Thursday, September 27, 2018

စစ်ဘက်ဆက်ဆံရေး ပြဿနာတွင် အမေရိကန် အပြည့်အဝ တာဝန်ရှိဟု တရုတ်ပြော


တရုတ်-အမေရိကန် စစ်ဘက်ဆက်ဆံရေးမှာ ဖြစ်နေတဲ့ ပြဿနာတွေဟာ အမေရိကန်ဘက်မှာ အပြည့်အဝ တာဝန်ရှိပြီး ဆင်ခြင်တုံတရားရှိရှိ ပြုမူသင့်တယ်လို့ တရုတ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူက စက်တင်ဘာ ၂၇ ရက်မှာ ပြောပါတယ်။ 
အမေရိကန်က ထိုင်ဝမ်ကို လက်နက်တွေရောင်းချတာ၊ တရုတ်စစ်ဘက်ဌာနတခုကို ဒဏ်ခတ်ပိတ်ဆို့တာနဲ့ တောင်တရုတ်ပင်လယ်အတွင်း အမေရိကန် ဗုံးကြဲလေယာဉ်တွေ ရှိနေတာနဲ့ပတ်သက်ပြီး သတင်းထောက်တွေက မေးခွန်းမေးမြန်းရာမှာ ပြောခွင့်ရသူ ယင်းကွေးချောင်က အခုလိုပြောလိုက်တာပါ။ 

စစ်ဘက်ဆက်ဆံရေး တိုးတက်ဖို့ အမေရိကန်အနေနဲ့ ရင့်ကျက်မှုရှိရှိ ပြုမူသင့်တယ်လို့လည်း သူက ဆက်ပြောပါတယ်။ 

လက်နက်ရောင်းချမှုကို ကန့်ကွက်တာနဲ့ပတ်သက်ပြီး ပြဿနာဟာ ရောင်းချတဲ့ပမာဏ မဟုတ်ဘဲ ဘယ်အတွက်ကြောင့် အခုလိုရောင်းချတယ် ဆိုတာအပေါ် မူတည်တယ်လို့ ယင်းကွေးချောင်က ဆက်ပြောပါတယ်။ 

တောင်တရုတ်ပင်လယ်အတွင်း အမေရိကန်ရဲ့ ရန်လိုတဲ့လုပ်ရပ်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ တရုတ်နိုင်ငံအနေနဲ့ လိုအပ်တဲ့ အစီအမံတွေကို ဆက်လုပ်သွားမယ်လို့ ယင်းကွေးချောင်က ပြောထားပါတယ်။

DVB

0 comments:

Post a Comment