တယ်။ ဒီလိုချက်ချင်း ညှိလို့ မရဘူး။ ဒီမှာလာတက်တဲ့ လူတွေအကုန် လုံးက နိုင်ငံရေးပါတီခေါင်းဆောင်တွေ မဟုတ်ဘူး။ တချို့က ကိုယ်စားလှယ် တွေပဲ လာတတ်တယ်။ လာတတ်တဲ့ အတွက်ကြောင့် ကျွန်တော်တို့က ဒီဥစ္စာ ကိုညှိပေးဖို့ အဆင်မပြေတဲ့အတွက်ကြောင့် သူတို့ရဲ့သဘောတူညီချက်တွေကို တောင်း ရလိမ့်မယ်။ တောင်းတဲ့အတွက် ကျွန် တော်တို့မှာအချိန်လိုတယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့အတွက် ချက်ချင်းကြီးလုပ်ဖို့ မဖြစ်နိုင်ဘူး။ အဲဒီတော့ အဲလိုလုပ်ချင် တယ်ဆိုရင် ကျွန်တော်တို့ကို အချိန်ပေး။ နောက်တစ်ခါ ပြန်တွေ့ပြီးတော့မှ ပြန်လုပ် မယ်ဆိုရင်တော့ ဒီဥစ္စာကို ကျွန်တော်တို့ သဘောတူတာလည်း ထည့်ပေးမယ်။ အခု ကတော့ ဒီဥစ္စာကို ဘာသာရေး အဆောက် အအုံတွေကို သုံးစွဲခွင့်ကို ဒါလေးပြန်ထည့် ပေးမယ်ဆိုရင် ကျွန်တော်တို့က လက်မှတ် ထိုးဖို့ အဆင်သင့်ပါ။ ဒါကြောင့်မလို့ ကျွန် တော်တို့က လက်မှတ်ထိုးတဲ့အခါမှာ အဲဒါ တွေမပြင်ပေးနိုင်ဘူးဆိုရင် ကျွန်တော်တို့က လက်မှတ် မထိုးနိုင်ဘူး။
ဦးမျိုးညွန့်
(ဥက္ကဋ္ဌ-ယာယီ၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး ပါတီ)
ဒီကနေ့ လက်မှတ်ထိုးပွဲမှာဖြစ်ရင် အစ်ကိုတို့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ က လက်မှတ်မထိုးနိုင်ပါဘူးလို့ဆိုတာကို လူသိရှင်ကြား ဖြစ်အောင်ပြောတာ။ ဟိုက ခေါ်တယ် ငါးပါတီဖြစ်အောင် ခေါ်လိုက် တယ်။ သုံးပါတီ တက်သွားတယ်။ နှစ် ပါတီ ကျန်နေတယ်။ ခရီးလွန်နေလို့ မရောက်ပါဘူးလို့ ပြောနေတယ်။ အမှန်က ခရီးလွန်လို့မရောက်တာမဟုတ်ဘူး။ လက် မှတ်မထိုးလိုတဲ့အတွက်ထိုးမှာ မဟုတ်တဲ့ အတွက် အဲဒီပါတီတွေက နေခဲ့တာ။ အဲဒီ တော့ ခရီးလွန်နေသလိုလို၊ ဘာဖြစ်နေ သလိုလို ဖြစ်နေမှာဆိုးတာရယ်၊ ဘာကြောင့် လက်မှတ်မထိုးတာလဲဆိုတာ ဒီမှာတက် ရောက်လာတဲ့ နိုင်ငံရေးပါတီတွေအကုန်လုံး ြ<ွကလာတဲ့ လူကြီးမင်းတွေသိသွားဖို့ ဆွစ် သံရုံးက သံအမတ်ကြီးသိသွားဖို့ မလိုပေ ဘူးလား။ အဲဒီလို လိုတဲ့အတွက် စင်ပေါ် ကိုတက်ပြီး ဘာကြောင့် လက်မှတ်မထိုး တာလဲဆိုတာကို အချိန်တိုလေးအတွင်းမှာ ရှင်းပြလိုတဲ့အတွက် တက်ပြီးတော့ ပြော ရတာဖြစ်ပါတယ်။ တကယ်ပြောဖို့ရှိသေး တယ်။ ဒီကနေ့မနက် ညှိနှိုင်းတယ်။ တာဝန်ရှိသူတွေနဲ့ အဲဒီညှိနှိုင်းသည့် ကိစ္စ သည် ဘာလဲဆိုတော့ နိုင်ငံရေးပါတီများ သည် လာမယ့် ၂ဝ၂ဝ ရွေးကောက် ပွဲမဲဆွယ်စည်းရုံးသည့်အခါ အသက်ရှင်ဆဲ သို့မဟုတ် ကွယ်လွန်သွားပြီဖြစ်သော နိုင်ငံ့ ခေါင်းဆောင်များ၊ အာဇာနည်များကို ရုပ်ပုံအမှတ်အသား စသည်အားဖြင့် လုံးဝ အသုံးပြုရန် ဆိုတဲ့အပိုဒ်ကို နိုင်ငံရေး ပါတီတစ်ခုက တင်ပြတယ်။ ဆွေးနွေးကြ တယ်။ အဲဒီအခါမှာ ကန့်ကွက်တဲ့ပါတီက နှစ်ပါတီရှိတယ်။ ကျန်တဲ့ ၁၅ ပါတီက အဲဒါ မထည့်ဆိုပြီးလုပ်တယ်။ အဲဒါကို ရွေးကောက်ပွဲကော်မရှင်ကို ပို့လိုက်တယ်။ ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ် ကလာပြီး ဘာပြောသလဲဆိုတော့ အဲဒါက ဥပဒေနဲ့ မညီပါဘူး မထည့်သင့်ပါဘူး ဆိုပြီး ပြောတယ်။ ဥက္ကဋ္ဌကြီး ဦးလှသိန်း ကိုယ်တိုင်က မှာလိုက်ပါတယ်။ အဲဒါက ဥပဒေနဲ့မညီလို့ပါ ဥပဒေဖတ်ပြတယ်။ ကိုယ်ကပြောတယ်။ ဥပဒေနဲ့မညီဘူးဆိုတာ မဟုတ်ဘူးညီတယ်။ ဒုတိယတစ်ချက် ဥပဒေနဲ့မညီသည့်တိုင်အောင် တောင်မှ ဥပဒေနဲ့မညီလို့ညီဖို့ ဒီ Code of Conduct မှာ ထည့်တယ် မထည့်တယ်ဆိုတာ မရှိဘူး။ ၂ဝ၁၅ အကြို ကိုယ်တို့ပါဝင်ခဲ့တဲ့ အထဲမှာလည်း အဲဒါကို ဦးတင်အေးကော် မရှင်က ပြောခဲ့တယ်။ အချို့ကိစ္စတွေကို ဒါတော့ မထည့်သင့်ဘူးဆိုတာကို ဒါပေမဲ့ သူပြောတိုင်း မလုပ်ဘူး။ ဒီမှာရှိနေတဲ့ကော် မတီက သူတို့ကြိုက်တာကို ထည့်မယ်။ ဒီဥစ္စာက ဥပဒေမဟုတ်ဘူး။ နိုင်ငံရေး ပါတီတွေချင်း ကတိကဝတ်ပြုမယ့်ကျင့် ဝတ်ပဲ။ အဲဒါကြောင့် ဥပဒေနဲ့ မလျော်ညီ သည့်တိုင်အောင် ထည့်ချင်လည်းထည့် မယ်။ ကော်မတီက ထည့်ချင်တယ်။ ဘာ ကြောင့်လဲဆိုတော့ ဒီကော်မတီသည် နိုင်ငံရေးပါတီ ၉ဝ ရဲ့ ကိုယ်စားလှယ်၊ နိုင်ငံရေးပါတီတွေကို ဖိတ်ပြီးတော့ ဆွစ် သံရုံးက အဲဒီထဲက လူတွေရွေးပြီးတော့ ကော်မတီ ဖြစ်လာတာ။
ဦးမင်းသူ
(ဥက္ကဋ္ဌ၊ ပြည်ထောင်စုလယ်သမား အလုပ် သမားအင်အားစုပါတီ)
ကျွန်တော်တို့ နံပါတ်တစ်ပေါ့ ပြော ချင်တဲ့ဟာက လက်ရှိတက်လာတဲ့ အစိုးရနဲ့ UEC က ဒီလက်ထက်မှာပေါ့ နိုင်ငံရေး ပါတီတွေကို အလေးထားဂရုစိုက်မှုမရှိ ဘူးဆိုတာကို နံပါတ်တစ်အချက် တွေ့ရ တယ်။ ဘာကြောင့်လဲဆိုတော့ ကြိုဆို ရေးတွေ စီစဉ်မှုတွေ အရမ်းညံ့ဖျင်းတယ်။ နိုင်ငံရေးဆိုတာထက်ကို လက်ရှိနိုင်ငံရေး ပါတီတွေအပေါ်ကို နှိပ်ကွပ်တယ်ဆိုတဲ့ အကြောင်းကို ပြောချင်တာ။ နှစ်အချက်က ဒီကနေ့ ကျွန်တော် အစည်းအဝေးခန်းမ တက်တဲ့အခါမှာ ဒီရောက်တော့ပေးတယ် ပေါ့။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ် လောင်းများအတွက် ရွေးကောက်ပွဲဆိုင်ရာ ကျင့်ဝတ်တဲ့။ ပြောတော့ ကျင့်ဝတ်လို့ ပြောတယ်။ စာမျက်နှာ ၄ အပိုဒ် ၅ မှာ သူက ဘာရေးထားလည်းဆိုတော့ ဒီကျင့် ဝတ်ကိုလည်း အဓိကထားပြီး ဆောင်ရွက် စရာမလိုဘူးဆိုလို့ တာဝန်ယူမှု၊ တာဝန် ခံမှုမရှိဘူပေါ့ဗျာ။ ဒါ ကျွန်တော်အတိုချုံ့ ပြောရတာ။ ဒီမှာစာမျက်နှာ ၄ အပိုဒ် ၅ မှာ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘူး။ ဒီဥပဒေကို လုံးဝလိုက်နာစရာမလိုဘူးဆိုတဲ့ ပုံစံမျိုးတွေရေးထားတယ်။ အရှေ့မှာကျ တော့ နိုင်ငံရေးပါတီများနဲ့ ကိုယ်စားလှယ် လောင်းများအတွက် ကျင့်ဝတ်ဆိုတော့ ဒီကနေ့ပွဲကြီးဟာ ရယ်ချင်စရာပွဲကြီး ဖြစ်နေတယ်။ ပိုက်ဆံတကယ်ပေါလို့ လာ လုပ်ပေးသလို ဖြစ်နေတယ်။ ဒီစာအုပ် တစ်အုပ်ထုတ်လိုက်တယ်ဆိုလည်း သူ့ရဲ့ ကုန်ကျစရိတ်ရှိတယ်။ နိုင်ငံရေးပါတီက ကိုယ်စားလှယ်လောင်းတွေ ခေါ်တယ် ဆိုရင်လည်း ကုန်ကျစရိတ်တွေရှိနေတယ်။ ဒါ နိုင်ငံတော်ငွေကုန်တာပဲ။ နိုင်ငံတကာ က ဘယ်လိုပဲ ထောက်ပံ့ထောက်ပံ့ ဒီငွေ တွေက အလကားဖြစ်တာပဲ။ ကျွန်တော် အဲဒီလိုမြင်ပြီးတော့ လက်မှတ်မထိုးဘဲ နေတာ ဒီလိုမျိုးသူတို့က တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘူး။ လွှတ်တော်ကိုယ်စား လှယ်လောင်းကျင့်ဝတ်တွေကို ဒီလိုမျိုး တာဝန်ယူမှု တာဝန်ခံမှုမရှိဘဲ မကျင့်သုံး လည်းရတယ်ဆိုတဲ့ ပုံသဏ္ဌာန်မျိုးကိုရေး ထားတော့ ပါတီကြီးတွေရဲ့ ဒုက္ခပေးမှာကို ကျွန်တော်တို့ ပါတီသေးတွေက စိုးရိမ် နေတာ။ ကျွန်တော်တို့အစိုးရနှစ်ရပ်ခံစား ဖူးပြီးပြီဗျာ။ အရပ်သားအစိုးရလက်ထက် မှာ ပြည်ခိုင်ဖြိုးအစိုးရလက်ထက် NLD အစိုးရလက်ထက် လွှတ်တော်ထဲမှာ တစ် ပါတီတည်း ကြီးစိုးသွားတဲ့အခါမှာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုက အရမ်းနှောင့်နှေးသွား တာကို တွေ့ရတယ်။ ကျွန်တော်တို့လိုချင် တာက ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအညီ ကျွန်တော်တို့နိုင်ငံကြီးကို ပါတီစုံ ဒီမို ကရေစီစနစ်ကို ဖော်ဆောင်ဖို့အတွက်ကို ၂ဝဝ၈ ဖွဲ့စည်းပုံကြီးက ပေါ်ပေါက်လာ တယ်။ တစ်ပါတီတည်း ကြီးစိုးသွားမယ် ဆိုရင် ကျွန်တော်တို့တိုင်းပြည်က ကျွန်တော် တစ်ထစ်ချပြောလိုတယ် ဘယ်သောအခါ မှ ဒီမိုကရေစီစံနှုန်း မရတဲ့အပြင် တိုင်း ပြည်က တဖြည်းဖြည်းနဲ့နောက်ဆုတ်သွား မယ်။ ဘာကြောင့် ပြောသလဲဆိုရင် လွှတ် တော်တွင်းမှာ အတိုက်အခံဆိုတာနည်းသွား မယ်။ ကောင်းသောအတိုက်အခံဖြစ်ရင် တောင် မအောင်မြင်မှုတွေဖြစ်နိုင်တယ်။ ကျွန်တော်တို့ထင်ထားတာက အရပ်သား ကော်မရှင်ဖြစ်လာရင် ကျွန်တော်တို့နိုင်ငံ ရေးပါတီတွေအနေနဲ့ နွေးနွေးထွေးထွေး ဆက်ဆံရမယ်လို့ထင်ခဲ့တာလေ။ ဒါပေမဲ့ အထင်နဲ့အမြင်က တလွဲစီ ဖြစ်နေတယ်။ ပြောချင်တာက လက်နက်ကိုင်မှ အာဏာ ရှင်လို့ပြောတာ မဟုတ်ပါဘူး။ အာဏာ ဆွဲကိုင်ပြီး အာဏာသုံးရင်လည်း အာဏာ ရှင်ပဲလို့ ကျွန်တော်ပြောချင်တယ်။
ဦးကျော်သူအောင်
(အထွေထွေအတွင်းရေးမှူး၊ အမျိုးသားနိုင်ငံ ရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ)
ပထမဦးဆုံးပြောရမယ်ဆိုရင် ကျွန် တော်က ဦးသိန်းစိန်လက်ထက်တုန်းက ပထမဦးဆုံး CoC Draft ရေးဆွဲရေး ကော်မတီဝင်အဖြစ် ကျွန်တော် ပါခဲ့ပါ တယ်။ ဒီတစ်ခေါက်မှာတော့ နိုင်ငံရေး အခြေအနေအရ မအားလပ်တဲ့ ကိစ္စရပ်တွေ ကြောင့် ဒုတိယအကြိမ် ပြန် Review တာ ပေါ့။ Code of Conduct အစည်းအဝေး ခုနစ်ကြိမ်မှာ ရွေးချယ်ရေးကော်မတီမှာ မပါပါဘူး။ ဒါပေမဲ့ တစ်ခုရှိတာက ဘာ ဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့နိုင်ငံ ရေးပါတီ၊ ရေးဆွဲရေး ကော်မတီဝင်တွေမှာ ၁၅ ပါတီလား ၁၆ ပါတီလား မသိဘူး ရှိတယ်။ အဲဒီမှာဘာထည့်ခိုင်းတာလည်းဆို တော့ အမျိုးသားခေါင်းဆောင်ရေးပုံနဲ့ တိုင်းပြည်ရဲ့သမိုင်းဝင် အထင်ကရပုဂ္ဂိုလ် တွေရဲ့ပုံနဲ့ အသုံးပြုပြီး မဲဆွယ်တာက ကျင့်ဝတ်နဲ့မညီဘူး။ နိုင်ငံတကာမှာလည်း မရှိဘူးပေါ့နော့်။ အဲဒါကို ကျွန်တော်တို့က ထောက်ပြတဲ့အခါမှာ ရေးဆွဲရေးကော်မတီ ဝင် ပါတီတွေထဲမှာ မဲခွဲလိုက်တဲ့အခါမှာ ၁၂ပါတီကတော့ ဒါထည့်သင့်တယ် အများ စု ဖြစ်တယ်။ Majority အရ များတယ်။ ရေးဆွဲတဲ့အခါမှာ သုံးပါတီလောက်က တော့ မထည့်ပါနဲ့လို့ပြောတယ်။ သုံးပါတီ လောက်မထည့်ပါနဲ့လို့ ပြောတဲ့ပါတီတွေ ထဲမှာ လက်ရှိ ကျွန်တော်သိသလောက် အာဏာရ ပါတီပါတယ်လို့ကြားတယ်။ ဒီ အချက်ကို မထည့်ပါနဲ့လို့ သူတို့က ပြော တယ်ပေါ့နော်။ အဲဒီအခါမှာ ကျွန်တော်တို့ က ဒီကနေ့အစည်းအဝေးမတက်ခင် မနက် ပိုင်းမှာ ဆွစ်ဇာလန်သံရုံးကိုလည်း စာပို့ တယ်။ ကြိုပြီးစာပို့တယ်။ ဒီအချက်ကို မှတ်ချက်နဲ့ ထည့်ပေးပါ။ ထည့်ပေးမယ် ဆိုရင် ကျွန်တော်တို့ လက်မှတ်ထိုးမယ်လို့ ပြောတာကို မထည့်ပေးဘူး။ ကော်မရှင် ကိုလည်းစာပို့တယ် သူတို့က မထည့်ပေး ဘူး။ ကျွန်တော်သိသလောက်ဆိုရင် အခု ၂၅ ပါတီလောက်က၊ အနိမ့်ဆုံးက ၂၅ပါတီ လောက်က ဒီကျင့်ဝတ်ကို လက်မှတ် မထိုးဘူးပေါ့နော်။ တခြား တိုင်းရင်းသား ပါတီတွေက သူတို့ကို မဖိတ်ကြားတဲ့ အတွက် ရေးဆွဲတဲ့အခါမှာ မဖိတ်ကြားဘူး အကြောင်းအကြားတဲ့အတွက် ပွဲကျမှာ ဖိတ်တဲ့အတွက် တချို့ပါတီတွေက မထိုး ဘူးလို့ ကျွန်တော်သိရတယ်။ ဒါက ဖြစ် သင့်ပါတယ်။ ဥပမာ အမေရိက နှစ်ပေါင်း ၂ဝဝ ရှိတဲ့ ဒီမိုကရေစီနိုင်ငံမှာတောင်မှ မဲဆွယ်တဲ့အခါမှာ ကိုယ့်ပုံကိုယ်ထောင်ပြီး မဲဆွယ်တာပဲရှိတယ်။ ဂျော့ဝါရှင်တန်ပုံတို့ အီဗရာဟင်လင်ကွန်းပုံတို့ ပုံတွေကိုသုံးပြီး မဲဆွယ်တာမရှိခဲ့ဘူး။ အဲဒီတော့ ပါလီမန် ခေတ်မှာလည်း ဒီလိုပဲ ဗိုလ်ချုပ်အောင်ဆန်း ပုံကိုသုံးပြီး မဲမဆွယ်ဖို့ တားမြစ်ခဲ့တဲ့ ကျွန် တော်တို့တိုင်းပြည်ရဲ့ သမိုင်းအတွေ့အကြုံ တွေ ရှိတဲ့အခါကျတော့ ဒီဟာတွေက တကယ်ကျင့်ဝတ်ရေး ရေးဆွဲတဲ့အခါမှာ ထည့်သင့်တာဟာ ဖြစ်တယ်။ ကျင့်ဝတ် ဆိုတာ လူကြီးလူကောင်းရဲ့ ကတိကဝတ် ဖြစ်တဲ့ လူကြီးလူကောင်းဆန်စွာ ရွေး ကောက်ပွဲဝင်မယ်ဆိုရင် ကိုယ့်ပုံနဲ့ကိုယ်ပဲ ကိုယ့်အရည်အချင်း ကိုယ်ပြပြီး လူထုကို မဲဆွယ်တာအကောင်းဆုံးပဲလို့ ကျွန် တော် က မြင်တယ်။ ဒါကြောင့် ကျွန်တော်တို့ အမျိုးသားနိုင်ငံရေး မဟာမိတ်ပါတီအနေနဲ့ လက်မှတ်မထိုးခဲ့ပါဘူး။
ဦးအောင်ဖြိုးကျော်
(အထွေထွေအတွင်းရေးမှူး၊ အမျိုးသား တိုးတက်ရေးပါတီ)
ကျွန်တော်တို့ အမျိုးသားတိုးတက်ရေး ပါတီအနေနဲ့ ဒီ CoC စတင်ရေးဆွဲနေပြီ ဆိုတဲ့အချိန်မှာတည်းက ကျွန်တော်တို့ လှုပ်ရှား ပါဝင်ခဲ့ပါတယ်။ ပါတီ ၂၄ ပါတီ လောက်စုစည်းပြီး ဒီကိစ္စတွေ ဆောင်ရွက် နေတယ်ဆိုတာ ကြိုတင်သိရှိပြီးတော့ ပါတီခဲ့တယ်။ ကျွန်တော်တို့ ပါတီတွေ ဝင်ပါခဲ့တုန်းကလည်း တကယ်တန်းပြော ရင် သူတို့က ကျွန်တော်တို့ပါတီကို သိပ် မပါစေချင်ဘူး။ ချန်ထားခဲ့တယ်။ ဒါပေမဲ့ ပထမပါတီစာရင်းပေးတဲ့အထဲမှာ ကျွန် တော်တို့က ပါထားရဲ့သားနဲ့ သူတို့က တမင် သက်သက်ချန်ခဲ့တာကို ဒါမျိုး မဖြစ်သင့်ပါဘူး။ ကျွန်တော်တို့ကို မေးမြန်း ပြီးတော့ ပါမယ်လို့ပြောပြီးမှ အခုချိန်မှာ မခေါ်ဘူးဆိုတော့ နောက်ကနေလိုက်ပြီး အီးမေးလ်တွေပို့တယ်၊ နာမည်စာရင်းတွေ သွင်းတယ်၊ ပြောရရင်တော့ စီအိုစီ ကိစ္စ တွေမှာ ပူးပေါင်းပြီးတော့ ဆောင်ရွက်ခဲ့ တယ်။ ၂ဝ၁၅ ခုနှစ်တုန်းကလည်း ဒီဟာနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ခဲ့တာရှိ တယ်။ ဦးတင်အေးကော်မရှင်မှာ ပါတီ အားလုံးပူးပေါင်းပြီး ဆောင်ရွက်ခဲ့တာကို တွေ့ရတယ်။ ဒီနှစ်မှာတော့ ဘာဖြစ်လဲ ဆိုတော့ ကျွန်တော်တို့ပါတီတွေ ပြီးခဲ့တဲ့ ခြောက်ကြိမ်မြောက် အစည်းအဝေး မတိုင် ခင်မှာဖြစ်ခဲ့တဲ့ ကဏ္ဍလေးတစ်ခုရှိပါတယ်။ ကျွန်တော်တို့ အမှတ်မမှားဘူးဆိုရင် NDF က ပါတီကိုယ်စားလှယ်တစ်ယောက်က တင်ပြပြီးတော့ သူတို့က တောင်းဆိုပြီး တော့ ကျွန်တော်တို့ပါတီအားလုံး စုပေါင်း ပြီးတော့ မဲခွဲဆုံးဖြတ်ပြီးတော့ တိုတိုပြော ရမယ်ဆိုရင် ကျွန်တော်တို့ အနိုင်ရရှိတယ် ပေါ့ဗျာ။ အဲလိုအနိုင်ရရှိခဲ့တဲ့ ဖြစ်တဲ့ဟာ တစ်ခုကို သက်ဆိုင်ရာ အခုအချိန်မှာ သမာ သမတ်နဲ့တရားမျှတစွာနဲ့ လွတ်လပ်မျှတမှု နဲ့ တရားမျှတမှုရှိရှိနဲ့ ဆောင်ရွက်ပေးပါ မယ်ဆိုတဲ့ ရွေးကောက်ပွဲကော်မရှင်ကြီးက ဒါကို မဲခွဲဆုံးဖြတ်တဲ့အနိုင်တရားကို မကြည့် ဘဲနဲ့ သူတို့ရဲ့ သဘောသဘာဝလား ဘယ် သူ့သဘောသဘာဝနဲ့ ဆုံးဖြတ်လိုက်လည်း မသိဘဲနဲ့ ဒီအချက်ကို ချွင်းချက်အနေနဲ့ ထည့်ပေးပါလို့ အတန်တန် ပြောသော် လည်း ချန်ခဲ့တာကို ကျွန်တော်တို့ တွေ့ခဲ့ရ တယ်။ ဒါကြောင့် ကျွန်တော်တို့ပါတီအနေ နဲ့ ဒီကနေ့လက်မှတ်ထိုးပွဲမှာ တက်ရောက် ပေမယ့်လည်း လက်မှတ်ထိုးခြင်း မရှိပါ ဘူး။ အဓိက ကျွန်တော်တို့ဆိုလိုချင်တာက ဒီမှာရှိတဲ့အချက်အလက်တွေကို ပါတီ အားလုံးက သဘောတူကြတယ်။ ပြိုင်ပွဲ အားလုံးမှာပြိုင်ကြမယ့် အဖွဲ့အားလုံးက သဘောတူကြမယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့သဘောမတူစရာ အကြောင်းမရှိပါ ဘူး။ ဒါပေမဲ့ အားလုံးက သဘောမတူဘဲနဲ့ ဒါလေးကို ဒီလိုလုပ်ပေးပါပြောတဲ့ဟာကို သူတို့ကလက်မခံဘဲနဲ့ သူတို့စိတ်တိုင်းကျ ချယ်လှယ်တယ်ဆိုရင် ဒါတရားမျှတမှုမရှိ နိုင်ဘူးလို့ ကျွန်တော်တို့မြင်တယ်။ လာမယ့် ရွေးကော်ပွဲမှာလည်း တရားမျှတမှုက တော်တော်လေးကို ခဲယဉ်းသွားမယ့်ပုံစံ ဖြစ်နေတဲ့အတွက် ကျွန်တော်တို့က Code of Conduct ပေါ် မှာ လက်မှတ်ထိုးခြင်း မရှိပါဘူး။ နိုင်ငံပေါ်မှာလည်း အိန္ဒိယကို အဓိကထားပြီး ပြောမယ်ဆိုရင် သူတို့နိုင်ငံမှာ အလေးအမြတ်ထားတဲ့ မဟတမဂန္ဓီ ရှိတယ်။ မဟတမဂန္ဓီပုံကိုသုံးပြီး မဲဆွယ် မှုမရှိရဘူးဆိုပြီးတော့ သေသေချာချာကို ဥပဒေနဲ့ပြဋ္ဌာန်းထားတာရှိတယ်။ ပြီးတော့ သက်ဆိုင်ရာ Code of Conduct တွေမှာ လည်း အရွေးချယ်ခံကြမယ့် ကိုယ်စား လှယ်လောင်းတွေကလည်း သက်ဆိုင်ရာ Code of Conduct နဲ့အညီ မဲဆွယ်ကြပါ မယ်ဆိုတဲ့ အားလုံးက သဘောတူလက် မှတ်ရေးထိုးခဲ့ကြတာရှိတယ်။ ဒါပေမဲ့ဒီမှာ Code of Conduct ကို လက်မှတ်မထိုး တဲ့ပါတီပေါင်းပါတီ ၂ဝကျော်ရှိပါတယ်။ နောက်ထက်လည်း တိုင်းရင်းသားပါတီ တွေအနေနဲ့ လက်မှတ်မထိုးကြတာ ကျွန် တော်တို့ မျက်မြင်တွေ့ရတယ်။ အဲဒီလို တွေ့တဲအချိန်မှာပဲ ကျွန်တော်တို့ လက်မှတ် ထိုးပွဲ အခမ်းအနားဟာ အောင်မြင်သင့် သလောက် မအောင်မြင်ဘူးလို့ ဆိုချင် တယ်။ ဒီလိုမအောင်မြင်တဲ့ အခမ်းအနား ကြီးတစ်ခုကို ငွေကုန်ကြေးကျခံပြီး ကျင်းပ နေမယ့် အတူတူတော့ ကျွန်တော်တို့မှာ တရားမျှတမှုကိုလိုချင်တဲ့ ပြည်သူလူထုရော တရားမျှတမှုကိုလိုချင်တဲ့ ပါတီတွေကရော လာမယ့်ရွေးကောက်ပွဲမှာ အောင်မြင်မှု တစ်ခုအနေနဲ့ အားလုံးက ပြိုင်တူကြိုးစားဖို့ ဆိုတာ တော်တော်လေးကို ခဲယဉ်းနေတဲ့ အနေအထားဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်။
Crd : The Union Daily

0 comments:

Post a Comment