Sunday, August 2, 2020

အိန္ဒိယနိုင်ငံမှ ပြည်နယ်ဝန်ကြီး ကိုဗစ်-၁၉ ရောဂါကြောင့် ကွယ်လွန်

အိန္ဒိယနိုင်ငံ၊ ဥတာပရာဒေ့ရှ်ပြည်နယ်ဝန်ကြီး ကာမယ်လ်ရာနီဗာရွန်မှာ ယနေ့နံနက်ပိုင်းတွင် လပ်ခ နောင်းမြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။ ကာမယ်လ်ရာနီဗာရွန်မှာ ဥတာပရာဒေ့ရှ်ပြည်နယ်၏မြို့တော် လပ်ခနောင်းမြို့ရှိ ဆန်ဂျေးဂန္ဒီ ဘွဲ့လွန် ဆေးတက္ကသိုလ်၏ ဆေးရုံ၌ ကုသမှုခံယူခဲ့သည်။
ကာမယ်လ်ရာနီဗာရွန်က ဥတာပရာဒေ့ရှ်ပြည်နယ် အစိုးရအဖွဲ့၌ နည်းစစ်နည်ဆိုင်ရာ ပညာရေးဝန်ကြီးအ ဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဥတာပရာဒေ့ရှ်ပြည်နယ်ဝန်ကြီးချုပ် ယိုဂီအဒီရာနတ်က ကျန်ရစ်သူမိသားစုဝင်များထံ ဝမ်းနည်းစကား ပြောကြားခဲ့ပြီး ဝန်ကြီးအဖြစ် တာဝန်ယူချိန်အတွင်း အရည်အချင်းပြည့်စုံခဲ့သည်ဟု ဆိုသည်။
“ကျွန်တော် ဝန်ကြီး ကာမယ်လ်ရာနီဗာရွန်ရဲ့ မိသားစုထံ ဝမ်းနည်းစကားပြောကြားခဲ့ပါတယ်။ ဝန်ကြီးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပြီး SGPGI ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့တာပါ။ သူက နာမည်ကျော် လူထုခေါင်း ဆောင်နဲ့ လူမှုရေးလုပ်သားလည်းပြီး ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ချိန် ကျွမ်းကျင်စွာ ထမ်းဆောင်ခဲ့ပါတယ်” ဟု ပြည်နယ်ဝန်ကြီးချုပ် ယိုဂီအဒီရာနတ်က ပြောသည်။
ကိုဗစ်-၁၉ ရောဂါ ကျင့်ဝတ်များအရ ကာမယ်လ်ရာနီဗာရွန်၏အလောင်းကို လပ်ခနောင်းမြို့မှ ကန်ပူးမြို့သို့ ပို့ဆောင်ကာ ဘာသာရေးဓလေ့ထုံးစံနှင့်အညီ ဈာပနအခမ်းအနားပြုလုပ်မည်ဖြစ်သည်။
Ref ; People Media

0 comments:

Post a Comment