Friday, September 28, 2018

အီရန်နှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဆက်လုပ်ရန် အိန္ဒိယ ကတိပြု



အိန္ဒိယနိုင်ငံဟာ အီရန်နိုင်ငံကနေ ရေနံတင်ပို့မှုအပြင် စီးပွားရေး ပူးပေါင်းဆောင်ရွက်တာတွေ ဆက်လုပ်သွားဖို့ ကတိကဝတ် ပြုထားတယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီး ဂျဗက်ဇာရစ်က စက်တင်ဘာ ၂၆ ရက်မှာ ပြောပါတယ်။ 
နယူးယောက်မြို့က ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်ရင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးနဲ့ သီးခြားတွေ့ဆုံချိန်မှာ မစ္စတာ ဂျဗက်ဇာရစ်က အခုလို ပြောလိုက်တာပါ။ 

ဒါ့ပြင် အိန္ဒိယနိုင်ငံဟာ အီရန်နိုင်ငံနဲ့ နှစ်နိုင်ငံဆွေးနွေးပွဲတွေ ပြုလုပ်ပြီး ကုန်သွယ်ဘက် ဆက်ဆံရေး ဆက်ထားရှိသွားမယ်ဆိုတာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ပြောထားတယ်လို့ မစ္စတာဇာရစ်က ပြောပါတယ်။ 

အီရန်နိုင်ငံရဲ့ ရေနံတင်ပို့မှုကို ရပ်ဆိုင်းအောင် ပစ်မှတ်ထားတဲ့ စီးပွားရေး အရေးယူပိတ်ဆို့မှု အသစ်တွေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ချမှတ်ဖို့ ပြင်ဆင်နေချိန်မှာ အီရန်နဲ့ စီးပွားရေးဆက်ဆံမှု ဆက်ထိန်းသိမ်းမယ့် အိန္ဒိယရဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ 

ဓာတ်ပုံ – Reuters

DVB

0 comments:

Post a Comment