Thursday, November 1, 2018

အင်းစိန်ခုံးကျော်တံတားပေါ် YBS 16 ခရီးသည်တင် ကားမီးလောင်မှုဖြစ်ပွား




ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ် ခုံးကျော် တံတား ဗဟိုလမ်းဘက် အဆင်း၌ ယနေ့ နံနက် ၆ နာရီ ခွဲအချိန်ကYBS 16 ကား မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ 
ဖြစ်စဉ်မှာ ယာဉ်မောင်း ဦးစည်သူ မောင်းနှင်လာသည့် YBS 16 ကားသည် ခရီးသည် တင်ဆောင်ပြီး လှိုင်သာယာဘက်မှ မြောက်ဥက္ကလာပဘက်သို့ အသွား အင်းစိန် ခုံးကျော်တံတား အပေါ်အရောက် ဗဟိုလမ်းအဆင်းတွင် ကားအနောက်ဘက်ရှိ စက်ခန်းမှ ဝါယာရှော့ ဖြစ်ပြီး မီးလောင်ရာ အင်းစိန်မြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် ၃ စီးဖြင့် ငြိမ်းသက်ရာ နံနက် ၇ နာရီတွင် မီးငြိမ်းပြီး ခရီးသည်များ ဒဏ်ရာရရှိသူမရှိဘဲ (၃)သိန်းခန့် ဆုံးရှုံးခဲ့ပြီး အင်းစိန်မြို့နယ် မြို့မရဲစခန်းမှ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။ 

Myanmaalinn 


0 comments:

Post a Comment