Tuesday, September 4, 2018

ဆရာအင်အား လုံလောက်မှုမရှိသောကြောင့် ဘူးသီးတောင်က မူလတန်းကျောင်း (ခွဲ) ကို ဆရာများ မခန့်ပေးနိုင်သေး


ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း စိတ္တရကျေးရွာတွင် မူလတန်းလွန်ကျောင်း(ခွဲ)အဖြစ် အစိုးရတရားဝင် အသိအမှတ်ပြုထားသည်မှာ(၃)နှစ်ကြာမြင့်နေပြီဖြစ်သော်လည်း ပညာရေးဌာနမှာ ဆရာ၊ဆရာမ အင်အားလုံလောက်စွာမရှိသောကြောင့် ဆရာ၊ဆရာမ ခန့်အပ်နိုင်ခြင်းမရှိဟု ဘူးသီးတောင်မြို့နယ် လက်ထောက် ပညာရေးမှူး ဦးတင်အောင်မိုးက ပြောသည်။ 
ယင်းကျောင်းတွင် ဆရာ၊ ဆရာမ မရှိသောကြောင့် ကျေးရွာ ဆယ်တန်းအောင် လူငယ်များကိုငှားပြီး စာသင်နေကြရသည်။ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၃၀) ဦး စာသင်ကြားလျက် ရှိသည်ဟု တရဂူကျေးရွာအုပ်ချုပ်ရေးမှူး ဦးနီလှမောင်က ဆိုသည်။ 

ပညာရေးမှူး ဦးတင်အောင်မိုးက “ဘူသီးတောင်မြို့နယ်မှာ ဆရာ၊ဆရာမ အင်အား မလုံလောက်တဲ့အတွက် ခန့်းပေးနိုင်ခြင်းမရှိသေးတာပါ။ မူလတန်း ကျောင်း(ခွဲ) ဆိုတော အနိမ့်ဆုံး အဆင့်ကျောင့်ခွဲးပါ ။ ကျောင်း(ခွဲ)မှာ အမှန်တကယ် ဆိုရင်တော့ ဆရာ/ဆရာမ (၂)ဦးခန့်ထားရမှာပါ ။အဲဒီ ကျေးရွာ က လျှောက်ထားတဲ့ နှစ်က မူလတန်းကျောင်း(ခွဲ) အဖြစ်သတ်မှတ်ပေးလိုက်တဲ့ ကျောင်းတွေ များသွားတဲ့ အတွက် ဆရာ/ဆရာမတွေ ခန့်ထားခြင်း မရှိနိုင်သေးပါဘူး”ဟု ပြောသည်။ 

ARSA အဖွဲ့၏ တိုက်ခိုက်ခဲ့မှုနောက်ပိုင်းမှာ လုံခြုံရေးစိုးရိမ်မှုကြောင့် ဆရာ၊ဆရာမပြောင်းရွှေ့မှုရှိလာသည်။ ယင်းကြောင့် ဆရာ၊ဆရာမ အင်အားမလုံလောက်ဟု ၎င်းကဆက်လက်ဆိုသည်။ 

တရဂူကျေးရွာအုပ်ချုပ်ရေးမှူး ဦးနီလှမောင်က " အစိုးရက တရားဝင် ဆရာ/ဆရာမတွေခန့်ထားပေးရင် ကလေးတွေပညာရေးပိုပြီးအဆင့်မြင့်လာမှာပါ ”ဟု ပြောသည်။ 

အစိုးရအနေဖြင့် ပျက်စီးနေသောကျောင်းကို ပြန်လည်ပြုပြင်ရန်နှင့် တရားဝင် ဆရာ၊ဆရာမများ ခန့်အပ်ပေးအပ် ရန်အတွက် ဒေသခံများက မျှော်လင့်နေကြသည်။

Development Media Group

0 comments:

Post a Comment