Thursday, September 27, 2018

သက်ရှိပြတိုက်ပုံစံအကောင်အထည်ဖော်မည့် ပုဂံတွင် ဟိုတယ်များဆောက်လုပ်ခွင့်ပြုရန်ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြားထားဟုဆို

ပုဂံဒေသကို ပြည်သူ များ၏ လူမှုစီးပွားဘ၀နှင့် ရှေး ဟောင်းအမွေအနှစ်များရောထွေး ယှဉ်တွဲထားသည့် သက်ရှိပြတိုက် ပုံစံဖြစ်စေရေး ဟိုတယ်ဆောက် လုပ်ခွင့်နှင့်ဆောက်လက်စ ဟို တယ်များခွင့်ပြုပေးရန် နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ်ကညွှန်ကြား ထားကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။ 
ယမန်နေ့က နေပြည်တော်၌ ပြုလုပ်သည့် ကမ္ဘာ့ခရီးသွားလုပ် ငန်းနေ့အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး သူရဦး အောင်ကိုက သတင်းထောက်များ အား ထိုကဲ့သို့ပြောကြားသည်။

‘‘ရှေးဟောင်းစေတီ ပုထိုး သာသနိကအဆောက်အအုံ တွေ ကြားထဲကလွဲရင် ကျန်တဲ့မြို့ ပတ် နယ်နိမိတ်အတွင်းမှာ ဆောက်ခွင့် ပြုပါတယ်’’ဟု သူရဦးအောင်ကို က ပြောသည်။

ထို့အပြင် ၁၉၉၈ က ရေးဆွဲ ခဲ့သည့် ပုဂံဒေသရှေးဟောင်းအ မွေအနှစ်များထိန်းသိမ်းရေးဥပ ဒေကို ပြင်ဆင်ရေးဆွဲနေပြီး ညောင်ဦး၊ ပုဂံမြို့နှင့်ဆက်စပ်နေ သည့် ၂၉ ရွာကိုလည်း မြို့ပြဇုန် နယ်နိမိတ်အဖြစ် ပြင်ဆင်ရေးဆွဲ နေကြောင်း ၀န်ကြီးကဆက်လက် ပြောသည်။

‘‘နိုင်ငံသားတိုင်းရင်းသား တွေရဲ့ မည်သည့်စီးပွားရေးလုပ် ငန်းမှ ထိခိုက်နစ်နာမှုမရှိစေရပါ ဘူးလို့ အာမခံပါတယ်။ လက်ရှိ ဟိုတယ်အရေအတွက်ကတော့ (ဆောက်ပြီးနဲ့ဆောက်လက်စ) ခန့်မှန်း ၄၂ လုံးလောက်ရှိပါတယ်။ ဆောက်ပြီးတာတွေရော၊ဆောက် လက်စတွေရော ၄၀ ကျော်ရှိပါ တယ်။ တစ်ခုမှ မပြောင်းရဘူး။ ပုဂံဒေသရဲ့ ရှေးဟောင်းအမွေအ နှစ်ကာကွယ်စောင့်ရှောက်ရေး ဥပဒေကို ပြန်ပြင်လိုက်ပါတယ်’’ ဟု ၀န်ကြီးကပြောသည်။

ဟိုတယ်ဆောက်ခွင့်ပြုမည် ဆိုခြင်းအပေါ် မြန်မာနိုင်ငံ ရှေး ဟောင်းသုတေသနပညာအသင်း (MAA) အတွင်းရေးမှူး ဦးသူရ အောင်ကမူ ‘‘ဟိုတယ်တွေဆက် ပြီး ဆောက်ခွင့်ပေးလိုက်ပြီဆိုရင် ဟိုတယ်တွေက ဆောက်မယ့်အ ညစ်အကြေးတွေ၊ စွန့်ပစ်မယ့်စနစ်က ရှိသေးတယ်။ အဲဒီဟိုတယ် တွေက ရှေးဟောင်းအမွေအနှစ် တွေကို တည်မြဲအောင် ဘယ် လောက် တာဝန်ခံမှုရှိမှာလဲဆိုတာ မေးခွန်းထုတ်ရမယ်’’ဟု ပြောသည်။

‘‘တော်တော်လေး စိတ်ပျက်ဖို့ကောင်းသွားပြီ။ လက်ရှိအနေ အထားထပ် ပိုပြီး ဘာမှထပ်တိုး ချဲ့ပြီး မလုပ်စေချင်တော့ဘူး။ ဟို တယ်တွေသာ ဆက်ပြီးခွင့်ပြုပေး လိုက်ရင်တော့ ပုဂံက ဆက်ပြီး ထိန်းဖို့သိမ်းဖို့ ခက်ခဲသွားမယ်ထင် တယ်။ ကျွန်တော်တို့ကတော့ ဒီ အမွေအနှစ်တွေနဲ့ပတ်သက်ပြီး ကျန်တဲ့သူတွေက နားမလည်ပေ မယ့် အမေစုတော့ နားလည်မယ် ထင်ခဲ့တာ။ အခု သူကိုယ်တိုင်က ဒီလိုဖြစ်နေတော့ ခက်သွားပြီ။ လုပ်ငန်းရှင်တွေက ပိုကြိုက်တာ ပေါ့’’ဟု ယဉ်ကျေးမှုဒေသ ဖော် ဆောင်ရေးအထောက်အကူပြု ကော်မတီ (ပုဂံ၊ ညောင်ဦး) အဖွဲ့ မှ ကိုနိုင်ထွန်းကပြောသည်။

လက်ရှိရှေးဟောင်း မြို့တော်ပုဂံတွင် ဟိုတယ် ၁၄၁ လုံးရှိပြီး အားလုံးနီးပါးရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း၌ရှိ နေသည်။ ၂၀၁၇ ဧပြီက ပုဂံမြို့ သစ်တောင်ဘက်နတ်ကြို့အိုင်ရွာသွားသည့်လမ်းမဘေးတွင် အခန်း ၃၄၀ ကျော်ပါရှိသောကြီးမားသည့် ဟိုတယ်အဆောက်အအုံ တည်ဆောက်ခဲ့သည်။

7Day

0 comments:

Post a Comment