ဘာသာပေါင်းစုံငြိမ်းချမ်းရေးပွဲကို ယနေ့ (နိုဝင်ဘာ ၂၁ ရက်)တွင် နေပြည်တော်၌ကျင်းပမည်ဖြစ်ရာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးတို့ တက်ရောက်မိန့်ခွန်းပြောကြားရန်စီစဉ်ထား၍ ထိုမှတစ်ဆင့်တွေ့ဆုံဆွေးနွေးမှုများဖြစ်ပေါ်လာနိုင် ကြောင်း KNU ဗဟိုအလုပ်အမှုဆောင် ပဒိုမန်းငြိမ်းမောင်က ပြောသည်။
ဘာသာပေါင်းစုံငြိမ်းချမ်းရေးပွဲသို့ တက်ရောက်ရန် ဖိတ်ကြား၍ KNU ဥက္ကဋ္ဌ နေပြည်တော်သို့လာရောက်ခြင်းဖြစ်ပြီး ယင်းပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နှင့် တွေ့ဆုံနိုင် မည့်အခွင့်အလမ်းရှိသည်ဟု ၎င်းက ဆိုသည်။
‘‘အခွင့်အလမ်းတစ်ခုပဲဆို တော့ ကျွန်တော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တချို့အမြင်ကွဲလွဲ မှုတွေ၊ တစ်ဆို့မှုတွေကို သူတို့ တွေ့ကောင်း တွေ့နိုင်ပါလိမ့် မယ်။ ဒီအခွင့်အလမ်းတစ်ခုကို သူတို့အသုံးချချင်လည်း ချနိုင်ပါ လိမ့်မယ်’’ဟု ပဒိုမန်းငြိမ်းမောင် က နိုဝင်ဘာ ၂၀ ရက်တွင် ပြော သည်။ အဆိုပါအခမ်းအနားသို့ KNU အပြင် အခြား တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ ခေါင်း ဆောင်များလည်း တက်ရောက် မည်ဖြစ်သည်။
ဖွင့်ပွဲတွင် အစိုးရ၊ တပ်မ တော်နှင့် တိုင်းရင်းသားလက်နက် ကိုင်ခေါင်းဆောင်များ ခရီးသွား ဟန်လွဲတွေ့ဆုံရန်ရှိ၍ ထိုမှတစ် ဆင့် တွေ့ဆုံဆွေးနွေးမှုများ ရှိနိုင် သည်ဟု ပအိုဝ်းအဖွဲ့(PNLO)ဦး ဆောင်နာယက ဗိုလ်မှူးကြီး ခွန် ဥက္ကာက ပြောသည်။ နေပြည် တော်၌ နှစ်ရက်ကြာ ကျင်းပမည့် အဆိုပါအခမ်းအနားသည် အမျိုး သား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးပေါ်ထွန်းရေး ဘာ သာရေးခေါင်းဆောင်များက အကြံပြုမည့် ဆွေးနွေးပွဲစကားဝိုင်း ဖြစ်သည်ဟု ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့မှ ဦးအေးလွင် က ပြောသည်။
Tuesday, November 20, 2018
နိုင်ငံတော်အတိုင်ပင်ခံ၊ တပ်ချုပ်နှင့် KNU ဥက္ကဋ္ဌတို့ ယနေ့တွေ့ဆုံနိုင်ဖွယ်ရှိဟု KNU တာဝန်ရှိသူပြော
7Day
Subscribe to:
Post Comments (Atom)






0 comments:
Post a Comment