Monday, August 20, 2018

မလေးရှား ဘဏ္ဍာရေးပြဿနာ ကူညီဖြေရှင်းပေးဖို့ တရုတ်အစိုးရကို မလေး ဝန်ကြီးချုပ် တောင်းခံ


မလေးရှားနိုင်ငံမှာ ကြုံတွေ့ရင်ဆိုင်နေရတဲ့ ဘဏ္ဍာရေးပြဿနာတွေနဲ့ပတ်သက်ပြီး၊ ကူညီ ဖြေရှင်းပေးဖို့ တရုတ်ပြည်ကို ရောက်ရှိနေတဲ့ ၀န်ကြီးချုပ် မဟာသီယာမိုဟာမက် က တရုတ်အစိုးရကို တောင်းခံလိုက်ပါတယ်။

မလေးရှားမှာ နောက်ထပ်တစ်ကြိမ် အာဏာရလာခဲ့တဲ့ အသက် ၉၅ နှစ်အရွယ် ၀န်ကြီးချုပ် မဟာသီယာ ဟာ ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက် လက်ထက်က ချုပ်ဆိုခဲ့တဲ့ တရုတ်အစိုးရ ကုမ္ပဏီတွေရဲ့ စီမံကိန်းကြီးတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။
အဓိကရ ရထားလမ်းဖောက်လုပ်ရေး အစီအစဉ်အပါအ၀င် အမေရိကန်ဒေါ်လာ ၂၂ ဘီလျံကျော် တန်ဖိုးရှိတဲ့ အဲဒီ တရုတ်စီမံကိန်းတွေကို မဟာသီယာ အစိုးရက ဆိုင်းငံ့ထားလိုက်ပါတယ်။
အဲဒီစီမံကိန်းတွေနဲ့ ချုပ်ဆိုထားတာတွေထဲက တချို့စာချုပ်တွေမှာ မတရား မမျှတတဲ့အချက်တွေ ပါဝင်နေတာကို ၀န်ကြီးချုပ် မဟာသီယာ က သူ့ရဲ့ ငါးရက်ကြာခရီးစဉ်အတွင်း တင်ပြခဲ့ပါတယ်။
တရုတ်ဝန်ကြီးချုပ် လီခတ်ချန်း နဲ့ ပူးတွဲသတင်းစာရှင်းလင်းခဲ့ရာမှာ တရုတ်ပြည်အနေနဲ့ မလေးရှားဆီက ဒူးရင်းသီးလို စိုက်ပျိုးသီးနှံတွေ တိုးမြှင့်တင်သွင်းမယ်ဆိုတဲ့အတွက် ကျေးဇူးတင်ကြောင်း၊ အလားတူ မလေးရှား နိုင်ငံကြုံတွေ့နေရတဲ့ ပြည်တွင်း ဘဏ္ဍာရေးပြဿနာတွေကို တရုတ်ပြည်အနေနဲ့ ပါဝင်ကူညီဖြေရှင်းပေးစေလိုကြောင်း ပြောကြားခဲ့ပါတယ်။
သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံစဉ်မှာလည်း ချမ်းသာတဲ့ နိုင်ငံတွေအနေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအပေါ် အခွင့်အရေး မယူသင့်ကြောင်း ပြောဆိုခဲ့ပါတယ်။

(မလေးရှား ၀န်ကြီးချုပ် မဟာသီယာမိုဟာမက် (ဝဲဘက်)ကို ဘေဂျင်းမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်)
Photo: ZHAI JIANLAN / XINHUA
RFA

0 comments:

Post a Comment