Monday, June 1, 2020

ထိုင်းနိုင်ငံတွင် ကန့်သတ်ပိတ်ပင်မှုအချို့ စတင် ဖြေလျှော့ပေး

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ကန့်သတ်ပိတ်ပင်ထားတဲ့ စည်းကမ်းအချို့ကို အခုလ(၁)ရက်နေ့ကစပြီး ဖြေလျှော့ပေးသွားမှာဖြစ်တယ်လို့ ဝန်ကြီးချုပ်ရုံးရဲ့ထုတ်ပြန်ကြေညာချက်ကို CNN သတင်းမှာဖော်ပြထားပါတယ်။
ဖြေလျှော့ပေးမယ့်ကန့်သတ်မှုတွေကတော့ နိုင်ငံတလွှား ညမထွက်ရအမိန့်ကို ည(၁၁)နာရီကနေ မနက်(၃)နာရီအထိသတ်မှတ်သွားမှာဖြစ်ပါတယ်။စာသင်ခန်းတွေကိုလည်းသတ်မှတ်စည်းကမ်းတွေနဲ့အညီ ပြန်ဖွင့်နိုင်မှာဖြစ်ပြီး၊ရှော့ပင်းမောတွေ၊ဈေးတွေနဲ့ ပြပွဲတွေကိုလည်း ည(၉)နာရီအထိ ဖွင့်နိုင်တော့မှာဖြစ်ပါတယ်။Gyms ခန်းမတွေကိုလည်းပြန်ဖွင့်နိုင်မှာဖြစ်ပြီး၊ကစားသူအရေအတွက်ကိုတော့ အချိန်ပိုင်းအလိုက်ကန့်သတ်ထားရမယ်လို့ ဆိုပါတယ်။
အလှအပဆေးခန်းတွေ၊ ဆေးမင်ကြောင်ဆိုင်တွေ၊ ဗြူတီပါလာခန်းတွေကိုလည်း သတ်မှတ်စည်းကမ်းတွေနဲ့အတူ ပြန်ဖွင့်ခွင့်ပေးတော့မှာဖြစ်ပါတယ်။ အားကစားကွင်းတွေမှာလည်း လေ့ကျင့်မှုတွေပြန်လုပ်နိုင်မှာဖြစ်ပြီး၊ ပြိုင်ပွဲယှဉ်ပြိုင်မှုတွေကိုတော့ ခွင့်မပြုသေးဘူးလို့ဆိုပါတယ်။
ရုပ်ရှင်ရုံနဲ့ ပြဇာတ်ရုံတွေကိုလည်း ပြန်ဖွင့်ခွင့်ပေးမယ်ဆိုပေမဲ့ လူနှစ်ရာထက် ပိုမဝင်စေဖို့ ကန့်သတ်ထားမှာဖြစ်ပြီး၊ စတိတ်ရှိုးပွဲတွေကိုတော့ ပိတ်ပင်ထားဦးမှာဖြစ်ပါတယ်။ တိရစ္ဆာန်ရုံနဲ့ အဏ္ဍဝါဥယျာဉ်တွေကိုလည်း ပြန်ဖွင့်သွားဖွယ်ရှိပြီး၊ လူအများကြီး ပေးမဝင်ဘူးလို့တော့ ဆိုထားပါတယ်။
Ref-One News Myanmar #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment