Thursday, September 27, 2018

ကုလရုံးအဆောက်အဦရှေ့တွင် သမ္မတ မာဒူရိုကို ဗင်နီဇွဲလားနိုင်ငံသား ၂၀၀ ခန့် ဆန္ဒပြ


အမေရိကန်သံအမတ် နစ်ကီဟာလေရဲ့ ထောက်ခံမှုနဲ့ ဗင်နီဇွဲလားနိုင်ငံသား ၂၀၀ ခန့်ဟာ စက်တင်ဘာ ၂၇ ရက်နေ့က ကုလသမဂ္ဂ ရုံးအဆောက်အဦရှေ့မှာ စုဝေးကြပြီး ဗင်နီဇွဲလားသမ္မတ မာဒူရိုကို ဆန့်ကျင် ဆန္ဒပြခဲ့ပါတယ်။ 
အဲဒီဆန္ဒပြပွဲကို ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟာလေ လာရောက်ခဲ့ပါတယ်။ 

အဲဒီနောက် ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင်နဲ့ ကာရာကတ်စ် မြို့တော်ဝန်ဟောင်း အန်တိုနီယိုလက်ဒက်ဇ်မာကလည်း ဗင်နီဇွဲလားပြည်သူတွေရဲ့ ဒုက္ခကို ကမ္ဘာက သိနေကြောင်း ပြောခဲ့ပါတယ်။ 

စက်တင်ဘာ ၂၆ ရက်နေ့က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့အတူ ဗင်နီဇွဲလားသမ္မတ မာဒူရိုလည်း မိန့်ခွန်းပြောကြားခဲ့ပါတယ်။ 

အဲဒီနောက် ဗင်နီဇွဲလားနဲ့ အမေရိကန်ခေါင်းဆောင် နှစ်ဦးစလုံးဟာ တဦးကိုတဦး တွေ့ဆုံဖို့ ဆန္ဒရှိတယ်လို့ ပြောခဲ့ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။

DVB

0 comments:

Post a Comment