Sunday, August 2, 2020

Mask တွေကို ဓာတ်ဆီနဲ့ပိုးသတ်ရန် နောက်တစ်ကြိမ်ထပ်ပြောတဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေး

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက ပြည်သူတွေကို ၎င်းတို့ရဲ့ mask များအား ဓာတ်ဆီဖြင့် ပိုးသတ်ကြရန် နောက်တစ်ကြိမ် ထပ်မံပြောကြားခဲ့ပြီး ရယ်စရာအဖြစ် နောက်ပြောင် ပြောနေခြင်းမဟုတ်ကြောင်းလည်း အခိုင်အမာ ဆိုပါတယ်။
ဒူတာတေးဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကလည်း ထိုသို့ ပြောခဲ့ပေမဲ့ တာဝန်ရှိသူတွေက အလျင်အမြန် အမှန်ပြင်ဆင်ခဲ့ပြီး ရယ်စရာအဖြစ် နောက်ပြောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောခဲ့ကြပါတယ်။ ကျန်းမာရေးတာ ဝန်ရှိသူတွေက ပြည်သူတွေအနေနဲ့ ပိတ်စ mask တွေကို ပုံမှန်အတိုင်း လျှော်ဖွတ်သန့်စင်သင့်ကြောင်းနဲ့ ခွဲ စိတ်ခန်းသုံး mask တွေကိုတော့ တစ်ခါသုံးအဖြစ် သုံးသင့်ကြောင်း ပြောခဲ့ပါတယ်။
သို့သော် သောကြာနေ့ (ဇူလိုင် ၃၁ ရက်) မှာတော့ သမ္မတဒူတာတေးက mask တွေကို ဓာတ်ဆီဖြင့် ပိုးသတ်ရန် ထပ်ပြောခဲ့တာလည်း ဖြစ်ပါတယ်။ "ကျွန်တော် ပြောခဲ့တာ အမှန်ပဲ၊ တစ်ကယ်လို့ အယ်လ်ကိုဟော မရနိုင်ဘူးဆိုရင် အထူးသဖြင့် ဆင်းရဲသူတွေပေါ့ ဓာတ်ဆီဆိုင်ကိုသွားလိုက်ပါ၊ ပြီးရင် ဓာတ်ဆီသုံးပြီး ပိုးသတ်ပါ" လို့ ဒူတာတေးက ပြောခဲ့ကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။
"ကျွန်တော် နောက်နေတာ မဟုတ်ဘူး၊ ကျွန်တော် ရယ်စရာပြောနေတာ မဟုတ်ဘူး၊ ကျွန်တော့် ဦးနှောက်ထဲဝင်ကြည့်ဖို့ ကြိုးစားကြည့်လိုက်" လို့လည်း ဒူတာတေးက ဆိုပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဒူတာတေးက ပိတ်စ mask တွေကို ပိုးသတ်ရန်ပစ္စည်းမရှိသူတွေ ဓာတ်ဆီသုံးနိုင်ကြောင်း ပြောကြားမှုကို သမ္မတရဲ့ပြောခွင့်ရအမျိုးသား Harry Roque က အလျင်အမြန် အမှန်ပြင်ခဲ့ရပါတယ်။
"သူ့ကို သမ္မတအဖြစ် လေးနှစ်ကြာ ကျွန်တော် သိထားပြီးတော့ ဒီလိုပြောတာကို ကျွန်တော် မယုံနိုင်ပါဘူး၊ သူ့ကို ခင်ဗျားတို့ မသိသေးပါဘူး၊ ဒါက ဟာသလုပ်တာပါ၊ ဆေးကြောသန့်စင်ဖို့ ကျွန်တော်တို့က ဘာလို့ ဓာတ် ဆီ သုံးရမှာလဲ" လို့ Harry Ruque က ပြောခဲ့ပါတယ်။ ဖိလစ်ပိုင်ဟာ အရှေ့တောင်အာရှမှာ အင်ဒိုနီးရှားပြီးလျှင် COVID-19 ကူးစက်မှုနဲ့သေဆုံးမှု ဒုတိယအများဆုံး နိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၈၅,၄၈၆ ဦးနဲ့ သေဆုံးသူ ၁,၉၆၂ ဦးရှိခဲ့ကြောင်း သိရပါတယ်။
Ref ; Duwun

0 comments:

Post a Comment