Wednesday, August 1, 2018

မလေးရှား အရပ်ဘက် လေကြောင်းလုပ်ငန်း အကြီးအကဲ ရာထူးကနုတ်ထွက်


မလေးရှားလေကြောင်းလိုင်းက ပျောက်ဆုံးလေယာဉ် MH-370 အတွက် စုံစမ်းစစ်ဆေးမှု အစီရင်ခံစာထွက်ပြီးနောက် မလေးရှား အရပ်ဘက် လေကြောင်းလုပ်ငန်း အကြီးအကဲဟာ ဇူလိုင် ၃၁ ရက်က ရာထူးကနေ နုတ်ထွက်သွားပါတယ်။

လေကြောင်းလုပ်ငန်းလည်ပတ်မှု လုပ်ငန်းစဉ်ရဲ့ စံချိန်ကို လိုက်နာဖို့ လေကြောင်းခရီးစဉ် ထိန်းချုပ်ရေးအဖွဲ့က ပျက်ကွက်တာကို အစီရင်ခံစာက ထင်ရှားအောင် ဖော်ပြထားတယ်လို့ အကြီးအကဲ အဇာရူဒင် အဗ်ဒူရာမန်က နုတ်ထွက်လွှာမှာ မှတ်ချက်ရေးခဲ့ပါတယ်။

လေယာဉ်ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး လေကြောင်းအာဏာပိုင်အဖွဲ့က ဘယ်သူ့ကိုမှ အပြစ်တင်ထားတာ မရှိပါဘူး။

ခရီးသည် ၂၃၉ ဦးကို တင်ထားတဲ့ လေယာဉ်ဟာ မလေးရှားမြို့တော် ကွာလာလမ်ပူကနေ တရုတ်မြို့တော် ဘေကျင်းကို ၂၀၁၄ မတ်လက ပျံသန်းရင်း လမ်းမှာ ပျောက်သွားတာ လေးနှစ်ကျော်အကြာမှာမှ အစီရင်ခံစာ ထွက်လာတာ ဖြစ်ပါတယ်။

DVB

0 comments:

Post a Comment