Sunday, August 2, 2020

ဖားကန့်မြို့တွင် ကျောက်မျက်တူးဖော်မှုကြောင့် မက်လင်ချောင်ကျေးရွာရှိ (အမက) ဝင်းအတွင်းတွင် မြေအက်ကြောင်းများဖြစ်ပေါ်နေပြီး မြေပြိုမှုအနေအထားတွင်ရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မှုကျေးရွာအုပ်စု၊ မက်လင်ချောင်ကျေးရွာတွင် ကျေက်မျက်တူးဖော်မှုကြောင့် မက်လင်ချောင်ကျေးရွာရှိ (အမက)ဝင်းအတွင်းတွင် မြေအက်ကြောင်းများ ဖြစ်ပေါ်နေပြီး မြေပြိုမှုအနေအထားတွင်ရှိကြောင်း သိရသည်။
အဆိုပါ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မက်လင်ချောင်ကျေးရွာရှိ (အမက)ဝင်းအတွင်းတွင် မြေအက်ကြောင်းများဖြစ်ပေါ်နေပြီး မြေပြိုမှုအနေအထားတွင် ရှိနေကြောင်း၊ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ် လာနိုင်ခြေရှိသည့် အခြေအနေအပေါ် မြေပြင်ကွင်းဆင်းစိစစ်ရေး အဖွဲ့(၆)မှ ကွင်းဆင်းစစ်ဆေးခဲ့ရာ အလျား (၁၈၀)ပေ၊ အနံ(၁၇၀)ပေ အကျယ်ရှိ အ.မ.က (မက်လင်ချောင်) ဝင်းအတွင်း အုတ်ခင်း၊ သွပ်ကာ၊ သွပ်မိုး(၁) ထပ် စာသင်ကျောင်း(၁)ဆောင်နှင့် (၁)ထပ် ဝန်ထမ်းအိမ်ရာ(၂)လုံးရှိပြီး ပေ(၁၇၀)အရှည်ခန့်ရှိသော အက် ကြောင်း(၂)ခုသည် တောင်မှ မြောက်သို့လားရာပြုလျှက်ဖြစ်ပေါ်နေပြီး ကျောင်းဝင်းအရှေ့ဘက်တွင် "ဝိုင်တီတီ" ကျောက်စိမ်းတူးဖော်မှု လုပ်ငန်းရှိကြောင်း သိရသည်။
ထို့အပြင် ကျောင်းဝင်းမြေအမျိုးအစားမှာ ဖို့မြေစာအမျိုး အစားဖြစ်ခြင်း၊ မြေအက်ကြောင်းများဖြစ်ပေါ်မှုမှာ လွန်ခဲ့သော (၄/၅)နှစ်ကတည်းက ဖြစ်ပေါ်ခဲ့ပြီး ကုမ္ပဏီများ၏ ကျောက်မျက်တူးဖော်မှုကြောင့် ကျောင်းဝင်း အရှေ့ဘက် တွင် နက်စောက်သော ကမ်းပါးဖြစ်ပေါ်နေပြီး ယခုနှစ်တွင် အခြေအနေဆိုးရွားလာခြင်း ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အ.မ.က(မက်လင်ချောင်)သည် အချိန်အခါမရွေး မြေပြိုကျမှု ဖြစ်ပွားနိုင်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ကျောင်းဆောင်နှင့် ကျောင်းဝင်းအတွင်းရှိ လူနေအိမ်များအား အမြန်ဆုံးပြောင်းရွှေ့သင့်ကြောင်း ဖားကန့်မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနမှူးသို့ တင်ပြထားကြောင်း သိရသည်။
Ref ; People Media

0 comments:

Post a Comment