ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားသော အကြမ်းဖက်မှု ဖြစ်စဉ်အတွေ့အကြုံများအရ ဆို ရှယ်မီဒီယာစောင့်ကြည့်ရေးအဖွဲ့ ကို နိုင်ငံ့လုံခြုံရေးအတွက် ဥပဒေ နှင့်အညီ အရေးပေါ် ဖွဲ့စည်းခဲ့ ကြောင်း ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန် ကြီး ဦးကျော်မျိုးက ပြောသည်။
နိုဝင်ဘာ ၂၀ ရက် ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် ပြည်ခိုင်ဖြိုးအမတ် ဒေါက်တာ မောင်သင်းက ဆိုရှယ်မီဒီယာ စောင့်ကြည့်ရေးအတွက် ကျပ် သန်းပေါင်း ၆၄၂၆ သန်း သုံးစွဲ ခြင်းသည် မည်သူများက မည် သည့်ဥပဒေအရ မည်သည့်အ တိုင်းအတာအထိ မည်သို့သော အကြောင်းအရာများ စောင့်ကြည့် ၍ မည်သို့ အပြစ်ပေး၊ အရေးယူ မည်ဖြစ်ပြီး ဤလုပ်ငန်းစဉ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအ ဝင် တည်ဆဲဥပဒေများနှင့်ညီ ညွတ်မှုရှိ၊ မရှိနှင့် နိုင်ငံတော် သမ္မတရုံး၏အထူးရန်ပုံငွေသုံးစွဲမှု မူဝါဒနှင့်ကိုက်ညီခြင်းရှိ၊ မရှိ သိလိုကြောင်း မေးမြန်းခဲ့ရာ ဒုဝန်ကြီး ဦးကျော်မျိုးက လွှတ်တော်သို့ လာရောက်ရှင်းလင်းသည်။
ဆိုရှယ်မီဒီယာစောင့်ကြည့် ရေးအဖွဲ့သည် Facebook, Messenger, Twitter အစရှိသည့် Open Source ဟုခေါ်သည့် အများသူငါ ဝင်ရောက်ကြည့်ရှုနိုင် သည့် လူမှုကွန်ရက်များမှတစ်ဆင့် လူ ငယ်လူရွယ်များ အကျင့်စာရိတ္တ ပျက်ပြားစေမည့် (သို့မဟုတ်) နိုင်ငံတော်လုံခြုံရေး (သို့မဟုတ်) တရားဥပဒေစိုးမိုးရေးကို ထိပါး စေမည့် ပြုမူဆောင်ရွက်ချက်များ ကို စောင့်ကြည့်ဖော်ထုတ်မည်ဟု ဒုဝန်ကြီးက ဖြေကြားသည်။ ထိုသို့ ဖော်ထုတ်ကာ ပြည်သူလူထုအား ပညာပေးခြင်း၊ သတိပေးနှိုးဆော် ခြင်းနှင့် ဆိုရှယ်မီဒီယာဝန်ဆောင် မှုပေးသည့် ကုမ္ပဏီများနှင့် ပူး ပေါင်းညှိနှိုင်းခြင်း စသည်တို့ကို ဆောင်ရွက်နေပြီး တည်ဆဲဥပဒေ များနှင့် ငြိစွန်းသည့် ကိစ္စရပ်များ အတွက် သက်ဆိုင်ရာဝန်ကြီးဌာ န၊ အဖွဲ့အစည်းတို့က အရေးယူ ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိ နှိုင်းမည်ဟု ရှင်းပြသည်။
အဆိုပါကိစ္စနှင့်ပတ်သက် ပြီး ဒုဝန်ကြီးအား မီဒီယာများက မေးမြန်းရာ ‘‘ဒီကိစ္စက အရေးတ ကြီး စလုပ်တဲ့ဟာက တို့နိုင်ငံ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲပေါ့။ သဘောက ဒီအနောက်ဘက်မှာ ဖြစ်တဲ့ ပဋိပက္ခတွေ၊ အကြမ်းဖက် တိုက်ခိုက်မှုတွေက အဆုံး ဒီဟာ မှာ သူတို့က မက်ဆင်ဂျာတို့၊ တွစ် တာတို့ကနေ တစ်ဆင့် အကြမ်း ဖက်သမားတွေအချင်းချင်းဆက် သွယ်ပြီး ဆောင်ရွက်နေတယ်လို့ သတင်းအချက်အလက်ရတဲ့အ တွက် ဒီဟာကို အရေးပေါ်အနေ နဲ့ ဖြေရှင်းနိုင်ဖို့ စပြီး အဓိကရည် ရွယ်ချက်က ဒါပါပဲ’’ဟု ဖြေကြား သည်။
ဆိုရှယ်မီဒီယာစောင့်ကြည့် ရေးအဖွဲ့ ဖွဲ့စည်းပြီးချိန်ကစပြီး ယနေ့အထိ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆောင် ရွက်ခဲ့မှုများကို ပွင့်လင်းမြင်သာ စွာ ရှင်းလင်းနိုင်ခြင်းရှိ၊ မရှိ ဒေါက်တာမောင်သင်းက လွှတ်တော်သို့ ဆက်စပ်မေးခွန်းမေးမြန်းခဲ့သည်။ ယင်းနှင့်ပတ်သက်ပြီး ဒုဝန်ကြီးက ဆိုရှယ်မီဒီယာစောင့်ကြည့်ရေး အဖွဲ့ကို ၂၀၁၈ ဖေဖော်ဝါရီတွင် ဖွဲ့စည်းခဲ့ပြီး စက်ပစ္စည်းဝယ်ယူ တပ်ဆင်ခြင်း၊ လေ့ကျင့်သင်ကြား ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် စနစ်ကို စတင် အသုံးပြုနေကြောင်း ဖြေကြား သည်။ဆောင်ရွက်နေသည့် လုပ် ငန်းသည် နိုင်ငံတော်လုံခြုံရေးဆိုင် ရာအတွက် လွန်စွာ အရေးကြီး သည့်ကိစ္စဖြစ်၍ နိုင်ငံတော်အကြီး အကဲများ၏မူအရ ထိုက်သင့် သည့်အချိန်တွင် ထိုက်သင့်သည့် အတိုင်းအတာအထိသာ လွှတ် တော်သို့ အသိပေးနိုင်မည်ဟု ၎င်း က ဆိုသည်။ ဆိုရှယ်မီဒီယာစောင့် ကြည့်ရေးအဖွဲ့ (Social Media Monitoring Team)၏လုပ်ငန်း များ ဆောင်ရွက်ရန် နည်းပညာ နှင့် စက်ပစ္စည်းများ ဝယ်ယူရာတွင်နိုင်ငံတော်လုံခြုံရေး၊ ရပ်ရွာအေး ချမ်းတည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများကို လျင်မြန် စွာ အထောက်အကူပြုနိုင်ရေး အတွက် မသုံးစွဲလျှင်မဖြစ်သည့် အရေးပေါ် ကိစ္စရပ်ဖြစ်နေသော ကြောင့် အရေးပေါ်ရန်ပုံငွေမှ သုံး စွဲခဲ့ကြောင်းလည်း ဒုဝန်ကြီးက ရှင်းပြသည်။

7Day

0 comments:
Post a Comment