Tuesday, June 2, 2020

၂၄ နာရီအတွင်း စပိန်နိုင်ငံတွင် COVID-19 ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူတစ်ဦးမှ မရှိတော့ကြောင်း ကြေညာ

စပိန်နိုင်ငံတွင် ပြီးခဲ့သည့် ၂၄နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထပ်မံသေဆုံးသူ တစ်ဦးမျှ မရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ကြေညာသည်။
ယင်းသည် မတ်လမှ ယနေ့အထိ ပထမဆုံးအကြိမ်ဖြစ်သည်။ ၂၄ နာရီအတွင်း ကူးစက်သူအသစ် ၇၂ ဦးကိုမူ စစ်ဆေးတွေ့ရှိခဲ့သည်။
ယခုကဲ့သို့ သေဆုံးသူ မရှိတော့ခြင်းသည် စပိန်ပြည်သူများအတွက် အထူးပင် အားတက်ဖွယ်ရာဖြစ်ကြောင်း စပိန်နိုင်ငံ အရေးပေါ်ကျန်းမာရေးတုန့်ပြန်မှုဌာနမှ အကြီးအကဲ ဖါနန်ဒိုဆိုင်မွန်ကပြောသည်။
စပိန်နိုင်ငံတွင် မတ်လ ၃ ရက်နေ့က ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၂ ဦး စတင်သေဆုံးခဲ့ပြီးနောက် ဧပြီ ၂ ရက်နေ့တွင် ၂၄ နာရီအတွင်း လူပေါင်း ၉၅၀ မျှ သေဆုံးသည်အထိ နေ့စဉ်သေဆုံးမှုနှုန်းမြင့်မားခဲ့သည်။
ဂျွန်ဟော့ကင်းတက္ကသိုလ်၏ အချက်အလက်များအရ စပိန်နိုင်ငံတွင် ယခုအချိန်အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ စုစုပေါင်း ၂၄၀၀၀၀ ဦးခန့်ရှိပြီး၊ သေဆုံးသူ စုစုုပေါင်း ၂၇၁၂၇ ဦးရှိကြောင်းသိရသည်။
Ref: Spain reports ZERO coronavirus deaths in 24 hours for the first time since March
Photo: EP via Getty Images
Crd : Popular News

0 comments:

Post a Comment