Thursday, September 27, 2018

ဘွက်ကြီးဆည်ရှောင် မိသားစုဝင်များအား တိုင်းလူကယ်ပြန်က ကျပ်၃၇ သိန်းကျော် ထောက်ပံ့




ဘွက်ကြီးရေလှောင်တမံရှိ မြေသားတမံနိမ့်ကျသဖြင့် နေရပ်စွန့်ခွာနေထိုင်သူများအား မကွေးတိုင်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနက မိုးကာစများနှင့်ကျပ် ၃၇ သိန်းကျော်ကို စက်တင်ဘာ ၂၆ ရက်က ထောက်ပံ့ပေးအပ်ခဲ့သည်။ 


စက်တင်ဘာ ၂ ရက်ကစ တင်ကာ ဘွက်ကြီးဆည်တာပေါင် အောက်ခြေနိမ့်ကျွံခဲ့မှု ဖြစ်စဉ် ကြောင့် ဆည်အောက်ပိုင်းကျေး ရွာများဖြစ်သည့် တံခွန်တိုင်၊ ဆင်တဲ၊ ဆင်ကျန်၊ အလယ်ရွာ၊ ကျားသေရွာနှင့် မောင်းမလှုပ် ကျေးရွာများမှ အိမ်ထောင်စု၄၉၀၊ လူ ၁,၇၉၅ ဦးမှာ ဘေးလွတ်ရာ ကုန်းမြင့်နေရာများသို့ ပြောင်းရွှေ့ နေရကြောင်း အောင်လံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန က သတင်းထုတ်ပြန်သည်။ 



အဆိုပါ ပြောင်းရွှေ့မှု ကြောင့် လိုအပ်သည့် အကူအညီ များပေးနိုင်ရန် အောင်လံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ကဦးဆောင်ကာ တိုင်းအစိုး ရထံသို့တင်ပြသဖြင့် ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနက အိမ်ထောင်စုတစ်စု လျှင် မိုးရေကာဖျင်တစ်ချပ်နှင့် လူတစ်ဦးလျှင် ကျပ်နှစ်ထောင့် တစ်ရာနှုန်းထောက်ပံ့သည်။ 



ထို့အပြင် ဘွက်ကြီးဆည်သည် အခြေအနေလုံးဝစိတ်ချရ၍ ဒေသခံများအဖို့ယခင်ကာလများ ကအတိုင်းပုံမှန်နေထိုင်ရန် ယင်း အခမ်းအနား၌ အောင်လံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော် ခိုင်ထွန်းကပြောကြားသည်။ 



‘‘ဘွက်ကြီးဆည်ရဲ့ ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းတွေ ကိုစဉ်ဆက်မပြတ်စောင့်ကြည့်နေသလို သက်ဆိုင်ရာဌာနတွေနဲ့ လည်း ပေါင်းစပ်ဆောင်ရွက်ခဲ့ပါတယ်။ အခုဆည်မြောင်းဌာနရဲ့ တင်ပြချက်အရ စိုးရိမ်စရာလုံးဝမရှိတော့အောင် အခြေအနေ ကောင်းမွန်ပြီဖြစ်ပါတယ်’’ ဟု ယင်းအခမ်းအနားတွင် ၎င်းက ပြောသည်။ 



ဆည်မြောင်းဌာနတင်ပြချက်အရ သက်ဆိုင်ရာကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများကို ရှင်းလင်းပြောကြားပြီး မိမိတို့ကျေးရွာများတွင် ဒေသခံများပြန်လည် နေထိုင်နိုင်ကြောင်း ၎င်းက ဆိုသည်။ 



ဘွက်ကြီးဆည်သည် စက်တင်ဘာ ၂ ရက်ကစတင်ကာ မြေ သားတမံအောက်ခြေတွင် မြေသားတာပေါင်နိမ့်ကျသဖြင့် အဆိုပါ တာပေါင်အောက်ခြေတွင် ထောက်ကန်ပေးမည့် မြေသား တာပေါင်တစ်ခုကို စက်တင်ဘာ ၂၀ ရက်က စတင်ဆောင်ရွက်ခဲ့ သည်။ 



စက်တင်ဘာ ၂၆ ရက်တွင် ယင်းမြေသားထောက်ကန်တာ ပေါင်လုပ်ငန်းပြီးစီးခဲ့သည့် အ ပြင်နိမ့်ကျွံကျခဲ့သည့် နေရာများ တွင် အကြီးစားပြင်ဆင်မှုများ စတင် ဆောင်ရွက်နေကြောင်း အောင်လံမြို့နယ် ဆည်မြောင်း ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။


7Day

0 comments:

Post a Comment