ဂမ်ဘီယာနိုင်ငံရဲ့ထင်ရှားတဲ့တရားရေးဝန်ကြီးလည်းဖြစ်၊ မြန်မာနိုင်ငံကို နိုင်ငံတကာတရားရုံး(အိုင်စီဂျေ)မှာ တရားစွဲရာမှာဦးဆောင်ပါဝင်ခဲ့တဲ့ အဘူဘာကာ တမ်ဘာဒူးဟာ ရာထူးကနေနုတ်ထွက်ခဲ့တယ်လို့ ဂမ်ဘီယာအစိုးရက ကြာသပတေးနေ့မှာပြောပါတယ်။
နိုင်ငံရဲ့ရှေ့နေချုပ်လည်းဖြစ်တဲ့တမ်ဘာဒူးဟာ ဇွန် ၃၀ ရက်ကစပြီး ကုလသမဂ္ဂမှာ အမည်မဖော်ပြသေးတဲ့တာဝန်ထမ်းဆောင်ဖို့ ရာထူးကနေနုတ်ထွက်တာပါ။
၂၀၁၇ ခုနှစ်မှာ တရားရေးဝန်ကြီးအဖြစ်တာဝန်စတင်ထမ်းဆောင်ခဲ့တဲ့သူဟာ နိုင်ငံရဲ့အာဏာရှင်ဟောင်းယာယာ ဂျမ်မာလက်ထက်မှာ မတရားဖိနှိပ်ထားတာတွေကို စုံစမ်းစစ်ဆေးဖို့ရည်ရွယ်တဲ့ ဂမ်ဘီယာရဲ့အမှန်တရား၊ ရင်ကြားစေ့ရေးနှင့် နစ်နာကြေးပေးလျော်ရေးကော်မရှင်ဖွဲ့စည်းရာမှာ အရေးပါခဲ့သူပါ။
နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့လူ့အခွင့်အရေးရှေ့နေရိဒ် ဘရော်ဒီက သူတို့ကြားမှာ အမြဲတမ်းသဘောတူတာမျိုးမရှိပေမဲ့ တမ်ဘာဒူးဟာ လူ့အခွင့်အရေးအကြံပေးတွေရဲ့စကားကိုနားထောင်တယ်လို့ပြောပါတယ်။
ရှေ့နေဒေါ်ဒါ ဂျယ်လိုက တမ်ဘာဒူးရဲ့တာဝန်ကို ဇူလိုင်ကစပြီးလွှဲပြောင်းယူမယ်လို့လည်း ဂမ်ဘီယာအစိုးရက ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံကို လူမျိုးတုန်းသတ်ဖြတ်မှုစွပ်စွဲချက်တွေနဲ့တရားစွဲပြီးတဲ့နောက် တမ်ဘာဒူးကို နိုင်ငံတကာမျက်နှာစာမှာပိုပြီးလူသိများလာပါတယ်။
Ref ; The Fifth Wave News
0 comments:
Post a Comment