Monday, June 1, 2020

ဗိုလ်တထောင်စေတီတော် ဘက်စုံပြုပြင်တည်ဆောက်ရေးအတွက် ကျပ်သိန်းပေါင်း ၂ သောင်းကျော်နှင့် အလေးချိန် ၁၅ဝဝ ကျပ်သားကျော်ရှိ လက်ဝတ်ရတနာမျိုးစုံ ရရှိထား

ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဘက်စုံပြုပြင်တည်ဆောက်ရေးအတွက် အလှူငွေ (၂ဝရ၆၅၁၃၉၈၄ ဒသမ ၅၄ဝိ/-)နှင့် ရွှေ/ ကျောက်မျက်များဖြင့် ပြုလုပ်ထားသော အလေးချိန် ၁၅ဝဝ ကျပ်သားကျော်ရှိ လက်ဝတ်ရတနာမျိုးစုံ ၅ဝဝဝ ကျော်ကို အလှူခံရရှိထားကြောင်း သိရသည်။
ပြည်တွင်း/ ပြည်ပရှိ စေတနာရှင် အလှူရှင်များက သဒ္ဓါတရားထက်သန်စွာဖြင့် အလှူငွေနှင့် ကျောက်မျက်ရတနာများ ထည့်ဝင်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း စေတီတော်ဘက်စုံပြုပြင်မွမ်းမံရေး ဦးစီးကော်မတီက မေလ ၂၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်နှင့် ပျက်စီးနေသည့်နေရာများ စစ်ဆေးပြင်ဆင်ခြင်းနှင့် သာသနိက အဆောက်အဦများအား ဘက်စုံပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ် ဇန်န ဝါရီ ၃၁ ရက်တွင် စေတီတော်ဘက်စုံ ပြုပြင်မွမ်းမံရေးဦးစီးကော်မတီ ၁ ခုနှင့် လုပ်ငန်းကော်မတီ ၉ ခုတို့ကို ဖွဲ့စည်းခဲ့သည်။
လက်ရှိတွင် စေတီတော်ဘက်စုံပြုပြင်ရေးလုပ်ငန်းများအနက် ၁၅ ခန်း တန်ဆောင်းနှင့် မင်္ဂလာသိဒ္ဓိတန်ဆောင်း တို့အား ဖျက်သိမ်း၍ တန်ဆောင်းများအတွင်းရှိ ဘုရားစေတီ ရုပ်ပွားတော်များအား ဇမ္ဗူဥသျှောင်ဘုရားတန်ဆောင်း၊ အဆောင် ၂ နှင့် အဆောင် ၄ များသို့ ပြောင်းရွှေ့ခြင်း၊ စိန်ဖူးတော်၊ ငှက်မြတ် နားတော်၊ ထီးတော်များ အသစ်တင်လှူ ပူဇော်ခြင်း၊ ၉၉ လက်မပတ်လည် ရွှေစင် ရွှေပြား ၈၇၂၆ ချပ်တို့ဖြင့် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်းနှင့် ခေါင်းလောင်းတော်တခုလုံးကပ်လှူပူဇော်ခြင်း၊ ဆံတော် တိုက်ပတ်လည်ရှိ ပြခန်း ၁၆ ခန်းအား ပြန်လည်ပြုပြင်ပြီး ရုပ်ပွားတော်များစနစ် တကျပြင်ဆင်ပြသခြင်း၊ မေ ၂၄ ရက်တွင် မဟာဇေယျသိဒ္ဓိ မေတ္တာရှင်မုနိမြတ်စွာ ဘုရား(အစ်မတော်မြနန်းနွယ်ဘုရား)၊ အစ်မတော်မြနန်းနွယ်ရုပ်တုတော်နှင့် နဂါးမယ်တော်တို့အား ပြောင်းရွှေ့ပူဇော်ခြင်းလုပ်ငန်းများ ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
crd-News Watch #Myanmar_Online_News
>>zawgyi<<
ဗိုလ်တထောင်စေတီတော် ဘက်စုံပြုပြင်တည်ဆောက် ရေးအတွက် ကျပ်သိန်းပေါင်း ၂ သောင်းကျော်နှင့် အလေးချိန် ၁၅ဝဝ ကျပ်သားကျော်ရှိ လက်ဝတ်ရတနာမျိုးစုံ ရရှိထား

0 comments:

Post a Comment