ကရင်ပြည်နယ်၊ ဘားအံက ဇွဲကပင်တောင်ပေါ် တစ်ယောက်ထဲတက်သွားတဲ့ တက္ကသိုလ်ကျောင်းသူကို ဒီနေ့ ဇွန်လ (၂၇)ရက်၊ မနက်(၁၀)နာရီခွဲဝန်းကျင်မှာရှာတွေ့ပြီလို့ ဘားအံခရိုင်မီးသတ်ဦးစီးမှူးရုံးက သိရပါတယ်။
သူ့ကိုတော့ ဇွဲကပင်တောင်ပေါ်ကနေ ခန့်မှန်းပေ(၃၀၀)ဝန်းကျင် တောင်အောက်ကနေ ပေ(၂၀၀၀)ကျော်မှာ ဒရုန်းနဲ့ ပုံရိပ်ကို ရှာတွေ့ထားတာလို့ သိရပါတယ်။
“ရာသီဥတုအခြေအနေကြောင့် ဆင်းဖို့ကြိုးစားနေတယ်။ အောက်ခြေတော့ မရောက်သေးဘူး။ ရာသီဥတုက မြူတွေတအားဆိုင်းပြီး ပျောက်သွားလိုက်၊ ပေါ်လာလိုက်ဖြစ်နေလို့။ သူကို ဇွဲကပင်တောင် ဥယျာဉ်ဘက် လမ်းဘက်ခြမ်းမှာတွေ့တာပါ။ အသက်ရှင်နေသေးလား၊ သေဆုံးလားမသိရသေးဘူး။”လို့ ဘားအံခရိုင်မီး သတ်ဦးစီးမှူး ဦးသန့်စင်ဝင်းက ပြောပါတယ်။
ပျောက်ဆုံးသွားသူဟာ အသက်(၂၀)အရွယ်ဖြစ်ပြီး ဇွန်လ(၂၅)ရက်၊ နေ့လယ်(၁)နာရီဝန်းကျင်က ဇွဲကပင် တောင်ကို တစ်ယောက်ထဲတက်ရင်း ပျောက်ဆုံးသွားတာလို့ သိရပါတယ်။
ပျောက်ဆုံးသွားသူဟာ သတ္တဗေဒတက္ကသိုလ်ကျောင်းသူဖြစ်ပြီး တောင်ခြေမှာ သူစီးသွားတဲ့ ဆိုင်ကယ်ကို တွေ့ခဲ့သလို အလှူခံဌာနမှာလည်းငွေလှူဒါန်းထားတာကိုတွေ့ရတယ်လို့ ဆိုပါတယ်။
Ref ; O Media
0 comments:
Post a Comment