ကျပ်ငွေတန်ဖိုး ကျဆင်းမှုမရှိစေရေးနှင့် ငွေကြေး တည်ငြိမ်စေရေး ပြည်တွင်း၌ ကျပ် ငွေကိုသာ သုံးစွဲရန် သုံးကြိမ်တိုင် ညွှန်ကြားစာထုတ် တားမြစ်ခဲ့ သော်လည်း နိုင်ငံခြားငွေများ ဆက်လက်သုံးစွဲနေသဖြင့် အရေး ယူရန် စီစဉ်နေကြောင်း ဗဟိုဘဏ် က ပြောသည်။ နိုဝင်ဘာ ၂၀ ရက် တွင် ကျင်း ပသော အမျိုးသားလွှတ်တော် အစည်းအဝေး၌ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉) အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းက ‘နိုင်ငံငွေကြေး ပိုမိုခိုင် မာလာစေရန်နှင့် တရားမဝင် ငွေကြေးသုံးစွဲမှုများကို ထိန်းချုပ် နိုင်ရန် နိုင်ငံခြားသုံးငွေအား မြန်မာ နိုင်ငံတစ်ဝန်းလုံးတွင် ပြည်တွင်း ၌ ကျပ်ငွေအဖြစ်လဲလှယ်သုံးစွဲစေ ရန် တွန်းအားပေးမည့် အစီအမံ များရှိ၊ မရှိ’ မေးမြန်းခဲ့သည်။
ယင်းမေးခွန်းကို ဖြေကြား ရာတွင် မြန်မာနိုင်ငံတော် ဗဟို ဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ် က ခွင့်ပြုချက်မဲ့ နိုင်ငံခြားသုံးငွေ အသုံးပြုသူများကို အရေးယူရန် ပြင်ဆင်နေကြောင်း ပြောကြား သည်။
ပြည်တွင်း၌ အရောင်းအ ဝယ်ကိစ္စများနှင့်ငွေပေးချေမှုကိစ္စ များတွင် နိုင်ငံခြားသုံးငွေ(ကန် ဒေါ်လာ)ကို မသုံးစွဲဘဲ ကျပ်ငွေကို သာ သုံးစွဲရန် ၂၀၁၅ တွင် တစ်ကြိမ်၊ ၂၀၁၆ တွင် တစ်ကြိမ်နှင့် ယခု ၂၀၁၈ တွင် တစ်ကြိမ် သုံး ကြိမ်တိုင် ညွှန်ကြားခဲ့သော်လည်း လက်ရှိအချိန်အထိ အသုံးပြုနေ ဆဲဖြစ်ပြီး လိုက်နာမှုအားနည်းနေ သည်ဟု ၎င်းက ဆိုသည်။
ပြည်တွင်း၌ ကျပ်ငွေမသုံးဘဲ နိုင်ငံခြားငွေသုံးစွဲသူများကို မည် သို့ အရေးယူဆောင်ရွက်မည်၊ မည်သည့်ကာလက စ၍ အရေးယူ ဆောင်ရွက်မည် စသည့်အရေးယူ ဆောင်ရွက်မည့်အချက်အလက် များနှင့် ပတ်သက်ပြီး လက်ရှိအ ချိန်တွင် မပြောနိုင်သေးကြောင်း ဦးဘိုဘိုငယ်က ပြောသည်။
‘‘ပညာပေးကာလတစ်ခု သတ်မှတ်ပြီး လိုက်နာဆောင်ရွက် ခြင်းမရှိတဲ့သူတွေကို အရေးယူဖို့ စီစဉ်နေပါတယ်’’ဟု ၎င်းက ဆို သည်။
ထိုသို့ ပြည်တွင်း၌ ခွင့်ပြု ချက်မရှိဘဲ နိုင်ငံခြားသုံးငွေများ အသုံးပြုနေခြင်းကို ထိထိရောက် ရောက် အရေးယူနိုင်ရန် ၂၀၁၂ က ရေးဆွဲထားသည့် နိုင်ငံခြား သုံးငွေစီမံခန့်ခွဲမှုဥပဒေကို ပြန် လည်ပြင်ဆင်ဖြည့်စွက်နေပြီး ခိုင် ခိုင်မာမာဖြစ်စေရန် လုပ်ဆောင် နေကြောင်း ဦးဘိုဘိုငယ်က ပြော သည်။
‘‘အဓိကအချက်ကတော့ နိုင်ငံအတွင်းမှာ လုပ်တဲ့ ရောင်းဝယ် မှုတွေ ပြည်တွင်းငွေပဲဖြစ်ရမယ်’’ ဟု ၎င်းက ဆိုသည်။ အခြားသော ဥရောပ၊ အာရှနိုင်ငံများတွင် လည်း ပြည်တွင်း၌ ပြည်တွင်းသုံး ငွေကိုသာ သုံးစွဲရပြီး နိုင်ငံခြား သုံးငွေကိုသုံးစွဲမှုမရှိကြောင်း ၎င်းကဆိုသည်။
ပြည်တွင်း၌ နိုင်ငံခြားငွေသုံး စွဲနေခြင်းသည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေပုဒ်မ ၆၃ နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၈ ပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီ မှုမရှိကြောင်း ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ပြောသည်။ ယင်းဥပဒေများအရ နိုင်ငံခြားငွေကို သာမန်ကိစ္စများတွင် သုံးစွဲခွင့်မရှိ ဘဲ မဖြစ်မနေ နိုင်ငံခြားငွေသုံးစွဲ ရမည့် ကိစ္စရပ်များ ရှိလာပါက ဗဟိုဘဏ်၏ခွင့်ပြုချက်ရရှိမှသာ သုံးစွဲရမည်ဖြစ်သည်။
ပြည်တွင်းသုံးကျပ်ငွေတန် ဖိုး ကျဆင်းမှုမရှိစေရေး၊ ခိုင်မာမှု ရရှိစေရေး ပြည်တွင်း၌ နိုင်ငံခြား ငွေသုံးစွဲခြင်းကို ပိတ်ပင်မည့်အ ပြင် ‘‘အများကြီးကျယ်ပြန့်တဲ့ဒေါ် လာကို ပိတ်တာတစ်ခုတည်းနဲ့စာ ရင် ကျပ်ငွေရဲ့တန်ဖိုးခိုင်မာစေဖို့ အတွက် အကြောင်းအရာကို ရှာ ပြီး ကျွန်တော်တို့ တဖြည်းဖြည်း ဒါတွေကို ပပျောက်သွားအောင် လုပ်ရမှာဖြစ်ပါတယ်’’ဟု ဦးဘိုဘို ငယ်က ပြောသည်။
လက်ရှိတွင် ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ပြည်တွင်း၌ လာဖွင့်သည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံသည့် ကျောင်းများ၊ နိုင်ငံ ခြားသားများကို တိုက်ခန်းငှားရမ်း မှုများ၊ အမှတ်တရပစ္စည်းဆိုင် များ စသည်တို့တွင် မြန်မာကျပ် ငွေအစား နိုင်ငံခြားသုံးငွေများ အသုံးပြုနေကြောင်း ဗဟိုဘဏ် က ပြောသည်။
ယင်းအပြင် အစိုးရဝန်ကြီး ဌာနများ၏ မြေငှားရမ်းခြင်းများ၊ နိုင်ငံခြားနှင့် ဖက်စပ်ရင်းနှီးမြှုပ်နှံ မှုများ စသည့်လုပ်ငန်းများ၌လည်း အသုံးပြုခြင်းမရှိဘဲ နိုင်ငံခြားသုံး ငွေသာ အသုံးပြုနေသည်ကို တွေ့ရကြောင်း ဆိုသည်။
ယင်းကဲ့သို့ ပြည်တွင်း၌ နိုင် ငံခြားသုံးငွေ အသုံးပြုနေခြင်းကို တားမြစ်ခြင်းဖြင့် ပြည်တွင်း သုံးကျပ်ငွေတန်ဖိုးမြင့်တက်လာ မည့်အပြင် မြန်မာနိုင်ငံသို့ လာ ရောက်သည့် နိုင်ငံခြားသားများ အနေဖြင့် ကျပ်ငွေနှင့် လဲလှယ် ရမည်ဖြစ်သဖြင့် ငွေလဲလှယ်ရေး လုပ်ငန်းများ၏ဝင်ငွေလည်း တိုး လာမည်ဖြစ်ကြောင်း မေးခွန်းမေး မြန်းသူ ဦးစိုးသိန်းက ပြောသည်။
‘‘ပြည်တွင်းနေရာ တော် တော်များများမှာ နိုင်ငံခြားသုံးငွေ အမေရိကန်ဒေါ်လာကို မသိမသာ ရော သိသိသာသာပါ သုံးစွဲနေကြတာကို တွေ့ရပါတယ်’’ဟု ၎င်းက ဆိုသည်။
ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြား သုံးငွေအသုံးပြုနေသည့်လုပ်ငန်း များနှင့် နိုင်ငံခြားငွေကို ပေါက် ဈေးနှုန်းထက် ပိုမိုသောနှုန်းထား ဖြင့် တွက်ချက်ရယူသည့်လုပ်ငန်း များကို ကြပ်မတ်ကွပ်ကဲနိုင်ရန် ပြည်နယ်၊ တိုင်းအစိုးရအဖွဲ့များ နှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ် ကြောင်း ဦးဘိုဘိုငယ်က ပြော သည်။
7Day







0 comments:
Post a Comment