Monday, June 1, 2020

ရန်ကုန်မြို့ ကုတင်(၅၀၀)ဆေးရုံ ဓာတ်မှန်ခန်း မီးလောင်မှု ထိခိုက်ဒဏ်ရာရရှိသူ မရှိ

ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ပြည်လမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်ရှိ ကုတင်(၅၀၀)ဆံ့ဆေးရုံ၏ ငါးထပ်ဆောင်သစ်ရှိ ဓာတ်မှန်ခန်းတွင် ယနေ့ (ဇွန် ၁ ရက်) ညနေ ၅နာရီ ၂၃ မိနစ်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း အဆိုပါ ဆေးရုံတာဝန်ခံတစ်ဦးက ပြောကြားသည်။
"ခုမီးငြိမ်းသွားပါပြီ၊ လူနာတွေတစ်ယောက်မှ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး၊ လူနာတွေကိုလည်း အချိန်မီ ရွေ့ပြောင်းပေးခဲ့ပါတယ်၊ မီးလောင်တဲ့အကြောင်းရင်း သက်ဆိုင်ရာက စစ်ဆေးနေပါတယ်" ဟု ၎င်းကဆိုသည်။
အဆိုပါ ဆေးရုံမီးလောင်ကျွမ်းမှုကို မီးသတ်ဦးစီးဌာနမှ Level-2သတ်မှတ်၍ မီးငြှိမ်းသတ်ခဲ့ပြီး ညနေ ၅နာရီ ၃၆မိနစ်တွင် ဆေးရုံအတွင်းရှိ လူနာများအား ဘေးလွတ်ရာသို့ ကယ်ဆယ်ရွေ့ထုတ်ပေးခဲ့ကြောင်း၊ ၅နာရီ ၄၂မိနစ်တွင် အပြီးသတ်ငြှိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် လက်ရှိတွင် မီးလောင်သည့်နေရာအား စစ်ဆေးမှုများပြုလုပ်နေကြောင်း ကျောက်တံတားမြို့နယ် မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
>>zawgyi<<

0 comments:

Post a Comment