အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကနေ ရွေးချယ်ပြီး မြို့မိမြို့ဖများရဲ့ ကိုယ်စားလှယ်လောင်းရွေးဦးစားပေးသတ်မှတ်ရွေးချယ်ထားမှုမှာ ဘတ်လိုက်မှုအချို့ရှိခဲ့တယ်လို့ ဒီချုပ်ရဲ့ ဒုဥက္ကဌဖြစ်သူ မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကပြောပါတယ်။
ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတွေရွေးချယ်ရာမှာ မျှတမှုရှိဖို့အတွက် သက်ဆိုင်ရာမြို့နယ်တွေက မြို့မိမြို့ဖတွေကတစ်ဆင့် ရွေးချယ်စေခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။လာမယ့်ရွေးကောက်ပွဲအတွက်ကိုယ်စား လှယ်လောင်း လျှောက်လွှာတင်သူ မန္တလေးတိုင်းမှာ ၅၆၀ကျော်ရှိနေပါတယ်။
မြို့နယ်အဆင့်က ရွေးချယ်တင်ပြထားတဲ့ကိုယ်စားလှယ်လောင်းစာရင်းများကို ဇွန်လကုန်အထိ တိုင်းအဆင့်အနေနဲ့စိစစ်ရွေးချယ်ပြီးနောက် ဗဟိုအဆင့်တင်ပြရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅အထွေထွေရွေးကောက်ပွဲမှာ ဒီချုပ်က ပြည်သူ့လွှတ်တော်မှာ ၂၅၅နေရာ၊ အမျိုးသားလွှတ်တော်မှာ ၁၃၅နေရာနဲံတိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်အသီးသီးမှာ ၄၇၅၊ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်နေရာ ၂၁နေရာအနိုင်ရခဲ့တာဖြြစ်ပါတယ်။
လာမယ့် ၂၀၂၀အထွေထွေရွေးကောက်ပွဲကိုလည်း နှစ်ကုန်ပိုင်းမှာကျင်းပဖို့လျာထားတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားတာဖြစ်ပါတယ်။
Ref ; 7Day
0 comments:
Post a Comment