Tuesday, June 2, 2020

အမြန်လမ်းကြီးတွင် မောင်းနှင်သွားလာနေသော ယာဉ်မောင်းရှိစေရန် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေပါ အချက်များကို ထုတ်ပြန်‌‌ကြေညာ

၂၀၂၀ခုနှစ် မေလ(၂၆) ရက်နေ့တွင် ယာဥ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဥ် စီမံခန့်ခွဲမှု ဥပဒေကို ပြည်ထောင်စုလွတ်တော်မှ သတ်မှတ်ပြဋ္ဌာန်း ခဲ့ပါသည်
ထုတ်ပြန် ပြဋ္ဌာန်းလိုက်သည့် ဥပဒေပါ အမည်အဓိပ္ပါယ်ဖော်ပြချက်များ /ရည်ရွယ်ချက် /လုပ်ငန်းတာဝန်များ /မှတ်ပုံတင်ခြင်း /အယူခံခြင်း/လိုင်စင် /လျော်ကြေးငွေ ပေးဆောင်ခြင်းများ အပါအဝင် စည်ကမ်းထိန်းသိမ်းခြင်းနှင့် အရေးယူခြင်း နှင့် ပြစ်ဒဏ်များကို အသေးစိတ် ဖော်ပြ ထားရှိပြီး ပြည်သူအများ သိရှိစေရန် သတင်းစာ နှင့် ရုပ်/သံ များမှထုတ်ပြန်ပြီးဖြစ်ပါသည်
သို့ဖြစ်ပါရျ် ဥပဒေ သစ်အရ အမြန်လမ်းမ ပေါ်တွင် မော်တော်ယာဥ်ဆိုင်ရာ ပြစ်မှုများနှင့် သတ်မှတ်အရှိန်နှုန်း ကျော်လွန်မောင်းနှင်ခြင်းများအတွက် သက်ဆိုင်ရာ တရားရုံးများမှ ချမှတ်ပြစ်ဒဏ်များသည် ယခင်ကထက် ပိုမို ကြီးလေး သတ်မှတ်စီရင်ရမည်ဖြစ်သဖြင့် အမြန်လမ်းမတလျောက် သွားလာကြမည့်ခရီးသွားပြည်သူများအနေဖြင့် တရားရုံးတွင် ထိရောက်ပြစ်ဒဏ် မခံယူရစေရေးအတွက် ယာဥ်ကို အန္တရာယ်ကင်းစွာ သတ်မှတ်အရှိန်အတိုင်းသာ မောင်းနှင်ကြပါရန်နှင့် သတ်မှတ်ထားသည့် ဥပဒေများကို အလေးထားလိုက်နာ ခြင်းဖြင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ တပ်ဖွဲ့ဝင်မျာနှင့်အတူ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးနိုင်ကြပါရန် ပြည်သူအကျိုးရှေးရှုရျ် သတိပေးဖော်ပြအပ်ပါသည်
Crd : အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး #Myanmar_Online_News

0 comments:

Post a Comment