Tuesday, June 2, 2020

ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်နှင့်မဲရုံများသတ်မှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်များ သတ်မှတ်နိုင်ရေး၊ မဲရုံအရေအတွက်များ အတည်ပြုသတ်မှတ်နိုင်ရေးအပါအဝင် တပ်မတော်သားများနှင့်အတူ နေအိမ်ထောင်စုဝင်များ၏ မဲရုံများ နှင့် အခြေခံမဲစာရင်းများ တောင်းယူနိုင်ရေးတို့နှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ ဇွန်လ (၂) ရက်နေ့တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရပါသည်။
၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲအတွက် မဖြစ်မနေကျင်းပရသည့် အစည်းအဝေးဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အတူ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ ပြည်ထောင်စုရွေး ကာက်ပွဲကော်မရှင်အဖွဲ့ခွဲ များမှ တာဝန်ရှိသူတို့ပါ ပါဝင်ညှိနှိုင်းသည့် အစည်းအဝေးတစ်ရပ်လည်းဖြစ်ကြောင်း သိရပါသည်။
အစည်းအဝေးတွင် မဲဆန္ဒနယ်များနှင့် မဲရုံများလျာထားသတ်မှတ်ခြင်းဆိုင်ရာများ အပါအဝင် မဲဆန္ဒနယ်များ ပိုင်ခြား သတ်မှတ်ခြင်းဆိုင်ရာဥပေဒ၊ နည်းဥပဒေပြဌာန်းချက်များနှင့်ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။
Crd : MRTV(နေပြည်တော်သတင်းဌာန)

0 comments:

Post a Comment