Tuesday, June 2, 2020

ကမ္ဘာတစ်ဝှမ်း"COVID-19 ဖြစ်ပွားနေစဉ်ကာလအတွင်း ထိုင်ဝမ်ကျွန်းအနီးသို့ တရုတ် လေယာဉ်တင်သင်္ဘောနှစ်စီး စေလွှတ်"

COVID-19 ဖြစ်ပွားနေစဉ်ကာလအတွင်း ထိုင်ဝမ်ကျွန်းအနီးသို့ တရုတ် လေယာဉ်တင်သင်္ဘောနှစ်စီး စေလွှတ်ခဲ့ပြီး ထိုသို့စေလွှတ်ခြင်းမှာ အမေရိကန်အစိုးရနှင့် ဖြစ်ပွားနေသည့် တင်းမာမှုများကို ပိုမိုလှုံ့ဆော်မည့် စစ်ပွဲဆိုင်ရာ ကစားပွဲများတွင် ပိုမိုအားဖြည့်ရန် ရည်ရွယ်ပါသည်။ ထိုတင်းမာမှုများကို တရုတ်အစိုးရက COVID-19 အလွန် စစ်အေးတိုက်ပွဲဟု အသိပေးထားပါသည်။
တရုတ်နိုင်ငံအနေဖြင့် Pratas Islands အနီးသို့ လေယာဉ်တင် သင်္ဘောနှစ်စီး တပ်ဖြန့်ထားမှုသည် ထိုင်ဝမ်ကျွန်းသို့ ကျုးကျော်ဝင်ရောက် စွက်ဖက်မည့် အပြုအမူဖြစ်ကြောင်း သုံးသပ်ထားကြပါသည်။
အမေရိကန်အစိုးရက တရုတ်ကုမ္ပဏီ ၃၃ ခုအား ပိတ်ဆို့ကန့်သတ်ပြီးနောက် တရုတ်နိုင်ငံအနေဖြင့် ထိုင်ဝမ်နှင့် ပြန်လည်ပူးပေါင်းမည် ဖြစ်ကြောင်း တရုတ်နိုင်ငံဝန်ကြီးချုပ် Li Keqiang က ပြောကြားပြီးနောက်တွင် လေယာဉ်တင် သင်္ဘောနှစ်စီးဖြစ်သည့် Liaoning နှင့် Shandong တို့အား Pratas Islands သို့ တပ်ဖြန့်ရန်စေလွှတ်ခဲ့ပါသည်။ လက်ရှိအချိန်တွင် အမေရိကန်−တရုတ် ဆက်ဆံရေးမှာ Coronavirus ဖြစ်ပွားရသည့် မူလဇစ်မြစ်ကို အငြင်းပွားရခြင်းမှတစ်ဆင့် တင်းမာမှုများ ပိုမိုဖြစ်ပွားလာလျက်ရှိပါသည်။
ထိုသို့ စစ်ရေယာဉ်များအား Pratas ကျွန်များအနီးသို့ ရွှေ့ပြောင်းချထား မှုများသည် ထိုင်ဝမ်ကျွန်းအား ကျူးကျော်ဝင်ရောက်မည့် အနေအထားအား ပြသနေပြီး အမေရိကန်နှင့် ဖြစ်ပွားနေသည့် တင်းမာမှုများ ပိုမိုဆိုးရွားလာ စေနိုင်ပါသည်။ လက်ရှိအချိန်တွင် စစ်ရေယာဉ် ၂ စီးမှာ Yellow Sea အတွင်းရှိ Bohai Bay အတွင်းတွင် တပ်ဖြန့်ထားရာမှ စစ်ပွဲဆိုင်ရာ ကစားပွဲအတွင်းသို့ ချီတက်ရွှေ့ပြောင်း လျက်ရှိပါသည်။ တရုတ်နိုင်ငံရှိ ဝီဂါ (Uighur) လူမျိုးစုပေါ် ထောက်လှမ်းရန် ကူညီပေးမှုဖြင့် တရုတ် ကုမ္ပဏီ ၃၃ ခုအား အမေရိကန်အစိုးရ ပိတ်ပင်ကန့်သတ်ကြောင်း ကြေညာပြီးချိန်တွင် ထိုသို့ တပ်ဖြန့်ရွှေ့ပြောင်းခဲ့ခြင်း ဖြစ်ပါသည်။
နိုင်ငံရေးလေ့လာသူတစ်ဦးမှ တောင်တရုတ်ပင်လယ်အတွင်းတွင် အမေရိကန်နှင့် တရုတ်တို့၏ စစ်ရေးပဋိပက္ခ ဖြစ်ပွားနိုင်ချေမှာ နောင် ၁၈ လအတွင်း ဖြစ်နိုင်ချေရှိကြောင်း ကြိုတင်ခန့်မှန်းခဲ့ပါသည်။ ကုန်သွယ်ရေးကဏ္ဍတွင် ပဋိပက္ခများနှင့် COVID-19 ဖြစ်ပွားသည့် မူလရင်းမြစ်အား အငြင်းပွားမှုများမှတစ်ဆင့် တရုတ်−အမေရိကန် ဆက်ဆံရေးမှာ ယိုယွင်းလျက်ရှိပါသည်။
ထိုင်ဝမ်အစိုးရက ဗိုင်းရပ်စ် ကူးစက်မှုစတင်ဖြစ်ပွားစဉ်ကတည်းက တရုတ် တို့၏ တိုက်လေယာဉ်များနှင့် စစ်ရေယာဉ်များ ထိုင်ဝမ်ကျွန်းအနီး နီးကပ်စွာ ဖြတ်သန်းသည့် စစ်ရေးဆိုင်ရာ ကျူးကျော်ရန်စမှုများအတွက် တရုတ်အစိုးရသို့ ဖြေရှင်းချက်တောင်းထားခဲ့သော်လည်း တရုတ်ဘက်ကမူ ပုံမှန်လေ့ကျင့် ပျံသန်း မှု တစ်ခုသာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
တရုတ်အစိုးရအနေဖြင့် ထိုင်ဝမ်ကိစ္စသည် ထိရှလွယ်သည့် အရေးကြီးဆုံး နယ်မြေ ပိုင်ဆိုင်မှု ကိစ္စဖြစ်ကြောင်း ပြောကြားခဲ့ပြီး တရုတ်ထိန်းချုပ်မှုအောက်သို့ ပြန်လည် ရောက်ရှိရန် အင်အားသုံး အသုံးပြုသွားမည့်အကြောင်းကို မည်သည့် အကြိမ်တွင်မျှ ပြောကြားခဲ့ခြင်းမရှိပဲ ထိုင်ဝမ်ရေလက်ကြားသည် စစ်ရေးအရ ပေါက်ကွဲ လုနီးပါးရှိနေသည့် အခြေအနေရှိပါသည်။ သို့သော်လည်း ထိုင်ဝမ်နှင့် ပူးပေါင်းဆောင်ရွက်မှုများ အပြန်အလှန်ဆောင်ရွက်နိုင်ရန်အတွက် တရုတ်နိုင်ငံ အနေဖြင့် မူဝါဒများ ချမှတ်ဆောင်ရွက်နေကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံဝန်ကြီးချုပ်က တရုတ်နိုင်ငံ ပိုမိုကြွယ်ဝဖွံ့ဖြိုး တိုးတက်လာ စေရန်အတွက် ထိုင်ဝမ်ကျွန်းလွတ်လပ်ရေးအား ဆန့်ကျင်ပြီး တရုတ်နိုင်ငံနှင့် ပူးပေါင်းသွားရန် အားပေးထောက်ခံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
သို့သော်လည်း ထိုသို့ပြောကြားမှုတွင် “ငြိမ်းချမ်းစွာ” ဟူသည့် အသုံးအနှုံး မပါကြောင်း တွေ့ရှိခဲ့ရပါသည်။
Crd : MgMoe #Myanmar_Online_News ကမ္ဘာတစ်ဝှမ်း"COVID-19 ဖြစ်ပွားနေစဉ်ကာလအတွင်း ထိုင်ဝမ်းကျွန်းအနီးသို့ တရုတ် လေယာဉ်တင်သင်္ဘောနှစ်စီး စေလွှတ်"
>>Zawgyi<<
ကမ္ဘာတစ်ဝှမ်း"COVID-19 ဖြစ်ပွားနေစဉ်ကာလအတွင်း ထိုင်ဝမ်းကျွန်းအနီးသို့ တရုတ် လေယာဉ်တင်သင်္ဘောနှစ်စီး စေလွှတ်"
Tuesday, June 2, 2020
COVID-19 ဖြစ်ပွားနေစဉ်ကာလအတွင်း ထိုင်ဝမ်ကျွန်းအနီးသို့ တရုတ် လေယာဉ်တင်သင်္ဘောနှစ်စီး စေလွှတ်ခဲ့ပြီး ထိုသို့စေလွှတ်ခြင်းမှာ အမေရိကန် အစိုးရနှင့် ဖြစ်ပွားနေသည့် တင်းမာမှုများကို ပိုမိုလှုံ့ဆော်မည့် စစ်ပွဲဆိုင်ရာ ကစားပွဲများတွင် ပိုမိုအားဖြည့်ရန် ရည်ရွယ်ပါသည်။ ထိုတင်းမာမှုများကို တရုတ်အစိုးရက COVID-19 အလွန် စစ်အေးတိုက်ပွဲဟု အသိပေးထားပါသည်။
တရုတ်နိုင်ငံအနေဖြင့် Pratas Islands အနီးသို့ လေယာဉ်တင် သင်္ဘောနှစ်စီး တပ်ဖြန့်ထားမှုသည် ထိုင်ဝမ်ကျွန်းသို့ ကျုးကျော်ဝင်ရောက် စွက်ဖက်မည့် အပြုအမူဖြစ်ကြောင်း သုံးသပ်ထားကြပါသည်။
အမေရိကန်အစိုးရက တရုတ်ကုမ္ပဏီ ၃၃ ခုအား ပိတ်ဆို့ကန့်သတ်ပြီးနောက် တရုတ်နိုင်ငံအနေဖြင့် ထိုင်ဝမ်နှင့် ပြန်လည်ပူးပေါင်းမည် ဖြစ်ကြောင်း တရုတ်နိုင်ငံဝန်ကြီးချုပ် Li Keqiang က ပြောကြားပြီးနောက်တွင် လေယာဉ်တင် သင်္ဘောနှစ်စီးဖြစ်သည့် Liaoning နှင့် Shandong တို့အား Pratas Islands သို့ တပ်ဖြန့်ရန်စေလွှတ်ခဲ့ပါသည်။ လက်ရှိအချိန်တွင် အမေရိကန်−တရုတ် ဆက်ဆံရေးမှာ Coronavirus ဖြစ်ပွားရသည့် မူလဇစ်မြစ်ကို အငြင်းပွားရခြင်းမှတစ်ဆင့် တင်းမာမှုများ ပိုမိုဖြစ်ပွားလာလျက်ရှိပါသည်။
ထိုသို့ စစ်ရေယာဉ်များအား Pratas ကျွန်များအနီးသို့ ရွှေ့ပြောင်းချထား မှုများသည် ထိုင်ဝမ်ကျွန်းအား ကျူးကျော်ဝင်ရောက်မည့် အနေအထားအား ပြသနေပြီး အမေရိကန်နှင့် ဖြစ်ပွားနေသည့် တင်းမာမှုများ ပိုမိုဆိုးရွားလာ စေနိုင်ပါသည်။ လက်ရှိအချိန်တွင် စစ်ရေယာဉ် ၂ စီးမှာ Yellow Sea အတွင်းရှိ Bohai Bay အတွင်းတွင် တပ်ဖြန့်ထားရာမှ စစ်ပွဲဆိုင်ရာ ကစားပွဲအတွင်းသို့ ချီတက်ရွှေ့ပြောင်း လျက်ရှိပါသည်။ တရုတ်နိုင်ငံရှိ ဝီဂါ (Uighur) လူမျိုးစုပေါ် ထောက်လှမ်းရန် ကူညီပေးမှုဖြင့် တရုတ် ကုမ္ပဏီ ၃၃ ခုအား အမေရိကန်အစိုးရ ပိတ်ပင်ကန့်သတ်ကြောင်း ကြေညာပြီးချိန်တွင် ထိုသို့ တပ်ဖြန့်ရွှေ့ပြောင်းခဲ့ခြင်း ဖြစ်ပါသည်။
နိုင်ငံရေးလေ့လာသူတစ်ဦးမှ တောင်တရုတ်ပင်လယ်အတွင်းတွင် အမေရိကန်နှင့် တရုတ်တို့၏ စစ်ရေးပဋိပက္ခ ဖြစ်ပွားနိုင်ချေမှာ နောင် ၁၈ လအတွင်း ဖြစ်နိုင်ချေရှိကြောင်း ကြိုတင်ခန့်မှန်းခဲ့ပါသည်။ ကုန်သွယ်ရေးကဏ္ဍတွင် ပဋိပက္ခများနှင့် COVID-19 ဖြစ်ပွားသည့် မူလရင်းမြစ်အား အငြင်းပွားမှုများမှတစ်ဆင့် တရုတ်−အမေရိကန် ဆက်ဆံရေးမှာ ယိုယွင်းလျက်ရှိပါသည်။
ထိုင်ဝမ်အစိုးရက ဗိုင်းရပ်စ် ကူးစက်မှုစတင်ဖြစ်ပွားစဉ်ကတည်းက တရုတ် တို့၏ တိုက်လေယာဉ်များနှင့် စစ်ရေယာဉ်များ ထိုင်ဝမ်ကျွန်းအနီး နီးကပ်စွာ ဖြတ်သန်းသည့် စစ်ရေးဆိုင်ရာ ကျူးကျော်ရန်စမှုများအတွက် တရုတ်အစိုးရသို့ ဖြေရှင်းချက်တောင်းထားခဲ့သော်လည်း တရုတ်ဘက်ကမူ ပုံမှန်လေ့ကျင့် ပျံသန်း မှု တစ်ခုသာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
တရုတ်အစိုးရအနေဖြင့် ထိုင်ဝမ်ကိစ္စသည် ထိရှလွယ်သည့် အရေးကြီးဆုံး နယ်မြေ ပိုင်ဆိုင်မှု ကိစ္စဖြစ်ကြောင်း ပြောကြားခဲ့ပြီး တရုတ်ထိန်းချုပ်မှုအောက်သို့ ပြန်လည် ရောက်ရှိရန် အင်အားသုံး အသုံးပြုသွားမည့်အကြောင်းကို မည်သည့် အကြိမ်တွင်မျှ ပြောကြားခဲ့ခြင်းမရှိပဲ ထိုင်ဝမ်ရေလက်ကြားသည် စစ်ရေးအရ ပေါက်ကွဲ လုနီးပါးရှိနေသည့် အခြေအနေရှိပါသည်။ သို့သော်လည်း ထိုင်ဝမ်နှင့် ပူးပေါင်းဆောင်ရွက်မှုများ အပြန်အလှန်ဆောင်ရွက်နိုင်ရန်အတွက် တရုတ်နိုင်ငံ အနေဖြင့် မူဝါဒများ ချမှတ်ဆောင်ရွက်နေကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံဝန်ကြီးချုပ်က တရုတ်နိုင်ငံ ပိုမိုကြွယ်ဝဖွံ့ဖြိုး တိုးတက်လာ စေရန်အတွက် ထိုင်ဝမ်ကျွန်းလွတ်လပ်ရေးအား ဆန့်ကျင်ပြီး တရုတ်နိုင်ငံနှင့် ပူးပေါင်းသွားရန် အားပေးထောက်ခံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
သို့သော်လည်း ထိုသို့ပြောကြားမှုတွင် “ငြိမ်းချမ်းစွာ” ဟူသည့် အသုံးအနှုံး မပါကြောင်း တွေ့ရှိခဲ့ရပါသည်။

0 comments:

Post a Comment