အကြမ်းဖက်မှုနဲ့ လူကုန်ကူးမှုပြဿနာ(၂)ခုဟာ ရခိုင်မှာရင်ဆိုင်နေရတဲ့ အန္တရာယ်(၂)ခုဖြစ်သလို အဲဒီ(၂)ခုလုံးဟာလည်း တစ်ကမ္ဘာလုံးမှာခြိမ်းခြောက်နေတဲ့ပြဿနာတွေဖြစ်တယ်လို့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
မနေ့ကဇွန်လ(၂၆)ရက်နေ့မှာကျင်းပတဲ့(၃၆)ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းဝေးမှာ ရခိုင်အရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ မလေးရှားဝန်ကြီးချုပ်ရဲ့ဆွေးနွေးချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်က တုံ့ပြန်ပြောကြားခဲ့တာပါ။
“အကြမ်းဖက်မှုနှင့် လူကုန်ကူးမှုပြဿနာတို့သည် ရခိုင်ပြည်နယ်တွင် မိမိတို့လက်ရှိရင်ဆိုင်နေရသည့် အန္တရာယ်နှစ်ခု ဖြစ်သကဲ့သို့ ယင်းပြဿနာနှစ်ရပ်မှာ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေသည့် ပြဿနာများ ဖြစ်ကြောင်း၊ အာဆီယံအနေဖြင့် ယင်းပြဿနာများကို မိမိတို့ဒေသတစ်ခုတည်းအတွက်သာမက တစ်ကမ္ဘာလုံး၏ တည်ငြိမ်အေးချမ်းမှုနှင့် သဟဇာတဖြစ်မှုကို တိုးမြှင့်နိုင်စေမည့် အပြုသဘောဆောင်သည့် နည်းလမ်းဖြင့် အတူတကွ ပူးပေါင်းဖြေရှင်းနိုင်မယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် လူ့အခွင့်အရေးဟာ လူသားအချင်းချင်းကြား ကောင်းမွန်တဲ့ ဆက်ဆံရေး၊ အပြန်အလှန်လေးစားမှုနဲ့ အပြန်အလှန် ယုံကြည်မှုတို့အပေါ်မှာ အခြေခံရမှာဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါသေးတယ်။
Ref ; O Media
0 comments:
Post a Comment