Tuesday, June 2, 2020

ရန်ကုန်တိုင်း တိုင်းမှူးမှ (ကြည်း၊ ရေ၊လေ)တပ်မတော်သားများကိုယ်စား COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ် ၊ ကုသရေးလုပ်ငန်များအတွက် ဆေးရုံသုံးအထောက်ကူပြုပစ္စည်းများ လှူဒါန်းပေးအပ်

ယနေ့ ဇွန်လ ၂ ရက်နေ့တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်ပုံ နှင့်တာဝန်ရှိသူများသည် COVID-19ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးအထောက်အကူဖြစ်စေရန်အတွက် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊လေးထောင့်ကန်၊စိုက်/မွေး ၁ ရပ်ကွက်ရှိ (၁၆-ခုတင်)ဆံ့တိုက်နယ်ဆေးရုံသို့ သွားရောက်၍ (ကြည်း၊ ရေ၊လေ) တပ်မတော်သားများက လှူဒါန်းသည့် COVID-19ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဆေးရုံသုံး အထောက်အကူပြုပစ္စည်းများဖြစ်သော Surgical Mask ၁၀၀၀ ခု ၊ Hand Wash ၃၀ ဘူး၊လက်အိတ် ၁၀၀၀ခု၊ ပိုးသတ်ဆေးပုံး ၁ ပုံး၊ မျက်မှန် ၅၀လက်၊ OT Cap ၅၀၀ ခု၊ Face Shield ၁၀၀ ခု၊ Portable X-rayစက် ၁လုံးတို့အား ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
ထို့ပြင် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် အဆိုပါဆေးရုံ၌တက်ရောက်ကုသမှုခံယူလျက်ရှိသော လူနာများအတွက် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ အင်အားဖြည့် အာဟာရအစားအစာ များဖြစ်သော ငှက်ပျောသီးများ၊ ကြက်ဥများနှင့် နွားနို့များကို ပေးအပ်လှူဒါန်းခဲ့ရာ တာဝန်ခံ ဒေါက်တာ ဇာနည်အောင်မှ လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားများ ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Crd : မှန်နန်းဆောင် #Myanmar_Online_News

0 comments:

Post a Comment