Sunday, August 2, 2020

နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကို AA အကြမ်းဖက်သောင်းကျန်းသူများက ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်


ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့်နယ်မြေလုံခြုံရေးတို့အတွက် မြန်မာနိုင်ငံနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက နေ့ညမပြတ်ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိစဉ် ယနေ့နံနက် ၁၀ နာရီ ၄၀ မိနစ်နှင့်မွန်းလွဲ ၂ နာရီခွဲခန့်တို့တွင် အင်းဒင်ကျေးရွာ ၏ အရှေ့မြောက်ဘက် ရသေ့တောင်မြို့နယ်အတွင်းရှိ မေယုတောင်တန်းပေါ်၌ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကို AA အကြမ်းဖက်သောင်းကျန်းသူများက ၂ ကြိမ်ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ တပ်မတော်စစ်ကြောင်းများက စစ်ကူ၊ပစ်ကူပေးခဲ့ပြီး လိုအပ်သည့်အကြမ်းဖက်နှိမ်နင်းမှုစစ်ဆင်ရေး Counter-terrorism Operation ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

0 comments:

Post a Comment