Saturday, June 27, 2020

NLD ကိုမထောက်ခံသည့် မြို့မိမြို့ဖများရှိနေဟု ပါတီဒုဥက္ကဌ ပြော

မြို့နယ်တိုင်းတွင် ရွေးချယ်လိုက်သည့် မြို့မိမြို့ဖထဲ၌ အမျိုးသားဒီမိုကရေစီပါတီ( NLD )အားမထောက်ခံသည့် မြို့မိမြို့ဖများရှိနေဟု ပါတီဒုတိယဥက္ကဌဒေါက်တာဇော်မြင့်မောင်က ပြောသည်။ ၂၀၂၀ အထွေအ ထွေရွေးကောက်ပွဲတွက် NLD ပါတီ၏ ကိုယ်စားလှယ်လောင်းရွေးချယ်မှုတွင်မျှတစေရန်အတွက် သက်ဆိုင် ရာမြို့နယ်များ၌မြို့မိမြို့ဖတင်မြှောက်ကာ ပါတီတာဝန်ရှိသူများနှင့်ပူးပေါင်းကာ ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ခဲ့ကြသည် ။
" မျှမျှတတ ဖြစ်စေချင်လို့ ဘက်လိုက်မှုကင်းတဲ့ ရွေးချယ်မှုဖြစ်အောင် မြို့မိမြို့ဖထည့်လိုက်တာ။ ဒါကိုတစ်ချို့ကလည်း အခွင့်ကောင်းယူသွားတာ။ မြို့မိမြို့ဖဆိုတာ ဒီလိုရှိတယ်။ မြို့မိမြို့ဖတိုင်းက နိုင်ငံရေးကို စိတ်မဝင်စားဘူး။ ဒါကတော့ သေချာတယ်။ နိုင်ငံရေးနဲ့ ကင်းကွာတဲ့ မြို့မိမြို့ဖရှိတယ်။ နိုင်ငံရေးစိတ်ဝင်စားတဲ့ မြို့မိမြို့ဖရှိတယ်။ NLD ကို အားပေးတဲ့ မြို့မိမြို့ဖရှိတယ်။ NLD ကို မထောကခံတဲ့ မြို့မိမြို့ဖရှိတယ်။ ဒါကငြင်းလို့မရဘူး" ဟု ၎င်း ကပြောသည်။
မြို့မိမြို့ဖရွေးချယ်ရာတွင် မြို့တွင်အနေကြာသူနှင့်ပြည်သူများမှ လေးစားရသူ NLD ပါတီအား တစ်စိုက်မတ်မတ်ထောက်ခံသူဖြစ်ရမည်ဖြစ်ကာ ယင်းအရည်အချင်းများနှင့်ကိုက်ညီမှုရှိသူများကိုသာ ရွေးချယ်တင်မြှောက်ရမည်ဖြစ်ကြောင်းသတ်မှတ်ထားသည် ။
" ကိုယ်နဲ့နီးစပ်တဲ့သူတွေကို မြို့မမြို့ဖ ပေးလိုက်တယ်။ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို မလိုက် နာတာမျိုးတွေရှိတယ်။ မြို့မိမြို့ဖ ကို စိတ်ကြိုက်ရွေးတယ်။ မြို့မိမြိုဖနဲ့ အလုပ်အမှုဆောင်တွေနဲ့ ပေါင်းပြီး မျှမျှတတဖြစ်အောင် ရွေးချယ်စေချင်တာ။ ဒါပေမဲ့ အဲလို မဟုတ်တော့ပဲ ။ ဘက်လိုက်မှုတွေ ရှိပြီး ရွေးတာလေးတွေရှိတယ်။ ဒါလည်းဝန်ခံရမှာပဲ " ဟု ၎င်းကဆက်ပြောသည် ။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်တွင်ကျင်းပခဲ့ပြီး ယခု ၂၀၂၀တွင်ကျင်းပမည့် ရွေးကောက်ပွဲကျင်းပမည့် ရက်အတိအကျကိုမူ ရွေးကောက်ပွဲကော်မရှင်(UEC)က အတိအကျမထုတ်ပြန်ထားခြင်းမရှိသေးပေ ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) သည်၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် စတင်တာဝန်ယူခဲ့ပြီး ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။
Ref ; The Fifth Wave News

0 comments:

Post a Comment