Sunday, August 2, 2020

၂၀၂၀ပြည့်အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ကိုယ်စားလှယ်လောင်း အမည်စာရင်း ကိုယ်တိုင်လာ၍ တင်သွင်း

၂၀၂၀ပြည့်အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ယနေ့ သြဂုတ်လ ၂ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ ကိုယ်တိုင်သွားရောက်တင်သွင်းခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် လာမည့် နို၀င်ဘာလ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ ရွေးကောက် ပွဲတွင် တာမွေမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကိုယ်စားလှယ်နေရာအတွက် ပြန်လည် အရွေးချယ်ခံမည်ဖြစ်ကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံးသို့ ကိုယ်တိုင်သွားရောက်၍ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခဲ့စဉ် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေးနှင့် မဲပေးခွင့်ရှိသူများ၏ မဲပေးခွင့်အခွင့်အရေး ကိစ္စများကို မှာကြားခဲ့ကြောင်းလည်း သိရသည်။
Ref ; Pyi Myanmar

0 comments:

Post a Comment