Tuesday, June 2, 2020

ရန်ကုန်တိုင်းတွင် လစ်လပ်နေသည့် စီမံဘဏ္ဍာဝန်ကြီးနေရာခန့်အပ်ရန် နေပြည်တော် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးအားတိုင်းလွှတ်တော်သို့ တင်သွင်း

လစ်လပ်နေသည့် ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးနေရာအား နေပြည်တော် ဒုတိယမြို့တော် ဝန် ဦးရဲမင်းဦးအား တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြခဲ့ကြောင်း သိရသည်။
ယနေ့ (ဇွန် ၂ ရက်) တွင်ပြုလုပ်နေသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အရေးပေါ် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခင် ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးတာဝန်အား ဝန်ကြီးဦးမြင့်သောင်းမှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၎င်းသည် ဧပြီ ၂၀ ရက်တွင် ကွယ်လွန်ခဲ့သဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးနေရာ လစ်လပ်နေသည့်အတွက် ဦးရဲမင်းဦးအား ဝန်ကြီးတာဝန်ထမ်းဆောင်ရန် လွှတ်တော်သို့ တင်ပြခြင်းဖြစ်သည်။
ဦးရဲမင်းဦးမှာ ယခင်က AGD ဘဏ်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ပြီးခဲ့သည့်နှစ်တွင် နေပြည်တော် ဒုမြို့တော်ဝန်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသူ ဖြစ်သည်။
Crd : Yangon Hluttaw

0 comments:

Post a Comment