Friday, September 28, 2018

ဒေါ်စု ဂုဏ်ထူးဆောင် ကနေဒါ နိုင်ငံသားဆု ရုပ်သိမ်းဖို့ မဲခွဲ ထောက်ခံ


ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၁ ခုနှစ်တုန်းက နိုဘယ်ငြိမ်းချမ်းရေးဆုကို ရရှိထားခဲ့သူတစ်ဦးလည်း ဖြစ်နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ထားတဲ့ ဂုဏ်ထူးဆောင် ကနေဒါ နိုင်ငံသားဆုကို ပြန်လည်ရုပ်သိမ်းဖို့ မဲခွဲဆုံးဖြတ်မှုလုပ်ဆောင်ခဲ့ရာမှာ အမတ်အများစုက ထောက်ခံမဲ ပေးခဲ့ကြပါတယ်။ 
ရခိုင်ပြည်နယ်က မွတ်ဆလင် တွေကို အကာအကွယ် ပေးဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ဒီဂုဏ်ထူးဆောင် ကနေဒါ နိုင်ငံသားဆုကို ရုပ်သိမ်း ပေးဖို့ အထက်လွှတ်တော်မှာ အဆိုတင်သွင်းခဲ့တာလည်း ဖြစ်ပါတယ်။ 

ကနေဒါ ဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒိုး က ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဂုဏ်ထူးဆောင် နိုင်ငံသား ဆု နဲ့ ထိုက်တန်မှု ရှိ မရှိကို လွှတ်တော်က ပြန်လည်သုံးသပ် နေကြောင်း ပြောကြား ခဲ့ပြီး နောက်တနေ့မှာ အောက် လွှတ်တော်မှာ မဲခွဲခဲ့တာလည်း ဖြစ်ပါတယ်။ 

ဒါပေမယ့် ဒီဆုကို ရုပ်သိမ်း ရုံနဲ့တော့ ရခိုင် ပြည်နယ်က ထွက်ပြေး နေရတဲ့ ဒုက္ခသည် အရေးအခင်း ကို ရပ်တန့် နိုင်မှာ မဟုတ်ဘူးလို့လည်း မစ္စတာ ထရူးဒိုး က ဆိုပါတယ်။ 

၂၀၀၇ ခုနှစ်မှာ ဂုဏ်ထူးဆောင် ကနေဒါ နိုင်ငံသားဆုကို ဒေါ်အောင်ဆန်း စုကြည် ကို ပေးအပ်ခဲ့တာ ဖြစ်ပြီး ကနေဒါ နိုင်ငံရဲ့ ရှားရှားပါးပါး ခြောက်ယောက် မြောက် ဂုဏ်ထူး ဆောင်ဆု ရရှိသူလည်း ဖြစ်ပါတယ်။ 

ကနေဒါ နိုင်ငံမှာ ဒီလို ဂုဏ်ထူးဆောင် ဆုချီးမြှင့်ဖို့အတွက် အထက်လွတ်တော်နဲ့ အောက်လွတ်တော် နှစ်ရပ် စလုံး က အတည်ပြုမှသာ ဆုချီးမြှင့် နိုင်တာလည်း ဖြစ်ပါတယ်။ 

ကနေဒါ နိုင်ငံရဲ့ ရှားရှားပါးပါး ခြောက်ယောက် မြောက် ဂုဏ်ထူး ဆောင်ဆုအခုလို ပြန်လည်ရုပ်သိမ်းတဲ့ အချိန်မှာလည်း လွှတ်တော်နှစ်ရပ်လုံးက ထောက်ခံပြီးမှ တရားဝင်ရုပ်သိမ်းမှာ ဖြစ်တယ်လို့လည်း ကနေဒါ နိုင်ငံ တာဝန်ရှိသူတွေက ရိုက်တာသတင်းဌာနကို ပြောကြားပါတယ်။ 

ပြီးခဲ့တဲ့ နှစ်တုန်းက ဖြစ်ခဲ့တဲ့ ရခိုင် ပြည်နယ်မှာ လုပ်တဲ့ စစ်တပ် ရဲ့ လုံခြုံရေး ရှင်းလင်းမှု တွေကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ဒုက္ခသည် ခုနှစ်သိန်း ကျော် ထွက်ပြေး ခဲ့ရကြောင်း ကုလသမဂ္ဂ အဖွဲ့ကြီး က စာရင်း ထုတ်ပြန် ထားပါတယ်။ 

ဒီအဖြစ်အပျက် တွေနဲ့ ပတ်သက်လို့ အစိုးရ အကြီးအကဲ တာဝန်ယူ ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံတကာ က ဝေဖန် ပြစ်တင် နေကြတာပါ။ 

၂၀၁၇ ခုနှစ်၊ ဧပြီလမှာတုန်း က ဘီဘီစီ နဲ့ တွေ့ဆုံ မေးမြန်း ခန်းမှာတော့ ဒေါ်အောင်ဆန်းစုကြည့်က သူ့ အနေနဲ့ ရခိုင် ပြည်နယ်မှာ လူမျိုးစု ရှင်းလင်းရေး တွေ လုပ်ဆောင် နေတယ် လို့ မထင်ကြောင်း၊ လူမျိုးစု ရှင်းလင်း ရေး ဆိုတဲ့ စကားရပ် က ရခိုင် ပြည်နယ် က အဖြစ်အပျက် တွေ အတွက် အင်မတန် မှ ပြင်းထန်တဲ့ စကားရပ် ဖြစ်ကြောင်း ပြောဆို ထားပါတယ်။ 

မြန်မာ နိုင်ငံမှာ ဒီမိုကရေစီအရေး ဦးဆောင်လှုပ်ရှားခဲ့သူ ဒေါ်အောင်ဆန်းစုကြည် ဟာ ၁၉၉၁ ခုနှစ်တုန်း က နိုဘယ် ငြိမ်းချမ်းရေးဆုကို ရရှိထားခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ 


0 comments:

Post a Comment