Tuesday, June 2, 2020

မြိတ်မြို့တွင် နေရာတကာ ဂျာနယ်မှသတင်းထောက်တစ်ဦး လုပ်ငန်းရှင်တစ်ဦး၏ကားကိုတိုက်ပြီးထွက်ပြေးသွားကြောင်းသိရ

မြိတ်မြို့ရှိနေရာတကာသတင်းထောက် ဦးစိုးမိုးနိုင် (ခ)နောင်တနောင် ကလောင်အမည် TNI (မြိတ်သား)ဆိုသူမှာမေလ ၂ ရက်နေ့နံနက် ပိုင်းက ကားတိုက်ပြီးထွက်ပြေးသွားကြောင်းသိရသည်။
မြိတ်မြို့ ကွက်သစ်ဘက်မှ ဆိပ်ငယ်ဘက်သို့ကမ်းနားလမ်းအတိုင်း မောင်းနှင်လာတဲ့ကားနံ ပါတ် YGN /4L-5850 မှာ WE LOVE MYEIK ဆိုင်ဘုတ်အနီးအရောက်မှာ သံဃာတော်တစ်ပါးလမ်းဖြတ်ကူးတာကြောင့် ကားအရှိန်လျှော့လိုက်ရာ နောက်မှဆိုင်ကယ်မောင်နှင်လာတဲ့ ဦးစိုးမိုးနိုင်ဆိုသူမှ ကားအနောက်ဘက်ခြမ်းအား ၀င်တိုက်ကာမောင်းနှင်ထွက်ပြေးသွားကြောင်းသိရသည်။
ယာဥ်တိုက်မှုဖြစ်စဉ်ဖြစ်ပွားစဉ် ယာဉ်မောင်းလာသူ ဦးလှသန်းအားတွေ့ဆုံဖြေရှင်းခြင်းမရှိပဲ မောင်းနှင်ထွက်ပြေးသွားခဲ့ရာ ဆိုင်ကယ်မောင်းနှင်သူရဲ့ဖုန်းနံပါတ် များစုံစမ်းကာ လာရောက်ဖြေရှင်းရန်ခေါ်ယူထားကြောင်းသိရပြီး ကားမှာလက်ရှိကံဖျားမြေနီလနမ်းရှိ ဝေါ့ရှော့ တွင်ရှိနေပြီးအဆိုပါနေရာတကာသတင်းထောက်ကိုဆက်သွယ်ခေါ်ယူထားကြောင်းသိရပါသည်။
Crd : Myat Htut - Myeik #Myanmar_Online_News

0 comments:

Post a Comment