Saturday, June 27, 2020

ထိုင်းCOVID-19 အရေးပေါ်အမိန့်ကို နောက်တစ်လသက်တမ်းတိုးနိုင်ချေရှိ

COVID-19 ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်ထုတ်ပြန်ထားသည့်အရေးပေါ်အမိန့်ကို ဇူလိုင် ၁ ရက်အထိသက်တမ်း ထပ်တိုးရန် ထိုင်းအမျိုးသားလုံခြုံရေးကောင်စီက အကြံပြုသည်။ ယခုလကုန်တွင် အရေးပေါ်အမိန့်သက်တမ်းကုန်မည်ဖြစ်သည်။
COVID-19 အခြေအနေ ဆက်လက်စိုးရိမ်နေရသဖြင့် နောက်ထပ်တစ်လ သက်တမ်းတိုးစေချင်ကြောင်း ကောင်စီအထွေထွေအတွင်းရေးမှူး ဆွမ်ဆက် ရောင်စီတာက ကြာသပတေးနေ့တွင်ပြောသည်။
ဗုဒ္ဓဟူးနေ့တွင် ထိုင်းမှကျောင်းများ ပြန်ဖွင့်မည်ဖြစ်ပြီး တနင်္လာနေ့တွင်ပြုလုပ်မည့် ထိုင်းCOVID-19 အခြေ အနေ ကြီးကြပ်ကွပ်ကဲရေးဗဟိုဌာန(CCSA) အစည်းအဝေးတွင် ကူးစက်နိုင်ချေများသည့်နိုက်ကလပ်အပါ အဝင် စီးပွားရေးလုပ်ငန်းများပြန်ဖွင့်၊ မဖွင့် ဆုံးဖြတ်မည်ဟုလည်း ဆွမ်ကစ်ကပြောသည်။
အမိန့်သက်တမ်းတိုးရန် အဆိုပြုထားသည်ကိုလည်း တနင်္လာနေ့တွင် ဆုံးဖြတ်မည်ဖြစ်သည်။ အကယ်၍ အတည်ပြုခဲ့ပါက အင်္ဂါနေ့တွင် ထိုင်းအစိုးရအဖွဲ့က အတည်ပြု၊ မပြုဆုံးဖြတ်မည်ဖြစ်သည်။ အမိန့်အရ လူထုစုဝေးမှုနှင့် အခြားလွတ်လပ်ခွင့်များကို တားမြစ်ရန် အာဏာပိုင်များကို အာဏာပေးထားသဖြင့် အမိန့်ကိုအဆုံးသတ်ရန် အတိုက်အခံများနှင့် ဝေဖန်သူများက တိုက်တွန်းနေသည်။
သို့သော် အမိန့်အရ ပိတ်ပင်ထားသည့် လူအများစုဝေးခွင့်ကို သက်တမ်းတိုးပါက ပယ်ဖျက်ပေးနိုင်ချေရှိကြောင်း ထိုင်းလုံခြုံရေး သတင်းရင်းမြစ်တစ်ယောက်က ကြာသပတေးနေ့တွင်ပြောသည်။
Ref ; MeKong News

0 comments:

Post a Comment